Uncategorized

ဆေးဖိုးမတတ်နိုင်လို့မိခင်၏ အသက်အတွက် သူမရဲ့ အပျိုစင်ဘဝကို ရောင်းချသူ

အသက်၄၅နှစ်အရွယ်ရှိပြီဖြစ်တဲ့ Caoရဲ့အမေဟာ အရေပြားကင်ဆာရောဂါကို ခံစားနေရတာပါ။ Caoဟာ လယ်သမားမိသားစုကဖြစ်ပြီး Operation လုပ်ရမယ့် မိခင်ရဲ့ ဆေးဖိုးမတတ်နိုင်တဲ့အတွက် နောက်ဆုံး မဖြစ်မနေ တစ်ခုခုကို လုပ်ရတော့မှာပါ။

နောက်ဆုံး နည်းလမ်းရှာမရတော့တဲ့ အသက်၁၉နှစ်အရွယ် Cao ဟာသူအရမ်းချစ်ရတဲ့ မိခင်ကိုကယ်တင်ဖို့အတွက် Cao ဟာသူမကိုယ်သူမရောင်းမယ်ဆိုပြီး Wechatမှာ ကြေညာတင်ခဲ့ပါတယ်။

ဝယ်တဲ့သူခိုင်းသမျှလုပ်ပေးပါ့မယ်ဆိုပြီး ကတိပေးထားတဲ့ နောက်ဆုံးနည်းလမ်းကို အသုံးပြုခဲ့ပါတယ်။ Cao ရဲ့ ကြေညာဟာ နေ့ချင်းညချင်း နာမည်ကြီးခဲ့ပြီး ပါဝင်လှူဒါန်းလိုသူတွေ ပေါ်လာခဲ့ပါတယ်ပေါ်လာခဲ့ပါတယ်။

နောက်ဆုံးမှာတော့ အမည်မဖော်လိုသူ လူတစ်ဦးကကောင်မလေးအတွက် မိဘအပေါ်ထားတဲ့ မေတ္တာကိုဂုတ်ယူတဲ့အတွက် အလှုရှင်ပေါ်လာပြီး Cao ရဲ့ မိခင်ရဲ့ Operationကို အစအဆုံး တာဝန်ယူမယ်လို့ပြောကြားခဲ့ပြီးနောက် Caoဟာ သူမရဲ့ ကြေညာချက်ကို ရုပ်သိမ်းခဲ့ကြောင်းသိရှိရပါတယ်။

မိဘအပေါ်ထားတဲ့ မေတ္တာကြောင့် အစစအရာရာအဆင်ပြေသွားခဲ့တာပဲ ဖြစ်ပါတယ်။မိဘအပေါ် ကျေးဇူးသိတတ်တဲ့သူက ဘယ်တော့မှာ ဘေးမရောက်ဘူးဆိုတာ ဒီစာလေးနဲ့ သက်သေပြလိုက်ပါတယ်နော်..ပရိသတ်ကြီးလည်း လေးစားဂုဏ်ပြုတယ်ဆိုရင် like လေး လုပ်ပေးသွားကြပါအုံးနော်

Zawgyi






Credit