ပန္ေသပန္းညႇိဳး ႏွင့္ ကေလးမရပဲ ၿမဳံေနေသာအမ်ိဳးသမီးမ်ားအတြက္ သားသမီးထြန္းကားေစတဲ့ကၫြတ္ဥ
ပန္းေသေရာဂါ၊ ၿမဳံေနေသာ အမ်ိဳးသမီးမ်ား၊ ကာမဆႏၵ အားနည္းျခင္းမွအစ အိပ္မေပ်ာ္သူ၊ အစာအိမ္၊ေ လေရာဂါအဆုံး ကၫြတ္ဥကိုသုံး။ ကၫြတ္ ဥရွဥ့္မတက္ဥ.. အမ်ိဳးသမီးမ်ား သားသမီး မထြန္းကား ၿမဳံေနပါက ကၫြတ္ဥကို ပရႏၷဝါႏွင့္
တြဲဖက္၍ ေၾကာ္စားပါ။ အမ်ျိုးသားမ်ား ပန္းေသေရာဂါအတြက္ ကၫြတ္ဥ သတၱဳရည္ တစ္ခြက္ႏွင့္ ဖန္ခါးသီး တြဲဖက္ စားသုံးေပးပါက ေပ်ာက္ကင္း ခ်မ္းသာမည္။ ေသြးအန္ေရာဂါအတြက္… ကၫြတ္ဥကို ဆီးျဖဴသီးႏွင့္ ေရာစားေပးပါ။
ဝမ္းကိုက္ေရာဂါျဖစ္ေနလ်င္ ကၫြတ္ဥကို င႐ုတ္ေကာင္းႏွင့္ တြဲဖက္ စားသုံးေပးပါ။ အစာအိမ္ေရာဂါအတြက္… ကၫြတ္ဥကို ေထာပတ္ သၾကားႏွင့္ ေၾကာ္စားပါ။ အမ်ိဳးသမီးမ်ား ဓမၼတာ မမွန္ ထိန္က်န္ေနပါက… ကၫြတ္ဥ သတၱရည္ကို သၾကားႏွင့္ ေဖ်ာ္ ေသာက္ပါ။
အိမ္ေထာင္ရွင္ အမ်ိဳးသား/ အမ်ိဳးသမီးမ်ား ကာမဆႏၵ အားနည္းပါက ကၫြတ္ဥကို ႏွမ္းဆီႏွင့္ ေၾကာ္စားပါ။ ကၫြတ္ဥကို ေဗာက္ျမစ္ႏွင့္ တြဲဖက္၍ ေၾကာ္ခ်က္စားပါက… ေမထုန္သတၱိ အားနည္းျခင္းကို ပယ္ေဖ်ာက္၏။
ဆီးေရာဂါအတြက္ ကၫြတ္ဥကို ျမင္းခြာ႐ြက္ႏွင္ ေရာစပ္၍ ေၾကာ္စားပါ။ ေလပ်က္စီးျခင္းေၾကာင့္ ခႏၶာကိုယ္ ေကြးေကာက္ေသာေရာဂါ၊ ဇက္ခိုင္ေသာေရာဂါအတြက္… ကၫြတ္ဥကို ခ်င္းသတၱဳရည္၊ ႏို႔၊ ဆားအနည္းငယ္ ေရာစပ္ေသာက္ပါ။
ေသြးအားေကာင္းေစရန္ ကၫြတ္ဥကို ပုစြန္ႏွင့္ ေၾကာ္စားပါ။ စားေကာင္းအိပ္ေပ်ာ္ က်န္းမာဝၿဖိဳးရန္ ကၫြတ္ဥကို ငါးအသားျဖင္ ေၾကာ္ခ်က္စားပါ။ ကၫြတ္ဥကို ႏြားႏို႔ႏွင့္ ေသာက္ပါက… အသက္ရွည္ေစသည္။
ကၫြတ္ဥကို အေျခာက္လွန္း အမႈန္႔ျပဳ၍ ပ်ားရည္ႏွင့္ ေတၿပီး ေျပာင္းေစ့ခန္႔ လုံးထားကာ လုံၿခဳံေသာ ပုလင္းတြင္ ထည့္သိမ္းထားပါ။ အိပ္မေပ်ာ္ပါက… ႏွစ္လုံး မွ သုံးလုံးေသာက္ ဧကန္ အိပ္ေပ်ာ္၏။ ထို႔အျပင္ အင္အားနည္းသူမ်ားလည္း အားအင္ျပည့္ၿဖိဳး ခြန္အားဗလ တိုးေစပါသည္။
ခရက္ဒစ္#သမားေတာ္ႀကီးဦးေသာင္းေ႐ႊ
#ေလးစားစြာျဖင့္ ခရက္ဒစ္ ေပးပါသည္။ ျပန္လည္ မွ်ေ၀ျခင္း ျဖစ္ပါသည္။
Unicode
ပန်သေပန်းညှိုး နှင့် ကလေးမရပဲ မြုံနေသောအမျိုးသမီးများအတွက် သားသမီးထွန်းကားစေတဲ့ကညွတ်ဥ
ပန်းသေရောဂါ၊ မြုံနေသော အမျိုးသမီးများ၊ ကာမဆန္ဒ အားနည်းခြင်းမှအစ အိပ်မပျော်သူ၊ အစာအိမ်၊ေ လရောဂါအဆုံး ကညွတ်ဥကိုသုံး။ ကညွတ် ဥရှဉ့်မတက်ဥ.. အမျိုးသမီးများ သားသမီး မထွန်းကား မြုံနေပါက ကညွတ်ဥကို ပရန္နဝါနှင့်
တွဲဖက်၍ ကြော်စားပါ။ အမျြိုးသားများ ပန်းသေရောဂါအတွက်… ကညွတ်ဥ သတ္တုရည် တစ်ခွက်နှင့် ဖန်ခါးသီး တွဲဖက် စားသုံးပေးပါက ပျောက်ကင်း ချမ်းသာမည်။ သွေးအန်ရောဂါအတွက်… ကညွတ်ဥကို ဆီးဖြူသီးနှင့် ရောစားပေးပါ။
ဝမ်းကိုက်ရောဂါဖြစ်နေလျင်… ကညွတ်ဥကို ငရုတ်ကောင်းနှင့် တွဲဖက် စားသုံးပေးပါ။ အစာအိမ်ရောဂါအတွက် ကညွတ်ဥကို ထောပတ် သကြားနှင့် ကြော်စားပါ။ အမျိုးသမီးများ ဓမ္မတာ မမှန် ထိန်ကျန်နေပါက… ကညွတ်ဥ သတ္တရည်ကို သကြားနှင့် ဖျော် သောက်ပါ။
အိမ်ထောင်ရှင် အမျိုးသား/ အမျိုးသမီးများ ကာမဆန္ဒ အားနည်းပါက ကညွတ်ဥကို နှမ်းဆီနှင့် ကြော်စားပါ။ ကညွတ်ဥကို ဗောက်မြစ်နှင့် တွဲဖက်၍ ကြော်ချက်စားပါက… မေထုန်သတ္တိ အားနည်းခြင်းကို ပယ်ဖျောက်၏။
ဆီးရောဂါအတွက် ကညွတ်ဥကို မြင်းခွာရွက်နှင် ရောစပ်၍ ကြော်စားပါ။ လေပျက်စီးခြင်းကြောင့် ခန္ဓာကိုယ် ကွေးကောက်သောရောဂါ၊ ဇက်ခိုင်သောရောဂါအတွက်… ကညွတ်ဥကို ချင်းသတ္တုရည်၊ နို့၊ ဆားအနည်းငယ် ရောစပ်သောက်ပါ။
သွေးအားကောင်းစေရန် ကညွတ်ဥကို ပုစွန်နှင့် ကြော်စားပါ။ စားကောင်းအိပ်ပျော် ကျန်းမာဝဖြိုးရန် ကညွတ်ဥကို ငါးအသားဖြင် ကြော်ချက်စားပါ။ ကညွတ်ဥကို နွားနို့နှင့် သောက်ပါက… အသက်ရှည်စေသည်။
ကညွတ်ဥကို အခြောက်လှန်း အမှုန့်ပြု၍ ပျားရည်နှင့် တေပြီး ပြောင်းစေ့ခန့် လုံးထားကာ လုံခြုံသော ပုလင်းတွင် ထည့်သိမ်းထားပါ။ အိပ်မပျော်ပါက… နှစ်လုံး မှ သုံးလုံးသောက် ဧကန် အိပ်ပျော်၏။ ထို့အပြင် အင်အားနည်းသူများလည်း အားအင်ပြည့်ဖြိုး ခွန်အားဗလ တိုးစေပါသည်။
ခရက်ဒစ်#သမားတော်ကြီးဦးသောင်းရွှေ
#လေးစားစွာဖြင့် ခရက်ဒစ် ပေးပါသည်။ ပြန်လည် မျှဝေခြင်း ဖြစ်ပါသည်။