ေတြ႕ဖူးသူနည္းၿပီး ထူးဆန္းတဲ့ ငါးေပါက္သီး ဆိုတာ..
ေတြ႕ျမင္ရဖို႔ မလြယ္ကူတဲ့ ငါးေပါက္သီး ဆိုတာ ကခ်င္ျပည္နယ္ ေရာက္ၿပီးဆိုတာနဲ႔ နန္းစီေအာင္၊ ေမာ္လူး၊ ေမာ္ဟန္၊ ကာဒူ၊ မိုးညႇင္း၊ ေတာင္နီ၊ ဆားေမွာ္၊ မိုးေကာင္း၊ မရမ္း ရထားလမ္း ကားလမ္းတစ္ေလွ်ာက္ ငါးေပါက္သီးငါးေပါက္ဆံ ငါးေပါက္ယိုေတြ လႈိင္လႈိင္ေရာင္းခ်ေနတာ ေရာက္ဖူးသူတိုင္းသိပါတယ္။
ဒီႏွစ္ ငါးေပါက္သီးထြက္တဲ့ေတာေတြ႕မွာ ေတာျပဳန္း ေနတာေတြ ရာသီဥတု မမွန္တာေတြေၾကာင့္ ငါးေပါက္သီး မထြက္ရွိပါ။ အခ်ိဳ႕ ငါးေပါက္သီး ထြက္တဲ့ေတာေတြမွာ “မိုင္း” ေတြ ေပါမ်ားတာေၾကာင့္ ငါးေပါက္သီး အသီးေကာက္သူတို႔ မသြားရဲေတာ့ပါ။
ငါးေပါက္သီး ဟာ ေတာ္သလင္း သီးတင္းကြၽတ္မွာ လႈိင္လႈိင္ထြက္ရွိေပမယ့္ ယခုအခါ ငါးေပါက္သီးယိုလုပ္ငန္း လုပ္ကိုင္ေနသူတို႔ ကုန္ၾကမ္းလုံးဝ မရသျဖင့္ ယခုႏွစ္ဟာ သူတို႔အဖို႔ဝမ္းေရး မလြယ္ကူတာအမွန္ပါ။
ငါးေပါက္သီးပင္အေၾကာင္းကို မိတ္ေဆြတဦးက ေမးလာပါသည္၊ က်ေနာ္သိသမွ် ေလ့လာထားသမွ်ျပန္လည္ တင္ျပမိပါတယ္၊ လိုအပ္ခ်က္ရွိလွ်င္ မွားလွ်င္လည္းျပင္ေပးပါရန္ေမတၱာရပ္ခံပါတယ္၊
ဒီအပင္ႀကီးေတြဟာ အလြန္မွႀကီးမားပါတယ္ ပုံမွာ ထိမ္းသိမ္းထားေသာ အပင္ႀကီးေတြအ႐ြယ္အစားကိုျမင္ၾကရမွာပါ၊ လူတေယာက္အ႐ြယ္နဲ႔ အပင္အ႐ြယ္ ႏႈိင္းၾကည့္ပါက အံၾသဖြယ္ရာပါ၊
ကခ်င္ျပည္ဖက္မွာ ဒီေလာက္ႀကီးေသာအပင္ေတြ႕ရဖို႔ ခက္မည္ထင္ပါတယ္၊ ငါးေပါက္သီးပင္ေတြရဲ႕မ်ိဳးရင္းက လူတိုင္းရင္းႏွီးၿပီးသား သရက္မ်ိဳးရင္း Anarcardiaceae ထဲကျဖစ္ပါတယ္ ၊ အ႐ြယ္ေရာက္ေနေသာ ငါးေပါက္၊အပင္ႀကီးအ႐ြယ္က ၅၅မီတာ အထိျမင့္ပါတယ္။
အပင္ႀကီးေတြက အၿမဲစိမ္းေသာ evergreen trees ႀကီးမ်ားျဖစ္ပါတယ္၊ အ႐ြက္ေတြက alternate ႐ြက္လႊဲထြက္ၾကပါတယ္။ ႐ြက္မႊာ မစုံေသာ ႐ြက္ေပါင္း imparipinnate compound ျဖစ္ၿပီး ႐ြက္မႊာ leaflets ၁၀ ႐ြက္ခန႔္ပါသည္၊ ႐ြက္သားေျပာင္လက္ပါတယ္၊ ၿပီးေတာ့ မေဟာ္ဂနီပင္ ၏ အ႐ြက္ႏွင့္ဆင္လွတယ္။
ပန္းခိုင္ inflorescences က terminal ထိပ္ထြက၊ axillary ၾကားထြက္ paniculate cyme ျဖစ္တယ္၊ ပန္းပြင့္မ်ားက bisexual လိင္စုံ၊ ရနံ႔သင္းၿပီး အျဖဴေရာင္ စိမ္းေျဖာ့ေျဖာ့ အေရာင္ရွိၾကတယ္။
အသီးက အတြင္းခြံမာသီး အမ်ိဳးအစား drupe ျဖစ္ၿပီး အတြင္းထဲမွာ သစ္သားလိုမာေသာ woody endocarp ပါရွိပါတယ္၊ အတြင္းထဲမွာေတာ တြဲလ်ားက်ေနေသာအေစ့မ်ား pendulous seed ရွိသည္၊ ပန္းေတြကို Aug ကေန Sept အထိပြင့္ၾကတယ္၊
ငါးေပါက္သီးပင္ဟာ သက္တန္း ၁၅ ႏွစ္ေက်ာ္မွသာ အသီးအားေကာင္းၿပီး တန္းဝင္ အပင္ျဖစ္လာပါတယ္၊ သူ႔သစ္သားဟာ အရည္အေသြးေကာင္းၿပီး မေဟာ္ဂနီပင္ လိုတန္ဖိုးရွိလွပါတယ္၊
ေဒသခံမ်ားက သစ္အတြက္သာမက ထင္း အျဖစ္ခုတ္လွဲပစ္တာမို႔ ငါးေပါက္သီးပင္ေတြ တျဖည္းျဖည္း ရွားပါးလာပါတယ္၊ ငါးေပါက္သီးကို ယခင္လိုေပါေပါမ်ားမ်ား မရေတာ့ဘဲ စိုက္ပ်ိဳးထားသူမ်ားကဆီကသာရရွိပါေတာ့တယ္၊
ငါးေပါက္သီးပင္က ၃ ႏွစ္သာတႀကိမ္သီးပါတယ္၊ ငါးေပါက္သီးေကာက္လွ်င္ ဝက္ဝံမ်ားကိုအထူး သတိထားရတယ္၊ သူတို႔ဟာ ငါးေပါက္သီးကိုအလြန္ႀကိဳက္ၾကတယ္ (ref. ThetWin Tun)
ငါးေပါက္သီး အဆံပါေသာေနရာသည္ အေပါက္ ၅ ေပါက္ရွိၿပီး အေစ့တည္ေနပုံက ဘုရားငါးဆူေပၚေပါက္လာပုံႏွင့္ဆင္ေသာေၾကာင့္ ငါးဆူသီးလည္းေခၚၾကတယ္၊ ေတာသစ္ၾကားလို႔ေခၚတာကေတာ့ ငါးေပါက္သီးအဆန္ဟာ သစ္ၾကားသီးအဆံလို ခ်ိဳဆိမ့္ေသာေသာ အရသာရွိေသာေၾကာင့္ျဖစ္မည္၊
ငါးေပါက္သီးအဆံမ်ားကို ထုတ္ယူၿပီး ေနလွမ္းကာ ရလာေသာအဆံမ်ားကို ႏို႔မႈန႔္၊ သၾကား၊ အုံးသီး၊ ေထာပတ္တို႔ျဖင့္ ယိုထိုးေရာင္းခ်ၾကတယ္၊ ေနလွမ္းၿပီး အတြင္းက အဆံေလးကို သြားၾကားထိုးတန္ေလးနဲ႔ထုတ္ယူရတာမို႔ အလြန္လက္ဝင္လွတဲ့အသီးပါ၊
အသီးကို ဓါးနဲ႔ခုတ္ရင္ အခန႔္မသင့္ရင္ မၾကာမၾကာ လက္ကိုဓါးထိတတ္ပါေသးတယ္၊ ငါးေပါက္သီးအဆံေလးေတြကို သီးသန႔္ထုတ္ယူၿပီး ဗူးေလးမ်ားနဲ႔ ထည့္လို႔ေရာင္းၾကတယ္၊ အိမ္အျပန္လက္ေဆာင္အတြက္ မ်က္ႏွာပန္းလွလြန္းေသာ ကခ်င္ျပည္ရဲ႕ အထူးလက္ေဆာင္ပါ၊
ကခ်င္ျပည္နယ္ မိုးညႇင္း ေဒသထြက္ ငါးေပါက္သီးအဆံ၊ ငါးေပါက္ယို မုန႔္မ်ားကို အိမ္အျပန္လက္ေဆာင္ဝယ္ယူေလ့ရွိပါတယ္၊ အညာသူ အညာသား က်ေနာ္တို႔ကေတာ့ ငယ္ငယ္တုံးက အေမေကြၽးလို႔ တခါလား စားဖူးခပါတယ္၊ ယခုအခ်ိန္ထိေတာ မစားရေတာ့ပါ၊ ဘာပဲဆိုဆို ငယ္ငယ္က စားခဲ့ရေသာ အသီးအဆံအရသာကို မွတ္မိပါေသးတယ္၊
ကဲ မိတ္ေဆြမ်ားေရာ ငါးေပါက္သီးအဆံစားဖူးပါရဲ႕လား..?
ေရးသားသူ – သက္ႏိုင္ဦး (မုံ႐ြာတကၠသိုလ္)
Unicode Version
တွေ့ဖူးသူနည်းပြီး ထူးဆန်းတဲ့ ငါးပေါက်သီး ဆိုတာ..
တွေ့မြင်ရဖို့ မလွယ်ကူတဲ့ ငါးပေါက်သီး ဆိုတာ ကချင်ပြည်နယ် ရောက်ပြီးဆိုတာနဲ့ နန်းစီအောင်၊ မော်လူး၊ မော်ဟန်၊ ကာဒူ၊ မိုးညှင်း၊ တောင်နီ၊ ဆားမှော်၊ မိုးကောင်း၊ မရမ်း ရထားလမ်း ကားလမ်းတစ်လျှောက် ငါးပေါက်သီးငါးပေါက်ဆံ ငါးပေါက်ယိုတွေ လှိုင်လှိုင်ရောင်းချနေတာ ရောက်ဖူးသူတိုင်းသိပါတယ်။
ဒီနှစ် ငါးပေါက်သီးထွက်တဲ့တောတွေ့မှာ တောပြုန်း နေတာတွေ ရာသီဥတု မမှန်တာတွေကြောင့် ငါးပေါက်သီး မထွက်ရှိပါ။ အချို့ ငါးပေါက်သီး ထွက်တဲ့တောတွေမှာ “မိုင်း” တွေ ပေါများတာကြောင့် ငါးပေါက်သီး အသီးကောက်သူတို့ မသွားရဲတော့ပါ။
ငါးပေါက်သီး ဟာ တော်သလင်း သီးတင်းကျွတ်မှာ လှိုင်လှိုင်ထွက်ရှိပေမယ့် ယခုအခါ ငါးပေါက်သီးယိုလုပ်ငန်း လုပ်ကိုင်နေသူတို့ ကုန်ကြမ်းလုံးဝ မရသဖြင့် ယခုနှစ်ဟာ သူတို့အဖို့ဝမ်းရေး မလွယ်ကူတာအမှန်ပါ။
ငါးပေါက်သီးပင်အကြောင်းကို မိတ်ဆွေတဦးက မေးလာပါသည်၊ ကျနော်သိသမျှ လေ့လာထားသမျှပြန်လည် တင်ပြမိပါတယ်၊ လိုအပ်ချက်ရှိလျှင် မှားလျှင်လည်းပြင်ပေးပါရန်မေတ္တာရပ်ခံပါတယ်၊
ဒီအပင်ကြီးတွေဟာ အလွန်မှကြီးမားပါတယ် ပုံမှာ ထိမ်းသိမ်းထားသော အပင်ကြီးတွေအရွယ်အစားကိုမြင်ကြရမှာပါ၊ လူတယောက်အရွယ်နဲ့ အပင်အရွယ် နှိုင်းကြည့်ပါက အံသြဖွယ်ရာပါ၊
ကချင်ပြည်ဖက်မှာ ဒီလောက်ကြီးသောအပင်တွေ့ရဖို့ ခက်မည်ထင်ပါတယ်၊ ငါးပေါက်သီးပင်တွေရဲ့မျိုးရင်းက လူတိုင်းရင်းနှီးပြီးသား သရက်မျိုးရင်း Anarcardiaceae ထဲကဖြစ်ပါတယ် ၊ အရွယ်ရောက်နေသော ငါးပေါက်၊အပင်ကြီးအရွယ်က ၅၅မီတာ အထိမြင့်ပါတယ်။
အပင်ကြီးတွေက အမြဲစိမ်းသော evergreen trees ကြီးများဖြစ်ပါတယ်၊ အရွက်တွေက alternate ရွက်လွှဲထွက်ကြပါတယ်။ ရွက်မွှာ မစုံသော ရွက်ပေါင်း imparipinnate compound ဖြစ်ပြီး ရွက်မွှာ leaflets ၁၀ ရွက်ခန့်ပါသည်၊ ရွက်သားပြောင်လက်ပါတယ်၊ ပြီးတော့ မဟော်ဂနီပင် ၏ အရွက်နှင့်ဆင်လှတယ်။
ပန်းခိုင် inflorescences က terminal ထိပ်ထွက၊ axillary ကြားထွက် paniculate cyme ဖြစ်တယ်..၊ ပန်းပွင့်များက bisexual လိင်စုံ၊ ရနံ့သင်းပြီး အဖြူရောင် စိမ်းဖြော့ဖြော့ အရောင်ရှိကြတယ်။
အသီးက အတွင်းခွံမာသီး အမျိုးအစား drupe ဖြစ်ပြီး အတွင်းထဲမှာ သစ်သားလိုမာသော woody endocarp ပါရှိပါတယ်၊ အတွင်းထဲမှာတော တွဲလျားကျနေသောအစေ့များ pendulous seed ရှိသည်၊ ပန်းတွေကို Aug ကနေ Sept အထိပွင့်ကြတယ်၊
ငါးပေါက်သီးပင်ဟာ သက်တန်း ၁၅ နှစ်ကျော်မှသာ အသီးအားကောင်းပြီး တန်းဝင် အပင်ဖြစ်လာပါတယ်၊ သူ့သစ်သားဟာ အရည်အသွေးကောင်းပြီး မဟော်ဂနီပင် လိုတန်ဖိုးရှိလှပါတယ်၊
ဒေသခံများက သစ်အတွက်သာမက ထင်း အဖြစ်ခုတ်လှဲပစ်တာမို့ ငါးပေါက်သီးပင်တွေ တဖြည်းဖြည်း ရှားပါးလာပါတယ်၊ ငါးပေါက်သီးကို ယခင်လိုပေါပေါများများ မရတော့ဘဲ စိုက်ပျိုးထားသူများကဆီကသာရရှိပါတော့တယ်၊
ငါးပေါက်သီးပင်က ၃ နှစ်သာတကြိမ်သီးပါတယ်၊ ငါးပေါက်သီးကောက်လျှင် ဝက်ဝံများကိုအထူး သတိထားရတယ်၊ သူတို့ဟာ ငါးပေါက်သီးကိုအလွန်ကြိုက်ကြတယ် (ref. ThetWin Tun)
ငါးပေါက်သီး အဆံပါသောနေရာသည် အပေါက် ၅ ပေါက်ရှိပြီး အစေ့တည်နေပုံက ဘုရားငါးဆူပေါ်ပေါက်လာပုံနှင့်ဆင်သောကြောင့် ငါးဆူသီးလည်းခေါ်ကြတယ်၊ တောသစ်ကြားလို့ခေါ်တာကတော့ ငါးပေါက်သီးအဆန်ဟာ သစ်ကြားသီးအဆံလို ချိုဆိမ့်သောသော အရသာရှိသောကြောင့်ဖြစ်မည်၊
ငါးပေါက်သီးအဆံများကို ထုတ်ယူပြီး နေလှမ်းကာ ရလာသောအဆံများကို နို့မှုန့်၊ သကြား၊ အုံးသီး၊ ထောပတ်တို့ဖြင့် ယိုထိုးရောင်းချကြတယ်၊ နေလှမ်းပြီး အတွင်းက အဆံလေးကို သွားကြားထိုးတန်လေးနဲ့..ထုတ်ယူရတာမို့ အလွန်လက်ဝင်လှတဲ့အသီးပါ၊
အသီးကို ဓါးနဲ့ခုတ်ရင် အခန့်မသင့်ရင် မကြာမကြာ လက်ကိုဓါးထိတတ်ပါသေးတယ်၊ ငါးပေါက်သီးအဆံလေးတွေကို သီးသန့်ထုတ်ယူပြီး ဗူးလေးများနဲ့ ထည့်လို့ရောင်းကြတယ်၊ အိမ်အပြန်လက်ဆောင်အတွက် မျက်နှာပန်းလှလွန်းသော ကချင်ပြည်ရဲ့ အထူးလက်ဆောင်ပါ၊
ကချင်ပြည်နယ် မိုးညှင်း ဒေသထွက် ငါးပေါက်သီးအဆံ ၊ ငါးပေါက်ယို မုန့်များကို အိမ်အပြန်လက်ဆောင်ဝယ်ယူလေ့ရှိပါတယ်၊ အညာသူ အညာသား ကျနော်တို့ကတော့ ငယ်ငယ်တုံးက အမေကျွေးလို့ တခါလား စားဖူးခပါတယ်၊ ယခုအချိန်ထိတော မစားရတော့ပါ၊ ဘာပဲဆိုဆို ငယ်ငယ်က စားခဲ့ရသော အသီးအဆံအရသာကို မှတ်မိပါသေးတယ်၊
ကဲ မိတ်ဆွေများရော ငါးပေါက်သီးအဆံစားဖူးပါရဲ့လား..?
ရေးသားသူ – သက်နိုင်ဦး (မုံရွာတက္ကသိုလ်)