Uncategorized

မီးပ်က္ခ်ိန္မွာ ဖုန္းလိုင္းေတြပါ ျပတ္ေတာက္နိုင္တယ္လို႔ ေအာ္ပေရတာေတြ သတိေပး

လၽွပ္စစ္မီး မရခ်ိန္မွာ ဖုန္းလိုင္းေတြပါ ယာယီျပတ္ေတာက္နိုင္တယ္လို႔ ေအာ္ပေရတာေတြ သတိေပး

ျမန္မာနိုင္ငံအႏွံ ဒီကေန႔ မတ္လ ၁၂ ရက္ေန႔က ၁၈ ရက္ေန႔အထိ ေနရာအခ်ိဳ႕မွာ ၂၄ နာရီအၾကာထိ လၽွပ္စစ္မီးျပတ္ေတာက္ပါက ဆက္သြယ္ေရးဖုန္းလိုင္းေတြပါ ယာယီျပတ္ေတာက္မႈေတြ ျဖစ္လာနိုင္တယ္လို႔ ဆယ္သြယ္ေရးေအာ္ပေရတာေတြက သတိေပးစာေတြကို သုံးစြဲသူေတြကို ေပးပို႔ခဲ့ပါတယ္

ေနရာအခ်ိဳ႕တြင္ လၽွပ္စစ္ဓါတ္အားေပးလႊတ္မႈကို မတ္လ ၁၂ ရက္ မွ ၁၈ ရက္အထိ အခ်ိန္ပိုင္း ေလၽွာ့ခ်သြားမည္ကို တာဝန္ရွိသူမ်ားမွ အသိေပးထားသည္ႏွင့္အညီ ျဖစ္လာနိုင္သည့္ ဆိုးက်ိဳးသက္ေရာက္မႈမ်ားကို

တယ္လီေနာျမန္မာအေနျဖင့္ အတတ္နိုင္ဆုံး ေလၽွာ့ခ်လုပ္ေဆာင္သြားမည္။ ထိုကာလတြင္းယာယီခဏ ဆက္သြယ္ေရးအခက္အခဲမ်ားရွိနိုင္ေသာေၾကာင့္အဆင္မေျပမႈမ်ားအတြက္ နားလည္ေပးပါရန္ေမတၱာရပ္ခံပါသည္ လို႔ တယ္လီေနာျမန္မာက သုံးစြဲသူေတြကို စာေတြေပးပို႔ထားပါတယ္။

လၽွပ္စစ္မီးျပတ္ေတာက္ခ်ိန္မွာ ဆက္သြယ္ေရးတာဝါတိုင္ေတြမွာ မီးစက္ေတြ ထားရွိေပမယ့္ စက္သုံးဆီေစ်းႏႈန္းျမင့္တက္ေနတာေၾကာင့္ ဆက္သြယ္ေရး ယာယီျဖတ္ေတာက္ထားဖို႔ သတိေပးတာျဖစ္တယ္လို႔ ေအာ္ရီဒူးျမန္မာက အမည္မေဖာ္လိုသူ ဝန္ထမ္းတစ္ဦးက ေျပာပါတယ္။

ၿမိဳ႕ေပၚတာဝါတိုင္ေတြမွာက ေနရာတိုင္း မီးစက္နဲ႔မေမာင္းနိုင္ေတာ့ လိုင္းနည္းက်မယ္ လိုင္းျပတ္တဲ့အထိေတာ့ မျဖစ္နိုင္ဘူး၊ နယ္ေတြမွာကေတာ့ ဆိုလာသုံးတဲ့ တိုင္ေတြလည္းရွိတယ္

မ်ားေသာအားျဖင့္ မီးစက္နဲ႔ပဲ အျမဲေမာင္းၿပီး တိုင္ကိုမီးေပးတာမ်ားပါတယ္၊ အဲ့လိုေနရာေတြဆိုရင္ အခ်ိန္ပိုင္းအလိုက္ တိုင္အလိုက္ အဖြင့္အပိတ္လုပ္ၿပီးေပးေနၾကရၿပီ လို႔ ေအာ္ရီဒူးျမန္မာက အမည္မေဖာ္လိုသူ ဝန္ထမ္းတစ္ဦးက ေျပာပါတယ္။

ၿမိဳ႕ေပၚေနရာအမ်ားစုမွာ အင္တာနက္လိုင္းေတြလည္း က်ဆင္းေနၿပီး သက္ဆိုင္ရာ ကုမၸဏီေတြကို ဆက္သြယ္အေၾကာင္းၾကားေပမဲ့ တာဝန္ယူေျဖရွင္းေပးတာမရွိဘူးလို႔ သိရပါတယ္။

အင္တာနက္လိုင္းက က်ေနတဲ့အခ်ိန္မ်ားတယ္ 5Mb တပ္ထားတာ 1Mb ေတာင္ မရလို႔ ေျပာလည္း မသိခ်င္ေယာင္ေဆာင္ေနတယ္၊ မီးပ်က္ခ်ိန္ၾကာသြားရင္ကိုယ္ကသာ

အိမ္မွာ ပါဝါဘန႔္နဲ႔ တြဲထားတာ၊ လိုင္းကက်ေနၿပီး ဘာမွသုံးမရဘူး၊ အရင္ကဆို ဖုန္းဆက္တာနဲ႔ ျပင္ေပးတယ္၊ အခုက တာဝန္ယူမႈ ဘယ္ကမွ မရွိၾကဘူး လို႔ ရန္ကုန္ၿမိဳ႕ခံ တစ္ဦးကေျပာပါတယ္။

စစ္အုပ္စုက အာဏာသိမ္းၿပီးေနာက္ ျမန္မာနိုင္ငံအတြင္း အဖက္ဖက္က ယိုယြင္းက်ဆင္းလာခဲ့ကာ ရန္ကုန္ၿမိဳ႕ေပၚမွာ ေရရွားပါးျပတ္လပ္မႈေတြကို ရင္ဆိုင္လာေနရပါတယ္။ Delta News Agency

==============

လျှပ်စစ်မီး မရချိန်မှာ ဖုန်းလိုင်းတွေပါ ယာယီပြတ်တောက်နိုင်တယ်လို့ အော်ပရေတာတွေ သတိပေး

မြန်မာနိုင်ငံအနှံ ဒီကနေ့ မတ်လ ၁၂ ရက်နေ့က ၁၈ ရက်နေ့အထိ နေရာအချို့မှာ ၂၄ နာရီအကြာထိ လျှပ်စစ်မီးပြတ်တောက်ပါက ဆက်သွယ်ရေးဖုန်းလိုင်းတွေပါ ယာယီပြတ်တောက်မှုတွေ ဖြစ်လာနိုင်တယ်လို့ ဆယ်သွယ်ရေးအော်ပရေတာတွေက သတိပေးစာတွေကို သုံးစွဲသူတွေကို ပေးပို့ခဲ့ပါတယ်

နေရာအချို့တွင် လျှပ်စစ်ဓါတ်အားပေးလွှတ်မှုကို မတ်လ ၁၂ ရက် မှ ၁၈ ရက်အထိ အချိန်ပိုင်း လျှော့ချသွားမည်ကို တာဝန်ရှိသူများမှ အသိပေးထားသည်နှင့်အညီ ဖြစ်လာနိုင်သည့် ဆိုးကျိုးသက်ရောက်မှုများကို

တယ်လီနောမြန်မာအနေဖြင့် အတတ်နိုင်ဆုံး လျှော့ချလုပ်ဆောင်သွားမည်။ ထိုကာလတွင်းယာယီခဏ ဆက်သွယ်ရေးအခက်အခဲများရှိနိုင်သောကြောင့်အဆင်မပြေမှုများအတွက် နားလည်ပေးပါရန်မေတ္တာရပ်ခံပါသည် လို့ တယ်လီနောမြန်မာက သုံးစွဲသူတွေကို စာတွေပေးပို့ထားပါတယ်။

လျှပ်စစ်မီးပြတ်တောက်ချိန်မှာ ဆက်သွယ်ရေးတာဝါတိုင်တွေမှာ မီးစက်တွေ ထားရှိပေမယ့် စက်သုံးဆီစျေးနှုန်းမြင့်တက်နေတာကြောင့် ဆက်သွယ်ရေး ယာယီဖြတ်တောက်ထားဖို့ သတိပေးတာဖြစ်တယ်လို့ အော်ရီဒူးမြန်မာက အမည်မဖော်လိုသူ ဝန်ထမ်းတစ်ဦးက ပြောပါတယ်။

မြို့ပေါ်တာဝါတိုင်တွေမှာက နေရာတိုင်း မီးစက်နဲ့မမောင်းနိုင်တော့ လိုင်းနည်းကျမယ် လိုင်းပြတ်တဲ့အထိတော့ မဖြစ်နိုင်ဘူး၊ နယ်တွေမှာကတော့ ဆိုလာသုံးတဲ့ တိုင်တွေလည်းရှိတယ်

များသောအားဖြင့် မီးစက်နဲ့ပဲ အမြဲမောင်းပြီး တိုင်ကိုမီးပေးတာများပါတယ်၊ အဲ့လိုနေရာတွေဆိုရင် အချိန်ပိုင်းအလိုက် တိုင်အလိုက် အဖွင့်အပိတ်လုပ်ပြီးပေးနေကြရပြီ လို့ အော်ရီဒူးမြန်မာက အမည်မဖော်လိုသူ ဝန်ထမ်းတစ်ဦးက ပြောပါတယ်။

မြို့ပေါ်နေရာအများစုမှာ အင်တာနက်လိုင်းတွေလည်း ကျဆင်းနေပြီး သက်ဆိုင်ရာ ကုမ္ပဏီတွေကို ဆက်သွယ်အကြောင်းကြားပေမဲ့ တာဝန်ယူဖြေရှင်းပေးတာမရှိဘူးလို့ သိရပါတယ်။

အင်တာနက်လိုင်းက ကျနေတဲ့အချိန်များတယ် 5Mb တပ်ထားတာ 1Mb တောင် မရလို့ ပြောလည်း မသိချင်ယောင်ဆောင်နေတယ်၊ မီးပျက်ချိန်ကြာသွားရင်ကိုယ်ကသာ

အိမ်မှာ ပါဝါဘန့်နဲ့ တွဲထားတာ၊ လိုင်းကကျနေပြီး ဘာမှသုံးမရဘူး၊ အရင်ကဆို ဖုန်းဆက်တာနဲ့ ပြင်ပေးတယ်၊ အခုက တာဝန်ယူမှု ဘယ်ကမှ မရှိကြဘူး လို့ ရန်ကုန်မြို့ခံ တစ်ဦးကပြောပါတယ်။

စစ်အုပ်စုက အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံအတွင်း အဖက်ဖက်က ယိုယွင်းကျဆင်းလာခဲ့ကာ ရန်ကုန်မြို့ပေါ်မှာ ရေရှားပါးပြတ်လပ်မှုတွေကို ရင်ဆိုင်လာနေရပါတယ်။ Delta News Agency