(Zawgyiျဖင့္ ဖတ္ရန္)
အင္းစိန္ေထာင္ထဲက ႏိုင္ငံေရးအက်ဥ္းသားေတြရဲ့ ရုန္းကန္မႈသမိုင္း ရုပ္ရွင္အေၾကာင္းကို ေျပာျပခဲ့တဲ့ ဇာဂနာ
ဆယ္စုႏွစ္တစ္ခုတိုင္ေအာင္ ပရိသတ္ေတြကို ဟာသျပက္လံုးေတြနဲ႔ ရယ္ေမာေပ်ာ္ရႊင္ေအာင္ ဖန္တီးတင္ဆက္ေပးႏိုင္ခဲ့သူကေတာ့ ဝါရင့္လူရႊင္ေတာ္ႀကီး ဇာဂနာ ပဲ ျဖစ္ပါတယ္။
ဇာဂနာ ရဲ့ သက္တမ္းအခ်ိဳ႕ဟာ ေထာင္ထဲမွာပဲ ကုန္ဆံုးခဲ့ရၿပီး လူရႊင္ေတာ္၊ သရုပ္ေဆာင္၊ စာေရးဆရာ၊ ဒါရိုက္တာ ဆိုတဲ့ အႏုပညာလုပ္ငန္း နယ္ပယ္ေတြမွာ
ေအာင္ျမင္ထူးခြၽန္တဲ့ အႏုပညာရွင္ႀကီးတစ္ဦးပဲ ျဖစ္ပါတယ္။ ျမန္မာႏိုင္ငံရဲ့ ႏိုင္ငံေရးအေျခအေနေတြေၾကာင့္ ဇာဂနာ ကေတာ့ ဧၿပီလ အစပိုင္းေလာက္မွာ
တာေမြၿမိဳ႔နယ္ေနအိမ္မွာ အဖမ္းခံလိုက္ရၿပီး ၆ လၾကာမွ ျပန္လည္လြတ္ေျမာက္လာခဲ့ပါတယ္။ ဝါရင့္လူရႊင္ေတာ္ႀကီး ဇာဂနာဟာ ၂၀၂၂ ကရိုက္ကူးခဲ့တဲ့
အက်ဥ္းသားေတြနဲ႔ ပတ္သက္တဲ့ ျဖစ္ရပ္မွန္ ရုပ္ရွင္ကားႀကီး အေၾကာင္းကို ေျပာျပ လာပါတယ္။ “၂၀၂၀ ေဖေဖာ္ဝါရီ လမွာ ရွစ္စကၠန္႔ၿငိမ္ ရုပ္ရွင္ကား ရိုက္ကူးၿပီးခဲ့တယ္။
၂၀၂၀မတ္လ ကစလို႔ ရုပ္ရွင္ရံုေတြအကုန္ ပိတ္လိုက္တယ္ ကိုးဗစ္ေၾကာင့္ေပါ့ ခုခ်ိန္ထိ ျပန္မဖြင့္ၾက ေသးဖူး။ တကယ္ေတာ့ ၁၉၉၀ ခုႏွစ္က အင္းစိန္ေထာင္ထဲက ျဖစ္ရပ္မွန္၊
စာဥ အေရးေတာ္ပံု အေၾကာင္းကို ရိုက္ခဲ့တဲ့ ရုပ္ရွင္ပါ။ျမန္မာ့ ပထမဆံုး ေထာင္ကား လို႔ေျပာလို႔ ရသလို၊၁၉၈၈ေနာက္ပိုင္း အင္းစိန္ ေထာင္ထဲက
ႏိုင္ငံေရး အက်ဥ္းသားေတြရဲ့ ရုန္းကန္မႈ သမိုင္းကို ပံုရိပ္ထင္ထားတဲ့ ပဌမဆံုး ရုပ္ရွင္ပါ။ ခုေတာ့ ဘယ္ ဆီ မွာ ” လို႔ သူ႔ရဲ့လူမူ႔ကြန္ယက္မွာ ေရးသား ထားပါတယ္။
ပရိသတ္ႀကီးေရ, လူရႊင္ေတာ္ႀကီး ဇာဂနာ ကေတာ့ ရုပ္ရွင္ကားႀကီး ဘယ္ေရာက္သြားလဲလို႔ စိတ္မေကာင္းစြာ ေမးခြန္းထုတ္လိုက္ပါတယ္။
အဆိုပါရုပ္ရွင္ထဲမွာ ပါဝင္တဲ့ သရုပ္ေဆာင္ေတြ ကေတာ့ ေအာင္ေရခ်မ္း၊ ဟိန္းထက္ နဲ႔အတူ သရုပ္ေဆာင္ ေပါင္းမ်ားစြာ ပါဝင္တယ္လို႔ သိရပါတယ္။
(Unicodeဖြင့် ဖတ်ရန်)
အင်းစိန်ထောင်ထဲက နိုင်ငံရေးအကျဥ်းသားတွေရဲ့ ရုန်းကန်မှုသမိုင်း ရုပ်ရှင်အကြောင်းကို ပြောပြခဲ့တဲ့ ဇာဂနာ
ဆယ်စုနှစ်တစ်ခုတိုင်အောင် ပရိသတ်တွေကို ဟာသပြက်လုံးတွေနဲ့ ရယ်မောပျော်ရွှင်အောင် ဖန်တီးတင်ဆက်ပေးနိုင်ခဲ့သူကတော့ ဝါရင့်လူရွှင်တော်ကြီး ဇာဂနာ ပဲ ဖြစ်ပါတယ်။
ဇာဂနာ ရဲ့ သက်တမ်းအချို့ဟာ ထောင်ထဲမှာပဲ ကုန်ဆုံးခဲ့ရပြီး လူရွှင်တော်၊ သရုပ်ဆောင်၊ စာရေးဆရာ၊ ဒါရိုက်တာ ဆိုတဲ့ အနုပညာလုပ်ငန်း နယ်ပယ်တွေမှာ
အောင်မြင်ထူးချွန်တဲ့ အနုပညာရှင်ကြီးတစ်ဦးပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေတွေကြောင့် ဇာဂနာ ကတော့ ဧပြီလ အစပိုင်းလောက်မှာ
တာမွေမြို့နယ်နေအိမ်မှာ အဖမ်းခံလိုက်ရပြီး ၆ လကြာမှ ပြန်လည်လွတ်မြောက်လာခဲ့ပါတယ်။ ဝါရင့်လူရွှင်တော်ကြီး ဇာဂနာဟာ ၂၀၂၂ ကရိုက်ကူးခဲ့တဲ့
အကျဥ်းသားတွေနဲ့ ပတ်သက်တဲ့ ဖြစ်ရပ်မှန် ရုပ်ရှင်ကားကြီး အကြောင်းကို ပြောပြ လာပါတယ်။ “၂၀၂၀ ဖေဖော်ဝါရီ လမှာ ရှစ်စက္ကန့်ငြိမ် ရုပ်ရှင်ကား ရိုက်ကူးပြီးခဲ့တယ်။
၂၀၂၀မတ်လ ကစလို့ ရုပ်ရှင်ရုံတွေအကုန် ပိတ်လိုက်တယ် ကိုးဗစ်ကြောင့်ပေါ့ ခုချိန်ထိ ပြန်မဖွင့်ကြ သေးဖူး။ တကယ်တော့ ၁၉၉၀ ခုနှစ်က အင်းစိန်ထောင်ထဲက ဖြစ်ရပ်မှန်၊
စာဥ အရေးတော်ပုံ အကြောင်းကို ရိုက်ခဲ့တဲ့ ရုပ်ရှင်ပါ။မြန်မာ့ ပထမဆုံး ထောင်ကား လို့ပြောလို့ ရသလို၊၁၉၈၈နောက်ပိုင်း အင်းစိန် ထောင်ထဲက
နိုင်ငံရေး အကျဥ်းသားတွေရဲ့ ရုန်းကန်မှု သမိုင်းကို ပုံရိပ်ထင်ထားတဲ့ ပဌမဆုံး ရုပ်ရှင်ပါ။ ခုတော့ ဘယ် ဆီ မှာ ”လို့ သူ့ရဲ့လူမူ့ကွန်ယက်မှာ ရေးသား ထားပါတယ်။
ပရိသတ်ကြီးရေ, လူရွှင်တော်ကြီး ဇာဂနာ ကတော့ ရုပ်ရှင်ကားကြီး ဘယ်ရောက်သွားလဲလို့ စိတ်မကောင်းစွာ မေးခွန်းထုတ်လိုက်ပါတယ်။
အဆိုပါရုပ်ရှင်ထဲမှာ ပါဝင်တဲ့ သရုပ်ဆောင်တွေ ကတော့ အောင်ရေချမ်း၊ ဟိန်းထက် နဲ့အတူ သရုပ်ဆောင် ပေါင်းများစွာ ပါဝင်တယ်လို့ သိရပါတယ်။ Source: ZarGaNar