ၾကားသိရသမွ်

အပြင်သွားတော့မယ်ဆိုရင် သင့်ဖုန်းကို ဒါတွေပြင်ဆင်ထားပါအဓိကကတော့ဖုန်းစစ်တာပါ

ဒီေန႔ညီမတို႔ကားသုံးခါတိတိအစစ္ခံရပါတယ္

ေျမနီကုန္းမွာတစ္ခါ မရမ္းကုန္း Mercedes Showroom နားမွာတစ္ခါ ၈မိုင္ကုန္းေက်ာ္တံတားဆင္းဆင္းခ်င္းနားမွာတစ္ခါပါ

စစ္တဲ့ထဲမွာေတာ့ေျမနီကုန္းမွာစစ္တာကအင္အားအမ်ားဆုံးပါ ေျမနီကုန္းမွာစစ္ေတာ့ညီမတို႔ကားရဲ႕အေရွ႕ကကားမွာ ကားပစၥည္းေတြျဖစ္တဲ့သံတုတ္ေတြသံခ်ိဳက္ေတြပါေတာ့ အဲ့ပစၥည္းေတြကိုအကုန္Platform ေပၚပစ္တင္ၿပီး “ဘာလို႔အဲ့ပစၥည္းေတြယူလာလဲ” လို႔ေမးပါတယ္ ကားေမာင္းသမားေရာပါလာတဲ့သူေတြကိုပါ ကားေပၚကဆင္းခိုင္းပါတယ္

သူတို႔ကိုေပးမသြားေသးဘဲ ညီမတို႔ကားကိုထပ္စစ္ပါတယ္ ေနာက္ဖုံးေတြအကုန္ဖြင့္ေပးရပါတယ္ ရွိသမွ်ေခ်ာင္ႀကိဳေခ်ာင္ၾကားမက်န္အေသးစိတ္စစ္ပါတယ္

အဓိကကေတာ့ဖုန္းပါစစ္တာပါ ‼️ညီမတို႔ကားမွာဘာသံတုတ္မွလည္းမပါဘူး ဖုန္းေတြစစ္တာကလည္းအဆင္ေျပတာျဖစ္တဲ့အတြက္ေပးသြားပါတယ္ ညီမတို႔အေရွ႕ကကားကေတာ့ ညီမတို႔သြားတာေတာင္ေပးမသြားပါဘူး

ဖုန္းစစ္တာကေတာ့ Gallery ရယ္ Facebook ရယ္ကိုအဓိကထားၿပီးစစ္ပါတယ္ (အဲ့ေတာ့ကိုယ့္ဖုန္းထဲမွာ Twitter အတြက္ပုံsaveထားတာပဲျဖစ္ျဖစ္ ႏိုင္ငံေရးနဲ႔ပတ္သက္တဲ့ပုံေတြsaveထားရင္ Hideထားပါ ဖ်က္ထားပါ) ၿပီးရင္ Facebook account ေနာက္တစ္ခုျပင္ဆင္ၿပီးမွ အျပင္သြားေပးၾကပါ ❗️

အဲ့ေတာ့အျပင္သြားေတာ့မယ္ဆိုရင္

– ကိုယ္ယူသြားမယ့္ဖုန္းကိုဖ်က္သင့္တာဖ်က္ၿပီးေသခ်ာေလးျပင္ဆင္ၿပီးမွသြားပါ (ဖုန္းစစ္တဲ့ေနရာမွာဘာerrorမွတက္သြားလို႔မျဖစ္ပါဘူး ဖုန္းကအႏၲရာယ္မ်ားလို႔ပါ မပါဘူးလို႔ျငင္းလည္းဒဏ္ေငြပါ ဘယ္လိုနည္းနဲ႔မွေပးစရာအေၾကာင္းမရွိပါဘူး)

– ကားထဲမွာလည္းသစ္သားတုတ္သံတုတ္နဲ႔ လူကိုအႏၲရာယ္ျဖစ္ေစႏိုင္မယ့္ပစၥည္းေတြကိုကားေပၚကထုတ္ထားေပးၾကပါ (ကားပစၥည္းလို႔လည္းျငင္းမရဘဲဆြဲထားတာပါ)

– ကားေမာင္းတဲ့သူေရာ ေဘးကထိုင္တဲ့သူေရာ ခါးပတ္ေသခ်ာပတ္ေပးထားပါ (ေမာ္ေတာ္ပီကယ္ပါတဲ့အတြက္ဘယ္အရာမွစိတ္မခ်ရပါဘူး သူတို႔ပါးစပ္ထဲရွိတဲ့ဟာေတြေျပာၿပီး ဒဏ္ေငြေကာက္ႏိုင္ပါတယ္ ကိုယ့္ဘက္ကဘာမွမွားသြားလို႔မျဖစ္ပါဘူး)

– ယာဥ္ေမာင္းလိုင္စင္ေတြေသခ်ာေဆာင္သြားေပးၾကပါ

Edit: Fb စစ္တဲ့အခ်ိန္မွာေတာ့ သူတို႔မွာရွိတဲ့ WiFi စက္နဲ႔စစ္ပါတယ္ရွင္ Newsfeed မွာေပၚတာထက္ Accပိုင္ရွင္ဘာေတြ တင္ထားလဲ ဘာေတြshareထားလဲကိုအဓိကထားစစ္တာပါ

ဘာဒဏ္ေငြမွလည္းေပးစရာမလိုပါဘူး! ကိုယ့္ဘက္ကသာေသခ်ာေလးျပင္ဆင္သြားပါ!

Thiri Htet Hmue San

ဒီနေ့ညီမတို့ကားသုံးခါတိတိအစစ်ခံရပါတယ်

မြေနီကုန်းမှာတစ်ခါ မရမ်းကုန်း Mercedes Showroom နားမှာတစ်ခါ ၈မိုင်ကုန်းကျော်တံတားဆင်းဆင်းချင်းနားမှာတစ်ခါပါ

စစ်တဲ့ထဲမှာတော့မြေနီကုန်းမှာစစ်တာကအင်အားအများဆုံးပါ မြေနီကုန်းမှာစစ်တော့ညီမတို့ကားရဲ့အရှေ့ကကားမှာ ကားပစ္စည်းတွေဖြစ်တဲ့သံတုတ်တွေသံချိုက်တွေပါတော့ အဲ့ပစ္စည်းတွေကိုအကုန်Platform ပေါ်ပစ်တင်ပြီး “ဘာလို့အဲ့ပစ္စည်းတွေယူလာလဲ” လို့မေးပါတယ် ကားမောင်းသမားရောပါလာတဲ့သူတွေကိုပါ ကားပေါ်ကဆင်းခိုင်းပါတယ်

သူတို့ကိုပေးမသွားသေးဘဲ ညီမတို့ကားကိုထပ်စစ်ပါတယ် နောက်ဖုံးတွေအကုန်ဖွင့်ပေးရပါတယ် ရှိသမျှချောင်ကြိုချောင်ကြားမကျန်အသေးစိတ်စစ်ပါတယ်

အဓိကကတော့ဖုန်းပါစစ်တာပါ ‼️ညီမတို့ကားမှာဘာသံတုတ်မှလည်းမပါဘူး ဖုန်းတွေစစ်တာကလည်းအဆင်ပြေတာဖြစ်တဲ့အတွက်ပေးသွားပါတယ် ညီမတို့အရှေ့ကကားကတော့ ညီမတို့သွားတာတောင်ပေးမသွားပါဘူး

ဖုန်းစစ်တာကတော့ Gallery ရယ် Facebook ရယ်ကိုအဓိကထားပြီးစစ်ပါတယ် (အဲ့တော့ကိုယ့်ဖုန်းထဲမှာ Twitter အတွက်ပုံsaveထားတာပဲဖြစ်ဖြစ် နိုင်ငံရေးနဲ့ပတ်သက်တဲ့ပုံတွေsaveထားရင် Hideထားပါ ဖျက်ထားပါ) ပြီးရင် Facebook account နောက်တစ်ခုပြင်ဆင်ပြီးမှ အပြင်သွားပေးကြပါ ❗️

အဲ့တော့အပြင်သွားတော့မယ်ဆိုရင်

– ကိုယ်ယူသွားမယ့်ဖုန်းကိုဖျက်သင့်တာဖျက်ပြီးသေချာလေးပြင်ဆင်ပြီးမှသွားပါ (ဖုန်းစစ်တဲ့နေရာမှာဘာerrorမှတက်သွားလို့မဖြစ်ပါဘူး ဖုန်းကအန္တရာယ်များလို့ပါ မပါဘူးလို့ငြင်းလည်းဒဏ်ငွေပါ ဘယ်လိုနည်းနဲ့မှပေးစရာအကြောင်းမရှိပါဘူး)

– ကားထဲမှာလည်းသစ်သားတုတ်သံတုတ်နဲ့ လူကိုအန္တရာယ်ဖြစ်စေနိုင်မယ့်ပစ္စည်းတွေကိုကားပေါ်ကထုတ်ထားပေးကြပါ (ကားပစ္စည်းလို့လည်းငြင်းမရဘဲဆွဲထားတာပါ)

– ကားမောင်းတဲ့သူရော ဘေးကထိုင်တဲ့သူရော ခါးပတ်သေချာပတ်ပေးထားပါ (မော်တော်ပီကယ်ပါတဲ့အတွက်ဘယ်အရာမှစိတ်မချရပါဘူး သူတို့ပါးစပ်ထဲရှိတဲ့ဟာတွေပြောပြီး ဒဏ်ငွေကောက်နိုင်ပါတယ် ကိုယ့်ဘက်ကဘာမှမှားသွားလို့မဖြစ်ပါဘူး)

– ယာဉ်မောင်းလိုင်စင်တွေသေချာဆောင်သွားပေးကြပါ

Edit: Fb စစ်တဲ့အချိန်မှာတော့ သူတို့မှာရှိတဲ့ WiFi စက်နဲ့စစ်ပါတယ်ရှင် Newsfeed မှာပေါ်တာထက် Accပိုင်ရှင်ဘာတွေ တင်ထားလဲ ဘာတွေshareထားလဲကိုအဓိကထားစစ်တာပါ

ဘာဒဏ်ငွေမှလည်းပေးစရာမလိုပါဘူး! ကိုယ့်ဘက်ကသာသေချာလေးပြင်ဆင်သွားပါ!

Thiri Htet Hmue San