ရိက္ခာပြတ်လတ်လုနီးပါးဖြစ်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်အတွက် ဆိုက်ကား ဆရာ တစ်ဦး ရေးတဲ့ စာ ”
ဆိုက်ကားဆရာရေးသားထားတဲ့စာလေးကအောက်ဆုံးမှာပါ
ငွေကြေးနှင့် ရိက္ခာ စစ်ကောင်စီထံမှ မယူချင်၍ ရှေ့နေအဖွဲ့ထံ ဒေါ်အောင်ဆန်းစုကြည် တောင်းခံ
အာဏာသိမ်း စစ်ကောင်စီ၏ အကူအညီကို မလိုချင်၍ စားဝတ်နေရေးအတွက် အသုံးလိုသော ငွေကြေးနှင့် ရိက္ခာများကို ထောက်ပံ့ပေးရန် ၎င်း၏ ရှေ့နေအဖွဲ့ ထံသို့ တတ်နိုင်ပါက ကူညီပေးရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တောင်းခံခဲ့ကြောင်း သိရသည်။
“နှစ်ပတ်တခါ လိုအပ်တာတွေ ဝယ်ရတာ ရှိတယ်။ လက်ထဲမှာလည်း ငွေသား က မကျန်တော့ဘူး။ မကျန်တော့တဲ့အခါကျတော့ ဖြစ်နိုင်ရင် ရှေ့နေတွေက တဆင့်ပဲ လုပ်ပေးပါလို့ တောင်းဆိုပါတယ်”ဟု ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေတဦး ဖြစ်သူ ဒေါ်မင်းမင်းစိုးက ပြောသည်။
ယနေ့ နေပြည်တော်တွင် ပြုလုပ်သည့် တရားရုံးထုတ် စစ်ဆေးမှုတခုတွင် ရှေ့နေအဖွဲ့ကို အထက်ပါအတိုင်း အကူအညီတောင်းခံခြင်း ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ နေထိုင်သူ ၉ ဦးအတွက် ဖြစ်ကြောင်း သိရသည်။
“ကျမတို့ ဆောင်ရွက်ပေးနိုင်ရင်လည်း ဆောင်ရွက်ပေးပါပေါ့။ နောက် လိုအပ်တဲ့ ဆေးလေးတွေ၊ နောက်နှစ်ပတ်တခါ . . . သက်ဆိုင်ရာဌာနကတော့ ပြောပါတယ်တဲ့။ သူတို့ စီစဉ်ပေးမယ်လို့ ပြောပါတယ်။ ဒါပေမယ့် သူတို့ စီစဉ်တာ မလိုချင်ဖူးပေါ့နော်။ ကိုယ့်ဘာသာကိုယ်ပဲ ကျမတို့ တတ်နိုင်ရင် လုပ်ပေးပါလို့ ပြောပါတယ်”ဟု ဒေါ်မင်းမင်းစိုးက ပြောပြသည်။
ယခု အစီအစဉ်ကို သက်ဆိုင်ရာနှင့် ညှိနှိုင်း၍ လုပ်ဆောင်ပေးရန် ပြောဆိုသဖြင့် အတတ်နိုင်ဆုံး ကူညီမည်ဟု ရှေ့နေအဖွဲ့က ကတိပြုခဲ့ကြောင်း၊ ထို့ကြောင့် ယင်းလုပ်ငန်းများ စတင်နိုင်ရန် သက်ဆိုင်ရာနှင့် ဆွေးနွေးရန် ရှိကြောင်း သိရသည်။
ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်က သမ္မတ ဦးဝင်းမြင့်၊ ဒေါက်တာမျိုးအောင်တို့နှင့်လည်း တွေ့ဆုံ စကားပြောဆိုချင်ကြောင်း နေပြည်တော်ရှိ တရားခွင် ကျင်းပသည့် နေရာတွင် ပြောဆိုခဲ့သည်ဟု သိရသည်။
နေပြည်တော်တွင် အမှု ၅ မှုဖြင့် တရားစွဲဆိုခံထားရသည့် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ရုံးချိန်များကို အပတ်စဉ် တနလာင်္နေ့တိုင်း ပြုလုပ်သွားရန်ရှိပြီး ရက်ပေါင်း ၁၈၀ အတွင်း အပြီး စစ်ဆေးမည်ဟု သိရသည်။
credit-ဧရာဝတီ
ပို့ပေးချင်ပါတယ် ကျနော်က ဆိုက်ကားနင်းပါတယ် ကျနော်မှာစုထားတာ 30000 ရှိပါတယ် ပို့ပေးချင်တယ် ဆေးကဒ်တေလည်းရှိတယ်…ထွန်းရွှေဝါဗူးအသစ်လည်းရှိတယ် တတ်နိုင်သလောက်ပါဆိုပြီး ဆိုက်ကားဆရာတစ်ဦးမှရေးသားထားပါတယ်