ရန္မျဖစ္ၾကပါႏွင့္ ေဖႏွင့္ေမအခ်စ္ဆုံးလူႏွစ္ေယာက္ကိုယ္ေရွ႕မွာ ရန္ျဖစ္ေအာ္ငိုေနတာကြၽန္ေတာ္ၾကည့္ဖို႔အင္အားမရွိလို႔ပါ။
လမ္းမခြဲၾကပါႏွင့္ေဖႏွင့္ေမ။အစားထိုးမရႏိုင္တဲ့မိဘႏွစ္ပါးၾကားဘယ္သူ႔အားေ႐ြးခ်ယ္ ၊ ဘယ္သူ႔အားခ်န္ထားကြၽန္ေတာ္ဗ်ာမ်ား ၊ ေတြေဝေနလို႔ပါ။
တစ္ေယာက္အျပစ္တစ္ေယာက္ထုတ္ေဖာ္ေျပာဆိုၾကတဲ့အခါကြၽန္ေတာ္ကိုေရွ႕ေနမလိုက္ခိုင္းပါႏွင့္ေဖႏွင့္ေမ။မိဘဂုဏ္အင္ေက်းဇူးတရားႀကီးမားလြန္းလို႔သားသမီးတစ္ေယာက္အေနႏွင့္အမွားကိုေဖာ္၊စိတ္ကြက္ေစႏိုင္ေသာအေတြးကြၽန္ေတာ္မေတြးရဲလို႔ပါ။
မတတ္ႏိုင္အဆုံး ၊ ေဖႏွင့္ေမလမ္းခြဲခဲ့ၾကရင္ေတာင္ကြၽန္ေတာ့္ဆႏၵ ၊ ကြၽန္ေတာ့္ရဲ႕ပိုင္ဆိုင္ေသာလြတ္လပ္ခြင့္အျဖစ္ဘယ္တစ္ဦး၊တစ္ေယာက္ကိုမွထာဝရ အဆက္အသြယ္ျဖတ္ဖို႔မတိုက္တြန္းပါႏွင့္ေဖႏွင့္ေမ။
အကယ္၍ျမင္ႏိုင္ခဲ့ရင္ေဖႏွင့္ေမဒီႏွစ္ေယာက္တိုက္ပြဲေတြၾကားဆုံးရွံးသြားတဲ့ကြၽန္ေတာ္ရဲ႕ ယုံၾကည္ခ်က္ေတြသိမ္ငယ္သြားေသာဒီႏွလုံးသားဥေပကၡာတရားႏွင့္အသိုက္အဝိုင္းမိတ္သဟာေတြၾကားဘယ္လိုမ်ားလစ္လွ်ဴ ရႈ ဖို႔ ကြၽန္ေတာ္သင္ယူရမလဲ။
ကြၽန္ေတာ္ဟာေဘးက်ပ္၊နံက်ပ္၊အသက္ရႉရခက္တဲ့ ၊ေျမဇာပင္ေလးတစ္ပင္ဆိုတာကြၽန္ေတာ္အားၾကင္နာသနားေသာအားျဖင့္သတိရေပးပါေဖႏွင့္ေမ။
credit:
unicode
ရန်မဖြစ်ကြပါနှင့် ဖေနှင့်မေအချစ်ဆုံးလူနှစ်ယောက်ကိုယ်ရှေ့မှာ ရန်ဖြစ်အော်ငိုနေတာကျွန်တော်ကြည့်ဖို့အင်အားမရှိလို့ပါ။
လမ်းမခွဲကြပါနှင့်ဖေနှင့်မေ။အစားထိုးမရနိုင်တဲ့မိဘနှစ်ပါးကြားဘယ်သူ့အားရွေးချယ် ၊ ဘယ်သူ့အားချန်ထားကျွန်တော်ဗျာများ ၊ တွေဝေနေလို့ပါ။
တစ်ယောက်အပြစ်တစ်ယောက်ထုတ်ဖော်ပြောဆိုကြတဲ့အခါကျွန်တော်ကိုရှေ့နေမလိုက်ခိုင်းပါနှင့်ဖေနှင့်မေ။မိဘဂုဏ်အင်ကျေးဇူးတရားကြီးမားလွန်းလို့သားသမီးတစ်ယောက်အနေနှင့်အမှားကိုဖော်၊စိတ်ကွက်စေနိုင်သောအတွေးကျွန်တော်မတွေးရဲလို့ပါ။
မတတ်နိုင်အဆုံး ၊ ဖေနှင့်မေလမ်းခွဲခဲ့ကြရင်တောင်ကျွန်တော့်ဆန္ဒ ၊ ကျွန်တော့်ရဲ့ပိုင်ဆိုင်သောလွတ်လပ်ခွင့်အဖြစ်ဘယ်တစ်ဦး၊တစ်ယောက်ကိုမှထာဝရ အဆက်အသွယ်ဖြတ်ဖို့မတိုက်တွန်းပါနှင့်ဖေနှင့်မေ။
အကယ်၍မြင်နိုင်ခဲ့ရင်ဖေနှင့်မေဒီနှစ်ယောက်တိုက်ပွဲတွေကြားဆုံးရှံးသွားတဲ့ကျွန်တော်ရဲ့ ယုံကြည်ချက်တွေသိမ်ငယ်သွားသောဒီနှလုံးသားဥပေက္ခာတရားနှင့်အသိုက်အဝိုင်းမိတ်သဟာတွေကြားဘယ်လိုများလစ်လျှူ ရှု ဖို့ ကျွန်တော်သင်ယူရမလဲ။
ကျွန်တော်ဟာဘေးကျပ်၊နံကျပ်၊အသက်ရှူရခက်တဲ့ ၊မြေဇာပင်လေးတစ်ပင်ဆိုတာကျွန်တော်အားကြင်နာသနားသောအားဖြင့်သတိရပေးပါဖေနှင့်မေ။
credit: