ၾကားသိရသမွ်

အဝလွန်နေသောကလေးသုံးယောက်ကို ဆေးကုပေးချင်လို့ သူ့ရဲ့ကျောက်ကပ်ကိုထုတ်ရောင်းရန် ကြေညာခဲ့သည့် ဖခင်





1.


2.


3.


4.


5.

Rain (For Ialinks)

Unicode

အဝလွန်နေသောကလေးသုံးယောက်ကို ဆေးကုပေးချင်လို့ သူ့ရဲ့ကျောက်ကပ်ကိုထုတ်ရောင်းရန် ကြေညာခဲ့သည့် ဖခင်

အိန္ဒိယနိုင်ငံ၊ Gurjaratပြည်နယ်တွင် နေထိုင်သော ဖခင်တစ်ဦးသည် သားသမီးသုံးယောက်ရှိခဲ့ရာ သုံးယောက်လုံးသည် အဝလွန်နေကြပြီး လမ်းကောင်းကောင်းမလျှောက်နိုင်သည့်အပြင် အသက်ရှုဖို့ပင် ခဲယဥ်းလာတာကြောင် သူတို့လေးတွေကို ဆေးကုသပေးချင်ခဲ့သည်။

ကလေးသုံးယောက်လုံးသည် အမြဲလိုလိုဗိုက်ဆာနေတတ်ပြီး တစ်နေ့တာလုံးအစားနဲ့ပါးစပ်နဲ့မကွာပဲဖြစ်နေရပြီး သူတို့သုံးယောက်တစ်ပတ်စားသည့်စရိတ်က မိသားစုနှစ်စုအတွက် ၁လစာစားစရိတ်နဲ့ပင်ညီနေခဲ့သည်။

ဖခင်ဖြစ်သူသည် လုပ်အားခဝင်ငွေက နည်းပါး၍ စားဖို့သောက်ဖို့အတွက်သာငွေကလုံလောက်ပြီး ကလေးတွေကို ဆေးကုပေးဖို့အတွက်ကျ ဘယ်လိုမှမစုဆောင်းမိတာကြောင့် သားသမီးတွေအတွက် သူ့ရဲ့ကျောက်ကပ်ကိုပင် ထုတ်ရောင်းဖို့အကြိမ်ကြိမ်ကြေညာခဲ့ရာ ထိုအဖြစ်အပျက်သည် ကမ္ဘာတစ်ဝှမ်းလုံး ပျံ့နှံ့သွားခဲ့ပြီး အလှူရှင်များရဲ့ကူညီမှုနဲ့ ကလေးသုံးယောက်ကို ခွဲစိတ်ကုသပေးနိုင်ခဲ့သည်။

Rain (For Ialinks)