ၾကားသိရသမွ်

ဝက္သားတုတ္ထိုးကို ပိုက္ဆံေပးၿပီး ကိုယ္တိုင္ ဝယ္စားတတ္တဲ့ လူဝင္စား ေခြးေလး…

ဝက်သားတုတ်ထိုးကို ပိုက်ဆံပေးပြီး ကိုယ်တိုင် ဝယ်စားတတ်တဲ့ လူဝင်စား ခွေးလေး…

သတ္တဝါတွေဆိုတာ လောက သုံးပါးမှာ အစုန်အဆန် ကျင်လည်ရတဲ့ သဘောရှိတယ်လို့ မြတ်စွာဘုရားက ဟောကြားခဲ့ဖူးပါတယ်။ အတိတ်ကံကောင်းခဲ့လို့ လူ့ဘဝ၊ နတ်ဘဝမှာ ကျင်လည်ရပေမယ့် မကောင်းခဲ့ရင်လည်း နိမ့်ကျတဲ့ ဘုံဘဝမှာ ဘဝဖြစ်တည်ရတာ ဓမ္မတာပါပဲ။

တချို့ဘဝတွေကတော့ ကံကြောင်းတရားကြောင့် အရင်ဘဝက အကြောင်းအရာတချို့ကို မှတ်မိပြီး လက်ရှိဘဝမှာ ပြန်ပြောနိုင်ကြပါတယ်။ အဲဒီလို လူမျိုးတွေကိုတော့ လူဝင်စားလို့ ခေါ်ကြပါတယ်။

ဒီလို အဖြစ်အပျက်မျိုးဟာ လူတွေတင်မက အဟိတ်တိရစ္ဆာန်တွေမှာပါ ဖြစ်ပါတယ်။ လက်တွေ့ ပြရရင်တော့ ပုံမှာပါတဲ့ အင်းစိန်ဈေးထဲက လူစကားနားလည်တဲ့ ခွေးလေးပဲ ဖြစ်ပါတယ်။

လမ်းဘေးမှာ မွေးခဲ့တဲ့ လမ်းဘေးခွေးလေး ဖြစ်ပေမယ့် အလွန်လူယဉ်တဲ့ ခွေးလေး ဖြစ်တယ်လို့ သိရပါတယ်။ သူ့ကို ပိုက်ဆံပေးလိုက်ရင် ပါးစပ်မှာ ကိုက်ချီသွားပြီး သူ့ဘာသာ ဝက်သားတုတ်ထိုး သွားဝယ်စားပါတယ်တဲ့။

ဝက်သားတုတ်ထိုးသည်ဆီ မရောက်မချင်း အဲဒီပိုက်ဆံကို ခွေးလေးက ဘယ်သူ့ကိုမှ မပေးပါဘူးတဲ့။ ၅၀၀ တန် ပေးလိုက်ရင် တုတ်ထိုး ၁၀ ချောင်းရတာလည်း သိတယ်။ ၅၀၀ တန် ပေးပြီး တုတ်ထိုး ၁၀ ချောင်း မပြည့်မချင်း ဆိုင်နားကနေ မခွာဘဲ စောင့်ကြည့်နေလေ့ ရှိပါတယ်။

လူတွေနဲ့ အလွန် ယဉ်ပါးပြီး လူစကား နားလည်လို့ တဈေးလုံးက ဝိုင်းချစ်ကြတဲ့ ခွေးလေး ဖြစ်နေပါတယ်။

သဘာဝထက် ပိုပြီး ထူးထူးခြားခြား လူစကား နားလည်ရခြင်းက အဲဒီခွေးလေးရဲ့ ပင်ကိုစွမ်းရည်လား၊ လူဝင်စားလား ဆိုတာကတော့..

zawgyi

ဝက္သားတုတ္ထိုးကို ပိုက္ဆံေပးၿပီး ကိုယ္တိုင္ ဝယ္စားတတ္တဲ့ လူဝင္စား ေခြးေလး…

သတၱဝါေတြဆိုတာ ေလာက သုံးပါးမွာ အစုန္အဆန္ က်င္လည္ရတဲ့ သေဘာရွိတယ္လို႔ ျမတ္စြာဘုရားက ေဟာၾကားခဲ့ဖူးပါတယ္။ အတိတ္ကံေကာင္းခဲ့လို႔ လူ႔ဘဝ၊ နတ္ဘဝမွာ က်င္လည္ရေပမယ့္ မေကာင္းခဲ့ရင္လည္း နိမ့္က်တဲ့ ဘုံဘဝမွာ ဘဝျဖစ္တည္ရတာ ဓမၼတာပါပဲ။

တခ်ိဳ႕ဘဝေတြကေတာ့ ကံေၾကာင္းတရားေၾကာင့္ အရင္ဘဝက အေၾကာင္းအရာတခ်ိဳ႕ကို မွတ္မိၿပီး လက္ရွိဘဝမွာ ျပန္ေျပာႏိုင္ၾကပါတယ္။ အဲဒီလို လူမ်ိဳးေတြကိုေတာ့ လူဝင္စားလို႔ ေခၚၾကပါတယ္။

ဒီလို အျဖစ္အပ်က္မ်ိဳးဟာ လူေတြတင္မက အဟိတ္တိရစာၦန္ေတြမွာပါ ျဖစ္ပါတယ္။ လက္ေတြ႕ ျပရရင္ေတာ့ ပုံမွာပါတဲ့ အင္းစိန္ေဈးထဲက လူစကားနားလည္တဲ့ ေခြးေလးပဲ ျဖစ္ပါတယ္။

လမ္းေဘးမွာ ေမြးခဲ့တဲ့ လမ္းေဘးေခြးေလး ျဖစ္ေပမယ့္ အလြန္လူယဥ္တဲ့ ေခြးေလး ျဖစ္တယ္လို႔ သိရပါတယ္။ သူ႔ကို ပိုက္ဆံေပးလိုက္ရင္ ပါးစပ္မွာ ကိုက္ခ်ီသြားၿပီး သူ႔ဘာသာ ဝက္သားတုတ္ထိုး သြားဝယ္စားပါတယ္တဲ့။

ဝက္သားတုတ္ထိုးသည္ဆီ မေရာက္မခ်င္း အဲဒီပိုက္ဆံကို ေခြးေလးက ဘယ္သူ႔ကိုမွ မေပးပါဘူးတဲ့။ ၅၀၀ တန္ ေပးလိုက္ရင္ တုတ္ထိုး ၁၀ ေခ်ာင္းရတာလည္း သိတယ္။ ၅၀၀ တန္ ေပးၿပီး တုတ္ထိုး ၁၀ ေခ်ာင္း မျပည့္မခ်င္း ဆိုင္နားကေန မခြာဘဲ ေစာင့္ၾကည့္ေနေလ့ ရွိပါတယ္။

လူေတြနဲ႔ အလြန္ ယဥ္ပါးၿပီး လူစကား နားလည္လို႔ တေဈးလုံးက ဝိုင္းခ်စ္ၾကတဲ့ ေခြးေလး ျဖစ္ေနပါတယ္။

သဘာဝထက္ ပိုၿပီး ထူးထူးျခားျခား လူစကား နားလည္ရျခင္းက အဲဒီေခြးေလးရဲ႕ ပင္ကိုစြမ္းရည္လား၊ လူဝင္စားလား ဆိုတာကေတာ့..