ဗဟုသုတ

မိတ်ကပ်စမ်းလိမ်းဖို့အတွက် လူမရှိတာကြောင့် အိမ်နီးချင်းကောင်လေးကို အကူအညီတောင်းပြီး မိတ်ကပ်ပြင်ပေးခဲ့သည့်ဆိုင်ရှင်





Rain (For Ialinks)

Unicode

မိတ်ကပ်စမ်းလိမ်းဖို့အတွက် လူမရှိတာကြောင့် အိမ်နီးချင်းကောင်လေးကို အကူအညီတောင်းပြီး မိတ်ကပ်ပြင်ပေးခဲ့သည့်ဆိုင်ရှင်

မိမိတို့ပတ်ဝန်းကျင်တွင် မိန်းကလေးတွေထက် မိတ်ကပ်ပြင်လိုက်သည့်အခါ ယောကျာ်းလေးတွေကပိုချောနေတာမျိုးကို တွေ့ဖူးကြမှပါ။

ယခုတွင်လည်း ဗီယက်နမ်နိုင်ငံမှ အလှပြင်ဆိုင်တစ်ခုတွင် ဆိုင်ရှင်သည် မိတ်ကပ်သင်တန်းတက်ထားပြီး စမ်းလိမ်းဖို့အတွက် လူမရှိတာကြောင့် အခက်တွေ့နေရပြီး ရပ်ကွက်ထဲရှိ အိမ်နီးချင်းကောင်လေးကို အကူအညီတောင်းခဲ့သည်။

ဆိုင်ရှင်သည် ကောင်လေးကို မိတ်ကပ်၊နှုတ်ခမ်းနီ၊ဆံပင်တုနဲ့ အဝတ်စားလှလှလေးကိုပါ ဝတ်ဆင်ပေးခဲ့ရာ ကောင်လေးအဖြစ်ကနေ လုံးဝမမှတ်မိလေအောင် ချောမောပြီးချစ်စရာကောင်းသည့် မိန်းကလေးအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

ထို့နောက် ဆိုင်ရှင်ဖြစ်သူသည် ယောကျာ်းလေးတွေမိတ်ကပ်ပြင်လိုက်သည့်အခါ မိန်းကလေးတွေထက်ပိုလှကြပြီး မနာလိုစရာပင်ဖြစ်နေကြောင်း ဓာတ်ပုံရိုက်၍ လိုင်းပေါ်မျှဝေခဲ့ရာ အချို့ကောင်လေးတွေမှ စာကိုသေချာမဖတ်တော့ပဲ ရုပ်မြင်ပြီးတာနဲ့ ရည်းစားစကားလိုက်ပြောခဲ့တာမျိုးလည်းရှိခဲ့သည်။

Rain (For Ialinks)