ယနေ့ ဗဟိုဘဏ် ကြေညာချက်ထုတ်ပြန်…
ဒစ်ဂျစ်တယ် ငွေပေးချေမှု စနစ်အားလုံး အပြန်အလှန်ချိတ်ဆက်နိုင်မည့် Digital Payment Switch System ကို ဗဟိုဘဏ် အကောင်ထည်ဖော်နေ ဒစ်ဂျစ်တယ် ငွေပေးချေမှု စနစ်အားလုံး အချင်းချင်းအ ပြန်အလှန်ချိတ်ဆက် ဆောင်ရွက်နိုင်မည့် Digital Payment Switch System ကိုအကောင်အထည်ဖော်လျက်ရှိကြောင်း ဗဟိုဘဏ် ဒုတိယ ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ၏ ပြောကြားချက်အရ သိရသည်။
အဆိုပါ Digital Payment Switch System ၏ MMQR Standardization နှင့် သက်ဆိုင်သည့် အလုပ်ရုံ ဆွေးနွေးပွဲအား ဇူလိုင် (၁၃) ရက် နံနက် (၉) နာရီတွင် ဗဟိုဘဏ် ရန်ကုန်ဘဏ်ခွဲ၌ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
“ပမာဏကြီးမားတဲ့ ငွေပေးချေမှုအတွက် CBM- NET System ကိုအကောင်အထည်ဖော်ဆောင် ရွက်နိုင်ခဲ့ပြီး ပမာဏ နည်းတဲ့ငွေပေးချေမှုအမြန် ဖွံ့ဖြိုးတိုးတက်ဖို့အတွက် Digital Payment Switch System ကိုဆောင် ရွက်နေပါတယ်”ဟု ဒေါ်သန်းသန်းဆွေက ပြောသည်။
ယင်းအစီအစဉ်ကို အမျိုးသားငွေပေးချေမှုစနစ်မဟာ ဗျူဟာ (National Payment System Strategy 2020 2025) အရ ချမှတ်ထားသည့် ငွေပေးချေမှုဆိုင်ရာ မူဝါဒများနှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်ခြင်း ဖြစ် ကြောင်းလည်း ၎င်း၏ ပြောကြားချက်အရ သိရသည်။
Digital Payment Switch System ဆောင်ရွက်ပြီးပါက ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများအချင်း ချင်း အပြန် အလှန်ချိတ်ဆက်၍ Brand တစ်ခုမှအခြား Brand တစ်ခုသို့ လွယ်ကူစွာ ငွေပေးချေနိုင်မည်ဖြစ်သည်။
ထို့အပြင် ဒစ်ဂျစ်တယ် ငွေပေးချေမှု စနစ်ဖွံ့ဖြိုးပြီး ငွေ သားကိုင်တွယ် အသုံးပြုမှု လျှော့ကျနိုင်ကာ သုံးစွဲသူများအနေဖြင့် လည်း ဈေးသက်သာကောင်းမွန်သည့် ငွေကြေးဝန်ဆောင်မှုအား ရွေးချယ်အသုံးပြုနိုင်မည်ဖြစ်ကြောင်းလည်း သိရသည်။crd
ယေန႔ ဗဟိုဘဏ္ ေၾကညာခ်က္ထုတ္ျပန္…
ဒစ္ဂ်စ္တယ္ ေငြေပးေခ်မႈ စနစ္အားလုံး အျပန္အလွန္ခ်ိတ္ဆက္ႏိုင္မည့္ Digital Payment Switch System ကို ဗဟိုဘဏ္ အေကာင္ထည္ေဖာ္ေန ဒစ္ဂ်စ္တယ္ ေငြေပးေခ်မႈ စနစ္အားလုံး အခ်င္းခ်င္းအ ျပန္အလွန္ခ်ိတ္ဆက္ ေဆာင္႐ြက္ႏိုင္မည့္ Digital Payment Switch System ကိုအေကာင္အထည္ေဖာ္လ်က္ရွိေၾကာင္း ဗဟိုဘဏ္ ဒုတိယ ဥကၠ႒ ေဒၚသန္းသန္းေဆြ၏ ေျပာၾကားခ်က္အရ သိရသည္။
အဆိုပါ Digital Payment Switch System ၏ MMQR Standardization ႏွင့္ သက္ဆိုင္သည့္ အလုပ္႐ုံ ေဆြးေႏြးပြဲအား ဇူလိုင္ (၁၃) ရက္ နံနက္ (၉) နာရီတြင္ ဗဟိုဘဏ္ ရန္ကုန္ဘဏ္ခြဲ၌ ျပဳလုပ္ခဲ့ျခင္း ျဖစ္သည္။
“ပမာဏႀကီးမားတဲ့ ေငြေပးေခ်မႈအတြက္ CBM- NET System ကိုအေကာင္အထည္ေဖာ္ေဆာင္ ႐ြက္ႏိုင္ခဲ့ၿပီး ပမာဏ နည္းတဲ့ေငြေပးေခ်မႈအျမန္ ဖြံ႕ၿဖိဳးတိုးတက္ဖို႔အတြက္ Digital Payment Switch System ကိုေဆာင္ ႐ြက္ေနပါတယ္”ဟု ေဒၚသန္းသန္းေဆြက ေျပာသည္။
ယင္းအစီအစဥ္ကို အမ်ိဳးသားေငြေပးေခ်မႈစနစ္မဟာ ဗ်ဴဟာ (National Payment System Strategy 2020 2025) အရ ခ်မွတ္ထားသည့္ ေငြေပးေခ်မႈဆိုင္ရာ မူဝါဒမ်ားႏွင့္အညီ အေကာင္အထည္ေဖာ္ေဆာင္႐ြက္ျခင္း ျဖစ္ ေၾကာင္းလည္း ၎၏ ေျပာၾကားခ်က္အရ သိရသည္။
Digital Payment Switch System ေဆာင္႐ြက္ၿပီးပါက ေငြေၾကးဝန္ေဆာင္မႈလုပ္ငန္းမ်ားအခ်င္း ခ်င္း အျပန္ အလွန္ခ်ိတ္ဆက္၍ Brand တစ္ခုမွအျခား Brand တစ္ခုသို႔ လြယ္ကူစြာ ေငြေပးေခ်ႏိုင္မည္ျဖစ္သည္။
ထို႔အျပင္ ဒစ္ဂ်စ္တယ္ ေငြေပးေခ်မႈ စနစ္ဖြံ႕ၿဖိဳးၿပီး ေငြ သားကိုင္တြယ္ အသုံးျပဳမႈ ေလွ်ာ့က်ႏိုင္ကာ သုံးစြဲသူမ်ားအေနျဖင့္ လည္း ေဈးသက္သာေကာင္းမြန္သည့္ ေငြေၾကးဝန္ေဆာင္မႈအား ေ႐ြးခ်ယ္အသုံးျပဳႏိုင္မည္ျဖစ္ေၾကာင္းလည္း သိရသည္။crd