လူအတော်များများက ကုမ္ပဏီဝန်ထမ်းဘဝကို မက်မောအထင်ကြီး ရယူလိုကြတယ်
ယူနီဖောင်းလေးနဲ့အလုပ်သွား laptopနဲ့လုပ်ရတဲ့အလုပ်ဆိုတော့ အေးအေးဆေးဆေးကျော့မော့တာတော့ အမှန်ပဲပေါ့
လူမြင်လည်းတင့်တယ် ပတ်ဝန်းကျင်က ဘာအလုပ် လုပ်လဲမေးရင် Marketing/ HR/PR/Accounting စသဖြင့်
ကိုယ်တာဝန်ယူရတဲ့ ကုမ္ပဏီရဲ့ဌာနအပိုင်းတွေကို ဘိုလိုဖြေရတော့ ပတ်ဝန်းကျင်ကလည်း အထင်ကြီးတော့အဆင်လည်းပြေတာပေါ့
ဒါပေမယ့် အဲကုမ္ပဏီဝန်ထမ်းဖြစ်ဖို့ဆိုတာလည်း လွယ်တဲ့ကိစ္စတော့မဟုတ်ဘူး နှစ်များစွာအချိန် ဉာဏ် ငွေရင်းနှီးထားရတဲ့ ဘွဲ့တစ်ခုအပြင်
သင်တန်းနဲ့အတွေ့အကြုံ များစွာရှိမှ လစာ2သိန်းလောက်ကစရတာမျိုး လစာ3သိန်း 5သိန်း 10သိန်းပေးရင်ကိုတော်တော်များတဲ့ပမာဏပဲလို့ထင်နေရပြီ
အမှန် အဲပမာဏက ဘာမှမဟုတ်ဘူး နေနိုင်စားနိုင်ရုံအဆင့်ပဲရှိတာ ကိုယ်ပိုင်လုပ်ငန်းနဲ့ကုမ္ပဏီဝန်ထမ်းက သူ့ဟာနဲ့သူအားသာချက် အားနည်းချက်ရှိတယ်
ကုမ္ပဏီဝန်ထမ်းရဲ့အားသာချက်က ပုံစံကျော့မော့တယ် လကုန်တိုင်းလစာပုံမှန်ရတယ် ဒီအလုပ်ကမထွက်မချင်း ဒီအလုပ်မှာလုပ်နေသရွေ့ ပိုက်ဆံ(လစာ)ကတော့လကုန်တိုင်းရနေဖို့သေချာတယ်
အားနည်းချက်ကတော့ ကိုယ့်ကိုကိုယ် ပိတ်ရက်ကလွဲရင်မပိုင်ဘူး အချိန်နဲ့သွား အချိန်နဲ့စားရတယ် ဖိအားများတယ် ကိုယ်မှန်တောင်မှ အထက်လူကြီးဆို သည်းခံရတယ်
၀င်ငွေကပုံသေကိန်းဂဏန်းမို့ ဝင်ငွေထွက်ငွေသေချာ တွက်ချက်ပြီးသုံးရတယ် ကိုယ့်လစာဝင်ငွေထက် အများကြီးပိုသုံးမိရင် လလယ်လောက်ဆိုငွေပြတ်တတ်တယ် အကြွေးတင်တတ်တယ်
ကိုယ်ပိုင်လုပ်ငန်းရဲ့အားသာချက်က ကိုယ့်လုပ်ငန်းမို့ ကိုယ့်အလုပ် လုပ်ချင်တဲ့နေ့လုပ်လို့ရတယ် အလုပ်မလုပ်ချင်တဲ့နေ့ အလုပ်နားပြီး အိပ်မလားလျှောက်လည်မလား အေးဆေးပဲ
၀င်ငွေကနည်းတဲ့လ နည်းနိုင်သလို များတဲ့လလည်းများနိုင်တယ် ပုံသေမရှိဘူး
ကိုယ်သာပိုင်ရှင်ဖြစ်တဲ့အတွက် အလုပ်ဖိအားကလွဲပြီး အထက်ဖိအားဆိုတာမရှိဘူး အားနည်းချက်ကတော့ဝင်ငွေများတဲ့လဆိုတာရှိနိုင်သလို
ရောင်းအားကျတဲ့အခါမျိုးဆို ဝင်ငွေနည်းတဲ့လလည်း ရှိနိုင်သလို အရှုံးပေါ်တဲ့လလည်းရှိနိုင်တယ်
Customer is always rightကြောင့်ကိုယ့်ကာစတန်မာက မှားနေခဲ့တောင် ကိုယ်ကသည်းခံရတာမျိူးရှိမယ်
၀က်သားတုတ်ထိုး အချဉ်ပေါင်းတို့ဆို ကိုယ်ပိုင်လုပ်ငန်းထဲပါပေမယ့် လူအထင်သေးတာမျိုးရှိတယ်
ကျနော်ကတော့ ကုမ္ပဏီဝန်ထမ်းအလုပ်ကိုဘယ်တုန်းကမှ သဘောမကျခဲ့ဘူး အတွေ့အကြုံလိုချင်လို့သာဝင်လုပ်ခဲ့တာပဲရှိတယ်
ကိုယ့်ဘဝရဲ့အချိန်အတော်များများ နှစ်များစွာကို လစာပုံသေကိန်းဂဏန်းတစ်ခုရဲ့အောက်မှာ မမြှုပ်နှံချင်ဘူး
ကုမ္ပဏီဝန်ထမ်းထက် ကိုယ်ပိုင်လုပ်ငန်းတွေကိုပဲအားပေးတယ်
ကိုယ်ပိုင်လုပ်ငန်းလို့ဆိုရာမှာ OS ဝက်သားတုတ်ထိုး အချဉ်ပေါင်း Delivery ထမင်း/ဟင်း ဘေထုတ်ရောင်း ဆူရှီအကုန်ပါဝင်တယ်
တချို့အလုပ်တွေက နာမည်ကြားလိုက်ရင်သာ လူတွေကအထင်သေး တစ်မျိုးမြင်တာ
ဥပမာ ဝက်သားတုတ်ထိုး အချဉ်ပေါင်း မုန့်ရောင်း အဲလုပ်ငန်းတွေရဲ့လည်ပတ်ငွေနဲ့ဝင်ငွေက တစ်ရက်ကို2သောင်း 3သောင်း 5သောင်းရှိတယ်
တစ်လကို6သိန်း 9သိန်း 15သိန်း ပတ်ချာလည်ပေါ့ နာမည်ကြီးရင်ကြီးသလို ကိုယ့်ဝန်ဆောင်မှုနဲ့အရည်အသွေး ကောင်းရင်ကောင်းသလို ဝင်ငွေကတက်လာမှာပဲ
အရင်းအနှီးမရှိတဲ့လူတွေအဖို့တော့ ဒီလိုပဲအောက်ခြေက စရတာပဲ ဘာမှရှက်စရာလည်းမဟုတ်သလို ဂုဏ်ဆာစရာလည်းမရှိပါဘူး
ငွေရဖို့လုပ်ကျတဲ့သမ္မာအာဇီဝချင်းအတူတူကိုးနယ်ကကျနော်သူငယ်ချင်းတစ်ယောက် ရန်ကုန်တက်လာပီးအဆောင်မှာနေတယ် one stop Martမှာဝန်ထမ်းလုပ်တယ်
ဘာမှမစုမိတဲ့အပြင် အကြွေးတင်လာတာပဲ အဖက်တင်တယ်
ဒါပေမယ့် Martတစ်ခုရဲ့ ဈေးအရောင်းအဝယ် အပြင်အဆင် ကုန်ပစ္စည်းအဝင်အထွက် အမြတ်အစွန်း ငွေကြေးဇယားတွေသူနားလည်အတွေ့အကြုံရသွားတာတော့ အမြတ်ပေါ့
အဲဒါနဲ့ သူနယ်ပြန် ရှိသမျှရောင်းချပေါင်နှံပြီး သူအတွေ့အကြုံနဲ့ အင်းလေး(ညောင်ရွေ)မှာ Mini Martလေး စဖွင့်တယ်
၂နှစ်လောက် ရှုံးတဲ့အခါရှုံး အရင်းပြန်ရတဲ့အခါရနဲ့ ၃နှစ်လောက်မှာ စရောင်းရပြီးစမြတ်လာတယ်
အခုဆို အင်းလေးက Martအပြင် တောင်ကြီးမှာ ပင်လယ်စာထုံချိုင်းဆိုင် သူ့ဇာတိမှာတစ်ဆိုင်နဲ့နောင်ချိုမှာ ပီဇာနဲ့ဘာဘယ်တီးဆိုင်လေးပါဖွင့်လာနိုင်ပြီ
အများကြီးမအောင်မြင်ခဲ့ဘူးဆိုတောင် အထိုက်အလျောက်တော့ အောင်မြင်ခဲ့ပြီဆိုရမှာပေါ့
ပုံသေကိန်းဂဏန်းနဲ့လခစားဝန်ထမ်းဘဝကနေ အခုကိုယ်ပိုင်လုပ်ငန်းရှင်ဘဝမှာ တစ်လကိုပုံသေ သိန်း20 30 50ရတဲ့ လူတစ်ယောက်ဖြစ်လာပါပြီ
ရောင်းအားတက်တဲ့လတွေဆိုအဲထက်ပိုရင်လည်းပိုပါလိမ့်မယ် သူသာ one stop martမှာအခုထိလုပ်နေသေးရင် သူ့လစာက3သိန်း 5သိန်းလောက်ထိပဲရနေဦးမှာ
အခုဆို ဆိုင်ခွဲ4ဆိုင် ဦးစီးလုပ်ဆောင်နေတဲ့ကိုယ်ပိုင်လုပ်ငန်းရှင်ဖြစ်နေပြီ အခုစတုတ္ထဆိုင် အောင်မြင်လာရင် ပဉ္စမမြောက်ဆိုင် သူထပ်ချဲ့ဦးမှာပဲ သူ့ဝင်ငွေတွေက ထပ်တိုးလာဖို့ပဲရှိတယ်
သူ့ကိုတော်တော်အားကျရတယ် ကျနော်ကိုယ်တိုင်က အရင်းအနှီးရဖို့ စုဆောင်းရတဲ့ ကုမ္ပဏီဝန်ထမ်းဘဝပဲရှိသေးတာကိုး
ကျနော်လည်းတစ်နေ့မှာ သမ္မာအာဇီဝကိုယ်ပိုင်လုပ်ငန်းတွေ တည်ထောင်ဖို့ ရည်မှန်းချက်အိပ်မက်တွေရှိတယ်
အဲတော့ တစ်လကို ပုံသေကိန်းဂဏန်းနဲ့နှစ်များစွာ အချိန်ကုန်နေရမယ့် ကုမ္ပဏီဝန်ထမ်းဘဝအစားရေတွက်မရတဲ့ ကိန်းဂဏန်းပိုင်ရှင်အဖြစ်ကိုပဲ ရအောင် ကြိုးစားပြီး ပြောင်းလဲကြစေချင်တယ်
ဘယ်ကိုယ်ပိုင်လုပ်ငန်းမဆို မရှက်မကြောက်ပဲ စတင်လုပ်ဆောင်ပါ တစ်လက်စထဲ 3နှစ်လောက်အထိတော့ အရှူံးကိုကြိုတွက်ပြီးတောင့်ခံနိုင်ဖို့လိုတယ် (အရန်လုပ်ငန်း အရန်ငွေ စသဖြင့်Plan Bတစ်ခါထဲစီစဉ်ထားပေါ့)
3နှစ်လောက်ဆိုရင်စထူးခြားလာပါလိမ့်မယ် ကိုယ်လုပ်မယ့်လုပ်ငန်း အကြောင်းကိုလည်း သေချာနားလည်ဖို့တော့လိုမယ်
ဥပမာ ဝက်သားတုတ်ထိုး ရောင်းမယ်ဆိုတောင် ဝက်သားကိုအထူအပါးညီဖို့ အချဉ်စပ်တတ်ဖို့ ဟင်းရည်ကောင်းဖို့ သန့်ရှင်းမှုရှိဖို့ ဝန်ဆောင်မှုကောင်းဖို့ စသဖြင့်ပေါ့
(တချို့ကတော့ သိန်းရာဂဏန်းထိရတဲ့ဝန်ထမ်းတွေလည်း ရှိတယ်လို့လည်းတွေးကျမှာပါ ရှိပါတယ်…
ဒါပေမယ့်အဲလောက် အနေအထားရနေမှတော့ အရင်းအနှီးစုပြီး ကိုယ်ပိုင်လုပ်ငန်းရှင်ဘဝခံယူလို့ရနေပြီပဲ ဘာလို့သူများဝန်ထမ်း ဆက်လုပ်ပီး သူများအကျိုးအမြတ်ကိုရှာပေးနေတော့မလဲ
သိန်းရာဂဏန်းမကတဲ့ကိန်းဂဏန်းတွေ ဆက်ရှာဖွေပြီးရလာသမျှအကျိူးအမြတ်အကုန် ကိုယ်အိတ်ထဲ ကိုယ်အကုန်ထည့်လို့ရနေပြီပဲနော် )
Crd