ၾကားသိရသမွ်

သုံးပွင့်ဆိုင် ချစ်တင်းနှောခွင့် မရတဲ့ အမျိုးသမီးက ဇနီးမောင်နှံ နှစ်ယောက်ကို အိမ်ပေါ်တက် ဓားနဲ့ ခုတ်….

သုံးပွင့်ဆိုင် ချစ်တင်းနှောခွင့် မရတဲ့ အမျိုးသမီးက ဇနီးမောင်နှံ နှစ်ယောက်ကို အိမ်ပေါ်တက်ပီး ဓာ.နဲ့ ခု-တ်

Thanlwintimes – ဘန်ကောက် ၊ ဧပြီ ၇ ၂၀၂၂…..

ထိုင်းနိုင်ငံ အလယ်ပိုင်း ဘက်ချာဘွန်းပြည်နယ် ပြည်နယ်မှာ အမျိုးသမီး တစ်ယောက်က သုံးပွင့်ဆိုင် ချစ်တင်းနှောခွင့် မရလို့ ဇနီးမောင်နှံ နှစ်ယောက်ရဲ့အိမ်ပေါ်တက်ပီး

ဓာ-နဲ့ခု-တ်ခဲ့တဲ့ သတင်းဟာ ထိုင်းလူမှုကွန်ယက် အသုံးပြုသူတွေကြားမှာ ရေပန်းအစားဆုံး သတင်းတစ်ခု ဖြစ်နေပါတယ်။ ဓာ-နဲ့ခု-တ်တဲ့ အမျိုးသမီးဟာ

အသက်( ၄၀ )အရွယ် အမ်း လို့အမည်ရသူ ဖြစ်ပြီး သူမဟာ အဆိုပါ ဇနီးမောင်နှံမှ ခင်ပွန်းဖြစ်တဲ့ အသက် ၃၈ နှစ်အရွယ် ‘အဲ’နဲ့ လွန်ခဲ့တဲ့ တစ်နှစ်ကတည်းက

မိတ်ဆွေ ဖြစ်နေကြပြီး နှစ်ယောက်လုံးမှာ လက်တွဲဖော်တွေ ကိုယ်စီ ရှိနေကြပေမယ့်လည်း အဲ က အမ်း ကို အတူနေပေးဖို့ တောင်းဆိုခဲ့ ဖူးပေမယ့် အမျိုးသား

ဘက်က အကြိမ်ကြိမ် ငြင်းဆန် နေခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ သူမကို ရှောင်နိုင်ဖို့အတွက် နောက်ဆုံးမှာ အမ်းဟာ ဘန်ကောက်မှ ထွက်ပြေးဖို့ ဆုံးဖြတ်ခဲ့ပြီး

ထိုင်းနိုင်ငံ အလယ်ပိုင်း ဘက်ချာဘွန်း ပြည်နယ်သို့ ပြောင်းရွှေ့ နေထိုင်ခဲ့ပေမယ့် အမ်း ကတော့ ဒါကို လက်မလျှော့ဘဲ နွန်သဘူရီ ဒေသမှာရှိတဲ့ အဲရဲ့ဇနီးအိမ်ကို

သွားပြီး သူရဲ့ ဇနီးနဲ့ (၁၁)နှစ်အရွယ် သားငယ်ကိုလည်း လာရောက် ခြိမ်-းခြော-က်ခဲ့တယ်လို့ အဲက ပြောပါတယ်။ အဲက သူ့ဇနီးနဲ့ သားဆီ ခဏပြန်လာချိန်မှာ

သူမက သူ့ကိုခြေရာခံမိပြီး နောက်ကျောမှာ ဓ-ားရှည် တစ်လက်ဖွက်ကာ အိမ်တံခါးကို လာခေါက်ခဲ့ ပါတယ်။ တံခါးဖွင့် ပေးလိုက်ချိန်မှာ အမ်းက သူမဟာ

အဲတို့ ဇနီးမောင်နှံနဲ့ သုံးပွင့်ဆိုင် ချစ်တင်းနှော ချင်တယ်လို့ ပြောခဲ့ပါတယ်။ အဲတို့ ဇနီးမောင်နှံက ဒါကို ငြင်းဆန်လိုက်တဲ့ အချိန်မှာတော့ သူမက ဓာ-းကိုင်ပြီး

အဲတို့ ကို ဓာ-းနဲ့ခု-တ်ဖို့ ကြိုးစားခဲ့တာပဲ ဖြစ်ပါတယ် အဲရဲ့ ဇနီးသည်က ဒီဖြစ်ရပ်ကို ဗီဒီယို ရိုက်ကူးထားခဲ့ပြီး လူမှုကွန်ရက်မှာ ဖြန့်ချိခဲ့ရာက လူကြည့်အများဆုံး

ဖြစ်သွားခဲ့ ပါတယ်။ အမ်းဟာ ပုံမှန်မဟုတ်ဘဲ စိတ်ရောဂါ လက္ခဏာတွေ ရှိနိုင်တယ်လို့လည်း သူမက လူမှုကွန်ရက်မှာ ပြောကြားခဲ့ပါတယ်။ အဲတို့စုံတွဲက

ဒီကိစ္စကို ရဲမတိုင်ခဲ့ဘဲ ဘေးကင်းဖို့ အတွက် အခြားပြည်နယ်သို့သာ ပြောင်းရွေ့ပီး ပြေးခဲ့တယ် လို့လည်း သိရပါတယ်…အခုလို ဝင်ရောက်ဖတ်ရှု့ ပေးကြသော

စာဖတ်ပရိသတ်ကြီး တစ်ဦးချင်း တစ်ယောက်ချင်း စီတိုင်းကို အထူးပင် ကျေးဇူးတင် ရှိပါသည်။ စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျန်းမာခြင်းတို့ဖြင့် ပြည့်စုံနိုင် ကြပါစေလို့

ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ် ခင်ဗျာ…မြန်မာပြည်သူ ပြည်သားများ လိုလားတောင့်တသော နေ့ရက်များ ကိုလည်း အမြန်ဆုံး ရောက်ရှိ ပိုင်ဆိုင်နိုင်ကြပါစေ ခင်ဗျာ….

မြန်မာနိုင်ငံကြီးလည်း ရွှင်လန်းချမ်းမြေ့ ပါစေဗျ။ ပြည်သူများ အားလုံးပဲ ရွှင်လန်းချမ်းမြေ့ ကြပါစေလို့ ဆုမွန်ကောင်း တောင်းပေးလိုက် ပါတယ်နော်…Ref:THAIGER .com

Credit