ဗဟုသုတ

ရွှေထက်တန်ဖိုးကြီးတဲ့ အထုပ်လေးတွေမို့ လွှင့်မပစ်ကြပါနဲ့…

ဒီအထုပ်လေးတွေကိုတွေ့ရင် လွှင့်မပစ်ကြပါနဲ့

Silica Gel Packets ဆိုတာကတော့ ဖိနပ်၊သားရေအိတ်၊တစ်ချို့ အစားအသောက်အထုပ်တွေထဲမှာ တွေ့ရတဲ့ အထုပ် သေးသေးလေးတွေပါ။အစားအသောက်တွေအထုပ်တွေ မှာဆိုရင် အဲ့ဒီအထုပ်ငယ်လေးတွေကို စားမိမှာ စိုးလို့ အန္တရာယ်ရှိကြောင်းပြောတဲ့ အနေနဲ့ Do not Eat ဆိုတဲ့ စာတန်းလေးတွေ ရေးထား ပေးတာ ကို တွေ့ရပါတယ်။ဒီလို မျိုး Product တွေမှာ Silica gel packets လေးတွေ ထည့်ထားရတဲ့ အကြောင်းအရင်းကတော့ အဲ့ဒီ အထုပ် လေး တွေက အစိုဓါတ်ကို စုပ်ယူပေးနိုင်တာကြောင့် မှိုပေါက်ဖွားတာ၊ပျက်စီးတာတွေကို ကာကွယ် ပေးနိုင်ပါတယ်။

လျှပ် စစ် ပစ္စည်းတွေ မှာဆိုရင်တော့ ငွေရည်ဖွဲ့ပြီး ချွေးတွေ ဖြစ်တာကို ကာကွယ်ပေးနိုင်ပါတယ်။လူအများစုကတော့ ကိုယ်ဝယ် လိုက်တဲ့ ပစ္စည်းတွေထဲမှာပါတဲ့ Silica Gel Packet လေးတွေကို တွေ့ရင် လွှင့်ပစ်ကြတာ များပါတယ်။တကယ် တော့ သူတို့ကို အသုံးပြု လို့ရတဲ့ နေရာတွေရှိပါတယ်။ပစ္စည်းဝယ်လို့ အထဲမှာ Silica gel pack ets လေးတွေကို တွေ့ရင် လွှင့်မပစ်ပဲ သိမ်းထားပြီး ဒီနေရာတွေမှာ အသုံးပြုကြည့်ပါ။

(၁)ဖုန်းတွေ ရေကြောင့် ပျက်စီးတာကို ကာကွယ်ရာမှာ သုံးနိုင်

ဖုန်းတွေ များ မတော်တဆ ရေစိုသွားပြီဆိုရင် အဲ့ဒီ အထုပ်လေးတွေက သင့်ဖုန်း မပျက်စီးသွားအောင် လုပ် ပေး နိုင်ပါ တယ်။ရေထဲကို ကျသွားတဲ့ ဖုန်းကို ပုံမှန်လုပ်နေကျအတိုင်း အထဲမှာပါတဲ့ SIM card တွေကို ထုတ်ပါ။ပြီးရင် တော့ Silica Gel Packet အထုပ်လေးတွေ အများကြီးထည့်ထားတဲ့ သေတ္တာငယ်လေး(သို့) ဗူး ငယ်လေးထဲမှာ ဖုန်းကို ထည့်ထား ပေးလိုက်ပါ။ဒါဆိုရင်တော့ ရေစိုနေတဲ့ ဖုန်းမှာရှိနေတဲ့ စိုထိုင်းစတွေ ကို အဲ့ဒီအထုပ်ငယ်လေးတွေက စုပ်ယူ ပေးနိုင်ပါတယ်။

(၂)ဓါတ်ပုံတွေ သိမ်းတဲ့ အခါ မပျက်စီးအောင် ကာကွယ်ပေးနိုင်

ဓါတ်ပုံတွေကို အယ်ဘမ်ထဲမှာ ထည့်သိမ်းရင်း ကြာလာတဲ့ အခါ ဓါတ်ပုံတွေ မှာ ဆေးသားတွေ လွှင့်ပြယ် ပြီး ပုံ တွေ ပျက်စီးသွားတာမျိုး ကြုံဖူးကြမှာပါ။နောက်တစ်ခုက ဓါတ်ပုံတွေ ပေါ်မှာရေနဲ့ တခြားအရည်တစ်ခုခု များ ဖိတ်ကျ သွား တယ်ဆိုရင် အရင်ဆုံးပြောင်အောင်သုတ်လိုက်ပါ။ပြီးရင်တော့ Silica Gel Packet အထုပ်လေးတွေကို အယ်ဘမ် ထဲမှာ အယ်ဘမ်စာရွက် တစ်ခုနဲ့ တစ်ခုကြားညှပ်ထည့်ထားပေးပါ။ဒါဆိုရင် အစိုဓါတ်ကြောင့် ဓါတ်ပုံတွေ ပျက်စီးတာ မျိုး မဖြစ် ရအောင် တစ်ခါတည်း ကာကွယ်ပြီးသားဖြစ်သွားမှာပါ။

(၃)အိတ်တွေ၊ဖိနပ်တွေ ၊ကင်မရာ၊လက်ဝတ်ရတနာ..သိမ်းတဲ့ အခါမှာလည်း သုံးနိုင်

ဖိနပ်တွေ၊အိတ်တွေဝယ်တဲ့ အခါ ပါလာတဲ့ Silica Gel Packet တွေကို လွှင့်မပစ်သင့်ပါဘူး။ ကိုယ်က မသုံးဖြစ်တဲ့ အခါမျိုးတွေမှာ အဲ့ဒီအိတ်တွေ၊ ဖိနပ်တွေကို သိမ်းမယ်ဆိုရင် Silica Gel Packet တွေကို ပြန်သုံးရမှာပါ။ တစ်ခါတလေမှာ အိတ်တွေ ၊ ဖိနပ်တွေကို ဘူးထဲ ထည့်သိမ်းပေမယ့် အိတ်(သို့) ဖိနပ်အပေါ်မှာ မှိုလေးတွေ တက်နေတာမျိုးကို ကြုံ ဖူးကြမှာပါ။ ဒါဟာ Silica Gel Packet လေးတွေကို ထည့်ပြီး မသိမ်းလို့ ဖြစ်ရတာပါ။ လေထုရဲ့ အစိုဓါတ်တွေက မှိုတွေ စွဲစေတာပါ။ ဒါကြောင့် အိတ်တွေ၊ ဖိနပ်တွေ သိမ်းရင် ဘူးထဲမှာ Silica Gel Packet လေးတွေကိုပါ ထည့်သိမ်းပေးပါ။ ကင်မရာပစ္စည်းတွေ သိမ်းတဲ့ အခါမှာလဲ သုံးနိုင်ပါတယ်။ လက်ဝတ်ရတနာ ဗူးလေးတွေထဲမှာ Silica Gel Packet ထုပ်လေးတွေကို ထည့်ပြီး ရတနာပစ္စည်းတွေနဲ့ အတူသိမ်းပေးရင် သင့်ရဲ့ ရတနာပစ္စည်းတွေကို စိုထိုင်းမှုတွေ ကနေ ကင်းဝေးစေပြီး တောက်ပလှပနေစေမှာပါ။

(၄)အရေးကြီးတဲ့ စာရွက်စာတမ်းတွေကို သိမ်းရင်လည်း အသုံးဝင်

အရေးကြီးတဲ့ စာရွက်စာတမ်းတွေ ..ဥပမာ-အိမ်ထောင်စုဇယား၊ မှတ်ပုံတင်၊ ဘွဲ့လက်မှတ် ..အစရှိတာတွေကို သိမ်း မယ် ဆိုရင်လဲ ဒီအထုပ်လေးတွေကို သုံးလို့ရပါတယ်။ ကိုယ်က စာရွက်စာတမ်းတွေကို စာအိတ်ထဲမှာပဲ ထည့်သိမ်းမလား ၊ အံဆွဲ၊ သေတ္တာငယ်၊ ဘူးငယ်လေးတွေထဲမှာပဲ ထည့်သိမ်းမလား..Silica Gel Packet လေးတွေကို ထည့်သိမ်းရင် ခြောက်သွေ့နေမှာဖြစ်ပြီး ပျက်စီးမှုတွေကို ကာကွယ်ပေးနိုင်ပါတယ်။

(၅)Gym သွားတဲ့ အိတ်ထဲမှာထည့်ထားနိုင်

Gym သွားတဲ့ အခါမှာ ဖိနပ်၊ Gym ဆော့တဲ့ အဝတ်အစားတွေကို သယ်တဲ့ အိတ်လေးထဲမှာ Silica Gel Packet အထုပ် လေးတွေကို ထည့်သယ်ပေးပါ။ Gym အိတ်ထဲမှာက ဖိနပ်၊ ခြေအိတ်၊ ချွေးစိုနေတဲ့ အဝတ်အစားတွေကို ထည့် ထားရတာဆိုတော့ အနံ့အသက်တွေ မကောင်းပဲ ဗက်တီးရီးယားတွေ ပေါက်ဖွားနေတတ်ပါတယ်။ တကယ်လို့များ Silica Gel Packet အထုပ်လေးတွေကို ထည့်ပေးမယ်ဆိုရင်တော့ အိတ်ရဲ့ အနံ့အသက်ကိုလဲ သက်သာစေသလို ဗက်တီးရီးယား ပေါက်ဖွားမှုတွေကိုလည်း လျော့ပါး သက်သာစေမှာပါ။ Locker ထဲမှာ ကိုယ့်ပစ္စည်းတွေ ထည့်ထားတတ် ဆိုရင်လဲ Locker ထဲမှာ Silica Gel Packet လေးတွေကို ထည့်ထားပေးပါ။

(၆)အစားအသောက်တွေ တာရှည်ခံအောင်သုံးနိုင်

Silica gel အထုပ်လေးတွေကိုတော့ စားစရာတွေ တာရှည်ခံချင်ရင်လဲ သုံးလို့ ရပါတယ်။ ဖောက်ထားတဲ့ စားစရာတွေ ဥပမာ- အာလူးကြော်ဗူးတွေ၊ crackers တွေကို အထုပ်ဖောက်ပြီး မကုန်သေးတဲ့ အခါမျိုးမှာ ပျော့ပြီး၊ စားလို့ မကောင်း တာမျိုး မဖြစ်ရအောင် ဗူးရဲ့ အဖုံးပေါ်မှာ ပုံမှာ ပြထားတဲ့ အတိုင်း Silica Gel Packet ကို တိပ်လေးနဲ့ ကပ်ပြီး သိမ်း လို့ရပါတယ်။ သတိပြုရမှာက စားစရာကို သိမ်းတာဖြစ်တာကြောင့် Silica Gel Packet အထဲက အရာတွေ စားစရာထဲ ကျမသွားအောင် Silica ထုပ်လေးတွေက ပေါက်ပြဲနေတာမျိုး မဖြစ်အောင် သေချာ စစ်ဆေးပေးဖို့ လိုပါတယ်။

(၇)တိရစ္ဆာန် အစားအစာတွေကို သိမ်းရာမှာလဲ သုံးနိုင်

တိရစ္ဆာန် အစားအစာတွေကို ဗူးထဲထည့်ပြီးဗူးရဲ့ အတွင်းဘက် ဘေးနားလေးမှာ Silica ထုပ်လေးတွေကို ပုံထဲက အတိုင်း တိပ်လေးနဲ့ ကပ်ပြီး သိမ်းထားပေးပါ။ အဲ့ဒါဆိုရင်တော့ တိရစ္ဆာန်လေးတွေရဲ့ အစားအစာတွေကိုလဲ ပျော့ကုန်တာ၊ မကောင်းတော့တာမျိုး မဖြစ်အောင် ကာကွယ်ပြီးသားပါ။ သတိပြုရမှာက စားစရာကို သိမ်းတာဖြစ်တာကြောင့် Silica Gel Packet အထဲက အရာတွေ စားစရာ ထဲ ကျမသွားအောင် Silica ထုပ်လေးတွေက ပေါက်ပြဲနေတာမျိုး မဖြစ်အောင် သေချာ စစ်ဆေးပေးဖို့ လိုပါတယ်။

(၈)အိမ်ကို သန့်စင်ပေးရာမှာ သုံးနိုင်

ဒီတစ်ခါကတော့ Silica Gel Packet အထုပ်လေးတွေကို ဖောက်ဖို့ လိုပါတယ်။ အထုပ်လေးတွေကို ဖောက်ပြီး ခွက် သေးသေးလေးထဲမှာ ထည့်ပါ။ ပြီးရင်တော့ ကိုယ်ကြိုက်တဲ့ ရနံ့အဆီ ကို တစ်စက်နှစ်စက် လောက် ချပေး ပါ။ဒါဆိုရင် တော့ သင့်ရဲ့ နေအိမ်ကို အနံ့အသက်ကောင်းပြီး သန့်စင်သွားစေမှာပါ။ သတိပြုရမှာက Silica gel အစေ့လေးေ တွက အသားအရေနဲ့ ဓါတ်မတည့်တာ၊ ထိခိုက်တာမျိုး ရှိတတ်ပါတယ်။ ဒါကြောင့် အထုပ်ထဲက အရာလေးတွေကို လက်နဲ့ မထိတာ အကောင်းဆုံးပါ။ ခွက်လေးထဲမှာ ထည့်ထားရင် အဲ့ဒီခွက်ကို ကလေး၊တိရစ္ဆာန်လေးတွေ နဲ့ ဝေးဝေး မှာ ထားပေးပါ။

Credit

Zawgyi

ဒီအထုပ္ေလးေတြကိုေတြ႕ရင္ လႊင့္မပစ္ၾကပါနဲ႔

Silica Gel Packets ဆိုတာကေတာ့ ဖိနပ္၊သားေရအိတ္၊တစ္ခ်ိဳ႕ အစားအေသာက္အထုပ္ေတြထဲမွာ ေတြ႕ရတဲ့ အထုပ္ ေသးေသးေလးေတြပါ။အစားအေသာက္ေတြအထုပ္ေတြ မွာဆိုရင္ အဲ့ဒီအထုပ္ငယ္ေလးေတြကို စားမိမွာ စိုးလို႔ အႏၲရာယ္ရွိေၾကာင္းေျပာတဲ့ အေနနဲ႔ Do not Eat ဆိုတဲ့ စာတန္းေလးေတြ ေရးထား ေပးတာ ကို ေတြ႕ရပါတယ္။ဒီလို မ်ိဳး Product ေတြမွာ Silica gel packets ေလးေတြ ထည့္ထားရတဲ့ အေၾကာင္းအရင္းကေတာ့ အဲ့ဒီ အထုပ္ ေလး ေတြက အစိုဓါတ္ကို စုပ္ယူေပးႏိုင္တာေၾကာင့္ မႈိေပါက္ဖြားတာ၊ပ်က္စီးတာေတြကို ကာကြယ္ ေပးႏိုင္ပါတယ္။

လွ်ပ္ စစ္ ပစၥည္းေတြ မွာဆိုရင္ေတာ့ ေငြရည္ဖြဲ႕ၿပီး ေခြၽးေတြ ျဖစ္တာကို ကာကြယ္ေပးႏိုင္ပါတယ္။လူအမ်ားစုကေတာ့ ကိုယ္ဝယ္ လိုက္တဲ့ ပစၥည္းေတြထဲမွာပါတဲ့ Silica Gel Packet ေလးေတြကို ေတြ႕ရင္ လႊင့္ပစ္ၾကတာ မ်ားပါတယ္။တကယ္ ေတာ့ သူတို႔ကို အသုံးျပဳ လို႔ရတဲ့ ေနရာေတြရွိပါတယ္။ပစၥည္းဝယ္လို႔ အထဲမွာ Silica gel pack ets ေလးေတြကို ေတြ႕ရင္ လႊင့္မပစ္ပဲ သိမ္းထားၿပီး ဒီေနရာေတြမွာ အသုံးျပဳၾကည့္ပါ။

(၁)ဖုန္းေတြ ေရေၾကာင့္ ပ်က္စီးတာကို ကာကြယ္ရာမွာ သုံးႏိုင္

ဖုန္းေတြ မ်ား မေတာ္တဆ ေရစိုသြားၿပီဆိုရင္ အဲ့ဒီ အထုပ္ေလးေတြက သင့္ဖုန္း မပ်က္စီးသြားေအာင္ လုပ္ ေပး ႏိုင္ပါ တယ္။ေရထဲကို က်သြားတဲ့ ဖုန္းကို ပုံမွန္လုပ္ေနက်အတိုင္း အထဲမွာပါတဲ့ SIM card ေတြကို ထုတ္ပါ။ၿပီးရင္ ေတာ့ Silica Gel Packet အထုပ္ေလးေတြ အမ်ားႀကီးထည့္ထားတဲ့ ေသတၱာငယ္ေလး(သို႔) ဗူး ငယ္ေလးထဲမွာ ဖုန္းကို ထည့္ထား ေပးလိုက္ပါ။ဒါဆိုရင္ေတာ့ ေရစိုေနတဲ့ ဖုန္းမွာရွိေနတဲ့ စိုထိုင္းစေတြ ကို အဲ့ဒီအထုပ္ငယ္ေလးေတြက စုပ္ယူ ေပးႏိုင္ပါတယ္။

(၂)ဓါတ္ပုံေတြ သိမ္းတဲ့ အခါ မပ်က္စီးေအာင္ ကာကြယ္ေပးႏိုင္

ဓါတ္ပုံေတြကို အယ္ဘမ္ထဲမွာ ထည့္သိမ္းရင္း ၾကာလာတဲ့ အခါ ဓါတ္ပုံေတြ မွာ ေဆးသားေတြ လႊင့္ျပယ္ ၿပီး ပုံ ေတြ ပ်က္စီးသြားတာမ်ိဳး ႀကဳံဖူးၾကမွာပါ။ေနာက္တစ္ခုက ဓါတ္ပုံေတြ ေပၚမွာေရနဲ႔ တျခားအရည္တစ္ခုခု မ်ား ဖိတ္က် သြား တယ္ဆိုရင္ အရင္ဆုံးေျပာင္ေအာင္သုတ္လိုက္ပါ။ၿပီးရင္ေတာ့ Silica Gel Packet အထုပ္ေလးေတြကို အယ္ဘမ္ ထဲမွာ အယ္ဘမ္စာ႐ြက္ တစ္ခုနဲ႔ တစ္ခုၾကားညႇပ္ထည့္ထားေပးပါ။ဒါဆိုရင္ အစိုဓါတ္ေၾကာင့္ ဓါတ္ပုံေတြ ပ်က္စီးတာ မ်ိဳး မျဖစ္ ရေအာင္ တစ္ခါတည္း ကာကြယ္ၿပီးသားျဖစ္သြားမွာပါ။

(၃)အိတ္ေတြ၊ဖိနပ္ေတြ ၊ကင္မရာ၊လက္ဝတ္ရတနာ..သိမ္းတဲ့ အခါမွာလည္း သုံးႏိုင္

ဖိနပ္ေတြ၊အိတ္ေတြဝယ္တဲ့ အခါ ပါလာတဲ့ Silica Gel Packet ေတြကို လႊင့္မပစ္သင့္ပါဘူး။ ကိုယ္က မသုံးျဖစ္တဲ့ အခါမ်ိဳးေတြမွာ အဲ့ဒီအိတ္ေတြ၊ ဖိနပ္ေတြကို သိမ္းမယ္ဆိုရင္ Silica Gel Packet ေတြကို ျပန္သုံးရမွာပါ။ တစ္ခါတေလမွာ အိတ္ေတြ ၊ ဖိနပ္ေတြကို ဘူးထဲ ထည့္သိမ္းေပမယ့္ အိတ္(သို႔) ဖိနပ္အေပၚမွာ မႈိေလးေတြ တက္ေနတာမ်ိဳးကို ႀကဳံ ဖူးၾကမွာပါ။ ဒါဟာ Silica Gel Packet ေလးေတြကို ထည့္ၿပီး မသိမ္းလို႔ ျဖစ္ရတာပါ။ ေလထုရဲ႕ အစိုဓါတ္ေတြက မႈိေတြ စြဲေစတာပါ။ ဒါေၾကာင့္ အိတ္ေတြ၊ ဖိနပ္ေတြ သိမ္းရင္ ဘူးထဲမွာ Silica Gel Packet ေလးေတြကိုပါ ထည့္သိမ္းေပးပါ။ ကင္မရာပစၥည္းေတြ သိမ္းတဲ့ အခါမွာလဲ သုံးႏိုင္ပါတယ္။ လက္ဝတ္ရတနာ ဗူးေလးေတြထဲမွာ Silica Gel Packet ထုပ္ေလးေတြကို ထည့္ၿပီး ရတနာပစၥည္းေတြနဲ႔ အတူသိမ္းေပးရင္ သင့္ရဲ႕ ရတနာပစၥည္းေတြကို စိုထိုင္းမႈေတြ ကေန ကင္းေဝးေစၿပီး ေတာက္ပလွပေနေစမွာပါ။

(၄)အေရးႀကီးတဲ့ စာ႐ြက္စာတမ္းေတြကို သိမ္းရင္လည္း အသုံးဝင္

အေရးႀကီးတဲ့ စာ႐ြက္စာတမ္းေတြ ..ဥပမာ-အိမ္ေထာင္စုဇယား၊ မွတ္ပုံတင္၊ ဘြဲ႕လက္မွတ္ ..အစရွိတာေတြကို သိမ္း မယ္ ဆိုရင္လဲ ဒီအထုပ္ေလးေတြကို သုံးလို႔ရပါတယ္။ ကိုယ္က စာ႐ြက္စာတမ္းေတြကို စာအိတ္ထဲမွာပဲ ထည့္သိမ္းမလား ၊ အံဆြဲ၊ ေသတၱာငယ္၊ ဘူးငယ္ေလးေတြထဲမွာပဲ ထည့္သိမ္းမလား..Silica Gel Packet ေလးေတြကို ထည့္သိမ္းရင္ ေျခာက္ေသြ႕ေနမွာျဖစ္ၿပီး ပ်က္စီးမႈေတြကို ကာကြယ္ေပးႏိုင္ပါတယ္။

(၅)Gym သြားတဲ့ အိတ္ထဲမွာထည့္ထားႏိုင္

Gym သြားတဲ့ အခါမွာ ဖိနပ္၊ Gym ေဆာ့တဲ့ အဝတ္အစားေတြကို သယ္တဲ့ အိတ္ေလးထဲမွာ Silica Gel Packet အထုပ္ ေလးေတြကို ထည့္သယ္ေပးပါ။ Gym အိတ္ထဲမွာက ဖိနပ္၊ ေျခအိတ္၊ ေခြၽးစိုေနတဲ့ အဝတ္အစားေတြကို ထည့္ ထားရတာဆိုေတာ့ အနံ႔အသက္ေတြ မေကာင္းပဲ ဗက္တီးရီးယားေတြ ေပါက္ဖြားေနတတ္ပါတယ္။ တကယ္လို႔မ်ား Silica Gel Packet အထုပ္ေလးေတြကို ထည့္ေပးမယ္ဆိုရင္ေတာ့ အိတ္ရဲ႕ အနံ႔အသက္ကိုလဲ သက္သာေစသလို ဗက္တီးရီးယား ေပါက္ဖြားမႈေတြကိုလည္း ေလ်ာ့ပါး သက္သာေစမွာပါ။ Locker ထဲမွာ ကိုယ့္ပစၥည္းေတြ ထည့္ထားတတ္ ဆိုရင္လဲ Locker ထဲမွာ Silica Gel Packet ေလးေတြကို ထည့္ထားေပးပါ။

(၆)အစားအေသာက္ေတြ တာရွည္ခံေအာင္သုံးႏိုင္

Silica gel အထုပ္ေလးေတြကိုေတာ့ စားစရာေတြ တာရွည္ခံခ်င္ရင္လဲ သုံးလို႔ ရပါတယ္။ ေဖာက္ထားတဲ့ စားစရာေတြ ဥပမာ- အာလူးေၾကာ္ဗူးေတြ၊ crackers ေတြကို အထုပ္ေဖာက္ၿပီး မကုန္ေသးတဲ့ အခါမ်ိဳးမွာ ေပ်ာ့ၿပီး၊ စားလို႔ မေကာင္း တာမ်ိဳး မျဖစ္ရေအာင္ ဗူးရဲ႕ အဖုံးေပၚမွာ ပုံမွာ ျပထားတဲ့ အတိုင္း Silica Gel Packet ကို တိပ္ေလးနဲ႔ ကပ္ၿပီး သိမ္း လို႔ရပါတယ္။ သတိျပဳရမွာက စားစရာကို သိမ္းတာျဖစ္တာေၾကာင့္ Silica Gel Packet အထဲက အရာေတြ စားစရာထဲ က်မသြားေအာင္ Silica ထုပ္ေလးေတြက ေပါက္ၿပဲေနတာမ်ိဳး မျဖစ္ေအာင္ ေသခ်ာ စစ္ေဆးေပးဖို႔ လိုပါတယ္။

(၇)တိရစာၦန္ အစားအစာေတြကို သိမ္းရာမွာလဲ သုံးႏိုင္

တိရစာၦန္ အစားအစာေတြကို ဗူးထဲထည့္ၿပီးဗူးရဲ႕ အတြင္းဘက္ ေဘးနားေလးမွာ Silica ထုပ္ေလးေတြကို ပုံထဲက အတိုင္း တိပ္ေလးနဲ႔ ကပ္ၿပီး သိမ္းထားေပးပါ။ အဲ့ဒါဆိုရင္ေတာ့ တိရစာၦန္ေလးေတြရဲ႕ အစားအစာေတြကိုလဲ ေပ်ာ့ကုန္တာ၊ မေကာင္းေတာ့တာမ်ိဳး မျဖစ္ေအာင္ ကာကြယ္ၿပီးသားပါ။ သတိျပဳရမွာက စားစရာကို သိမ္းတာျဖစ္တာေၾကာင့္ Silica Gel Packet အထဲက အရာေတြ စားစရာ ထဲ က်မသြားေအာင္ Silica ထုပ္ေလးေတြက ေပါက္ၿပဲေနတာမ်ိဳး မျဖစ္ေအာင္ ေသခ်ာ စစ္ေဆးေပးဖို႔ လိုပါတယ္။

(၈)အိမ္ကို သန႔္စင္ေပးရာမွာ သုံးႏိုင္

ဒီတစ္ခါကေတာ့ Silica Gel Packet အထုပ္ေလးေတြကို ေဖာက္ဖို႔ လိုပါတယ္။ အထုပ္ေလးေတြကို ေဖာက္ၿပီး ခြက္ ေသးေသးေလးထဲမွာ ထည့္ပါ။ ၿပီးရင္ေတာ့ ကိုယ္ႀကိဳက္တဲ့ ရနံ႔အဆီ ကို တစ္စက္ႏွစ္စက္ ေလာက္ ခ်ေပး ပါ။ဒါဆိုရင္ ေတာ့ သင့္ရဲ႕ ေနအိမ္ကို အနံ႔အသက္ေကာင္းၿပီး သန႔္စင္သြားေစမွာပါ။ သတိျပဳရမွာက Silica gel အေစ့ေလးေ တြက အသားအေရနဲ႔ ဓါတ္မတည့္တာ၊ ထိခိုက္တာမ်ိဳး ရွိတတ္ပါတယ္။ ဒါေၾကာင့္ အထုပ္ထဲက အရာေလးေတြကို လက္နဲ႔ မထိတာ အေကာင္းဆုံးပါ။ ခြက္ေလးထဲမွာ ထည့္ထားရင္ အဲ့ဒီခြက္ကို ကေလး၊တိရစာၦန္ေလးေတြ နဲ႔ ေဝးေဝး မွာ ထားေပးပါ။

Credit