ၾကားသိရသမွ်

မအေးသောင်းရဲ့Social Media ကရပ်နားမယ် / တောင်းပန်စာ/ ဖြေရှင်းလွှာ

Social Media ကရပ်နားမယ် / တောင်းပန်စာ/ ဖြေရှင်းလွှာ

ဘာခေါင်းစဉ်တပ်ရမယ်မှန်းမသိတဲ့စာပေါ့လေ

ဒီစာကိုရေးချိန်က အခု မနက် ၅:၃၄ မနေ့ကမနက်ကတည်းကဝမ်းနည်းတဲ့စိတ်တွေနဲ့အခုထိအိပ်မပျော်နိင်သေးဘူး

အနှစ် ၂၀ လောက်ခင်လာတဲ့သူငယ်ချင်းဇေယျာသော်။ ဟိုတလောကပဲ လွန်ခဲ့တဲ့ ၁၇ နှစ်ကငါတို့ခရီးသွားတဲ့ပုံပြန်တက်လာသေးတယ်လေဟာ။

အခု ဆုံးပြီ တဲ့ ဟုတ် မဟုတ်ကမသေချာသေး….မဟုတ်ပါစေနဲ မဟုတ်ပါစေနဲ ဆုတောင်းရင်း

FB မှာ ပထမဆုံး speechless ဆိုပြီ Friend only နဲ့တင်လိုက်တယ်။

အင်း ငါ public တင်ရင် မသေချာတဲ့သတင်းမှားကိုရှဲတာဖြစ်သွားနိုင်တယ်ဆိုတဲ့စိတ်နဲ့ public မတင်သေးဘူးပေါ့လေ။

အားလုံးကလည်းတိကျတဲ့အဖြေမထွက်သေးဘူးဆိုတော့မဟုတ်ပါစေနဲ့လို့ဆုတောင်းရင်းစောင့်ခဲ့တာပေါ့။

အဲ့လိုဆုတောင်းဆို 2021 ဧပြီလ ၈ ရက်နေ့ကိုသွားသတိရမိတယ်

၅၀၅ စာရင်းထဲမှာပါလို့ တိုက်ခန်းတွေပေါ် ခုန်ကူးပြီးထွက်ပြေးရတဲ့ည တညလုံးဘုရားရှိခိုးဆုတောင်းခဲ့တာ မနက်လင်းတဲ့ထိပဲ

နောက်နေ့အိမ်တလုံးထဲမှာသော့ခတ်ပြီး မီးမသုံး ရေမသုံးပဲညတိုင်းငိုခဲ့ရတဲ့ရက်တွေ အသံမထွက်ရဲခဲ့တဲ့ရက်တွေ တစ်ယောက်တည်းဘယ်သူနဲ့မှအဆက်အသွယ်မရပဲနို့တစ်ဗူးတောင်ကုန်အောင်မသောက်နိုင်ခဲ့တဲ့ရက်တွေ ညညဆိုအကြောက်တရားနဲ့မအိပ်ရဲတဲ့ရက်တွေငိုပြီးဖြတ်သန်းခဲ့ရတယ်။

ညတိုင်းလည်းငိုပြီးဆုတောင်းဖြစ်ခဲ့တယ်။

ဧပြီ ၂၁ ညည မအိပ်တာများလို့အဖမ်းခံလိုက်တော့မယ် မဟုတ်ရင်ငါရူးတော့မှာ။

ဘယ်ရောက်ရောက်သွားမယ်ဟာဆိုပြီး ဆိုင်ကယ် ၁၄ နာရီစီးပြီးထွက်လာခဲ့တဲ့နေ့တစ်လမ်းလုံးဆုတောင်းခဲ့ပြန်တယ်။

ဟိုရောက်တော့ခေါင်းပျားပျားအိပ်နိုင်ခဲ့တယ်။

ဒါပေမဲ့ မီးမရ အင်တာနက်မရနဲ့မီးကြိုးတွေတွေ့နေလျက်နဲ့ ဒီနေရာမီးမရကောင်းလားဆိုပြီးစိတ်မကောင်းဖြစ်ခဲ့ဖူးတယ်။

စိမ်းစိမ်းမြင်ရင်ကြောက်ပါတယ်ဆိုမှ ဇွန်လဆန်းလောက်မှာ စစ်သားအယောက် ၅၀၀ ကရွာကဖြတ်မယ်တဲ့။ နောက်တရွာပြေးကြရတာပေါ့။ စစ်ကလည်းဖြစ်နေတော့ ပထမစစ်ပြေး။

စစ်ပြေးကနေထပ်ပြီ စစ်ရှောင်/ပြေးပေါ့။

စစ်တပ်ကရွာကျော်သွားပြီဆိုမှ ပြန်လာတာ သူတို့အိမ်ရှေ့ကဖြတ်တော့ တခါးတွေပိတ်ပြီးပုန်းနေခဲ့မိတာ။

ဟိုနားချောင်း ဒီနားချောင်းနဲ့ပေါ့။

ကိုယ်တွေနေတဲ့အိမ်ကျော်မှသက်ပြင်းချနိုင်တာ။

ဒါပေမဲ့ ကံမကောင်းစွာပဲ အိမ်ဘေးကပ်လျက်တောင်ပေါ်မှာ စခန်းချကြမယ်တဲ့ ။

တညလုံး ဇီးကွက်မဖြစ်ရောလေ။

တပါတ်လောက်ကြာတော့ မဖြစ်တော့ဘူးနောက်တနေရာပြောင်းမယ်ဆိုပြီးပြောင်းလာခဲ့ကြတယ်။

၅၀၅ လွတ်ငြိမ်းပြီကြားတော့ မဖြစ်နိုင်ဘူးဆိုပြီးမယုံခဲ့ဘူး။ သတင်းကကြေငြာပြီဆိုမှ အူကြောင်ကြောင်ဖြစ်နတာ။ တကယ်လားပေါ့။ အမေဖုန်းဆက်ပြီးငိုပြောမှကိုယ်လည်းသေချာပြီပေါ့လေ။

ရန်ကုန်အိမ်ကိုတော့ ဒီနေ့ထိပြန်ကိုမရောက်တော့တာမြို့ပေါ်ပြန်လာတော့တခြားတနေရာမှာငှါးနေခဲ့တယ်။

သူစိမ်းအိမ်လာရင်အခန်းထဲပြေးပုန်းမိတုန်းပဲ။ လူတွေနဲ့တွေ့ရမှာ မျက်နှာချင်းဆိုင်ရမှာ ကြောက်နေတုန်းအချိန်ပေါ့။

၂ လလောက်နေပြီးမှ အမေတို့နဲ့အတူနောက်တနေရာထပ်ငှါးနေကြတာပေါ့။

အိမ်လေးလွမ်းလို့တရက်တော့သွားကြည့်ခဲ့သေးတယ်ကိုယ့်ရဲ့အခန်းထဲဝင်တော့ ထိုင်ငိုမိတာပါပဲ။

ဒီအိမ်လေးငါတနေ့ပြန်လာနေမယ်ဆိုပြီးခုထိမှတ်ယူတုန်း။

ကိုယ့်ဆီအလုပ်လုပ်ဖို့ ဖုန်းဆက်ကြတဲ့သူတွေဓာတ်ပုံရိုက်ဖို့ ပို့စ်တွေတင်ဖို့ပြောတဲ့သူတွေကို ငြင်းခဲြတယ်

အော် ထောင်ထဲက လုပ်ဖော်ကိုင်ဖက်တွေ ၅၀၅ မလွတ်သေးတဲ့သူတွေငဲ့ပြီးငါအလုပ်လုပ်ရမှာလားပေါ့။

ငါ့လိပ်ပြာငါမလုံပါဘူးဆိုပြီး အကုန်ငြင်းခဲ့တယ်။
ဒီနေ့ ထိပဲ အလုပ်တွေလက်မခံခဲ့ဖူးဘူး။

မနေ့က ၂၅/၇/၂၂

သတင်းကြားကတည်းက ငိုမိတာဘယ်နှစ်ခါမှန်းမသိဘူး။ သတင်းစောင့်နေရင်းက memory တွေပေါ်လာလို့ပြန်ကြည့်တော့ 2017 တုန်းကတင်ခဲ့တဲ့

“အနာဂတ်ကိုပြောင်းလဲချင်ရင်ပစ္စုပ္ပန်ကိုပြောင်းလဲဖို့လိုတာပေါ့နော်” တဲ့ဟာ ဒီစာသားကငါအခုစိတ်ထဲမှာရှိတဲ့စာသားနဲ့တိုက်ဆိုင်လိုက်တာဆိုပြီ ပြန်ရှဲခဲ့တယ်။

ဟောကောမန့်တက်လာတယ် ပုံတွေမရှဲနဲ့တဲ့အံမယ်လူတွေအားလုံးဝမ်းနည်းနေတဲ့နေမှာ အလှပုံတင်ရလောက်အောင်တော့ ငါမတုံးဘူးပေါ့သိကြမှာပါ ဆိုပြီးနေခဲ့တာပေါ့။

နောက်တစ်ယောက်လာမန့်တယ်နောက်မှရှဲလို့မရဘူးလားတဲ့ဒီနေ့တင်ခဲ့တဲ့ပို့မို့ ဒီနေ့မို့ရှဲတာလေ လို့ပြန်မန့်လိုက်တယ်။

အဲ့မှာစပြီးနားလည်မှုတွေလွဲပြီးစတော့တာပဲ။

နောက်တယောက်က“ရွံတယ် ဟာာ ဘာလဲပေါ့ ငါကလဲ ပိုရွံတယ်”

ဟုတ်တယ် ပရိုဖိုင်းတွေထဲဝင်ကြည့်တော့ ဖုန်းကဒ်အရောင်းမပြတ်ဘူး။

ကိုယ်ကလည်းသွေးဆူ ဒေါသထွက်ဝမ်းနည်းအကန်တွေပဲပြောချင်နေတာနဲ့ တိုက်ဆိုင်သွားတာပေါ့လေ။ ဒါပေမဲ့၂၉ မိနစ်လောက်နေတော့
ငါကြောင့်အနှောင့်အယှက်ဖြစ်ပါတယ်လေ ဆိုပြီးonly me လုက်ခဲ့တယ်။ ဒါပေမဲ့ SS ပဲတွေ့တဲ့သူတွေကျရှင်းပြလို့မရတော့ဘူး။ “အလှပုံတင်တာဒီနေ့မို့တင်တာလေဖြစ်သွားရော”
နားလည်မှုက လွဲသွားခဲ့ပြီ။ ရှင်းလို့ကိုမရတော့တာ။

ငါစာတင်ပြီးတောင်းပန်မှရမယ်ဆိုပြီးတောင်းပန်ခဲ့ပါသေးတယ်။ ဒါပေမဲ့ အားလုံးသွေးဆူပြီးလောင်မြိုက်နေချိန်မို့နားလည်လိုက်တယ်။

ကိုယ်တိုင် live လွှင်ပြောမယ်ပေါ့။

မဖြစ်သေးပါဘူးမနေ့ကချက်ခြင်းတင်ပြန်ရင်လဲ ကိုယ့်အရေးကထက်ကြီးတဲ့ဟာတွေရှိနေတော့ငါကအရေးကြီးလို့လားပေါ့ဆိုပြီး မရှင်းပဲနေခဲ့တယ်။

နောက်တစ်ခု SS အတုတွေ Myday အတု ကောမန့်အတုတွေပါထွက်လာတယ် ။ ကိုယ်နဲ့ friend ဖြစ်တဲ့သူတွေအသိဆုံးပါ Myday မှာ အမဲရောင်တွေပဲဆက်တိုက်တင်ထားတာပါ။

ကျေးဇူးပြုပြီးအဲ့လိုအတုတွေမလုပ်ပါနဲ့ရှင့်ရှင်းရပိုခက်လို့ပါ။ ဒီ ၁ နှစ်ခွဲအတွင်းခုချိန်ထိ live မလွှင့်ခဲ့ဘူး စျေးမရောင်းခဲ့ဘူး။ ဘာပစ္စည်းမှမကြော်ငြာခဲ့ဘူး။ ဘာဓာတ်ပုံ video မှလဲမရိုက်ခဲ့ပါဘူး။

ဒီအချိန်ထိဒီစိတ်ကအခိုင်အမာပါပဲ။

ဒါကကျမရဲ့အမှန်တရားပါ။

နောင်လည်း ကျမ ရပ်တည်ချက်၊ ယုံကြည်ချက်အတိုင်း လုပ်စရာရှိတဲ့အလုပ်တွေ ဆက်လုပ်နေမှာပါ။