လွိုင္သာယာရန္ကုန္ၿမိဳ႕နဲ႕ႏွိုင္းရင္လွိုင္သာယာဆိုတာ ၿမိဳင္ရာဇာပဲကဗ်ာမဆန္တဲ့ တာဇံေတြေနတဲ့အရပ္။
ကမၻာစစ္ကိုမႀကဳံဖူးေပမဲ့နာဂစ္ကိုဆုံဖူးတဲ့ ျမစ္ဝကြၽန္းေပၚပ်ံက်ေတြ၊ေရၾကည္ ျမက္ႏုရာ …..လယ္ကိုပစ္လို႔ စက္႐ုံရွာတဲ့ အညာမြန္ဂိုေတြ၊ေ႐ႊ႕ေျပာင္းအေျခခ်သဴေတြစုေဝးရာ လွိုင္သာယာဆိုတာျမန္မာျပည္ရဲ႕ ေထာပတ္ေစာ္မနံတဲ့ နယူးအဂၤလန္ေပါ့။
လွိုင္သာယာမွာ ၾကယ္ငါးပြင့္ဟိုတယ္မလိုအသီးအ႐ြက္ကေလးနဲ႕ မီးခြက္ေစ်းပဲလိုတယ္။
ရိုးစင္းပုံက ….မလိုင္မပါတဲ့ အသင့္ေသာက္လက္ဖက္ရည္လိုၿမိဳ႕၊လူမိုက္ေပါတယ္လို႔လဲဒူးရင္းသီးအခြံလို နာမည္ပ်က္တဲ့ၿမိဳ႕၊တခါတေလ သူ႕ကိုယ္ေပၚက ဒုစရိုက္ေတြကိုအလုပ္သမားသပိတ္ေတြနဲ႕ေဆးေၾကာတတ္ေသးတယ္။
က်ဴးေက်ာ္ရပ္ကြက္နဲ႕ ေခြၽးစက္ေတြမေသ႐ုံထမင္းတနပ္နဲ႕ ခ်က္အရက္အနံ႕ေတြစက္႐ုံမီးခိုးနဲ႕ ေသြးထြက္သံယိုရန္ပြဲေတြဟာလူယဥ္ေက်းတို႔ေဒသမွာ မရနိုင္တဲ့လွိုင္သာယာရဲ႕ စပါယ္ရွယ္မီႏူးေတြပါပဲ။
႐ႊံစဥ္မွာစိုးသူေတြ ေျခမခ်တဲ့အရပ္ကိုကမၻာေက်ာ္မင္းသမီး ဂ်ိဳလီလာတယ္ေဒၚေအာင္ဆန္းစုၾကည္လာတယ္။
အဲသလိုၿမိဳ႕ဟာ ……ျမန္မာ့ႏြေဦးေတာ္လွန္ေရးမွာ”သားေရႀကိဳးတင္းေအာင္ကိုင္”မိန္းမေတြက ႏႈတ္စကားၾကမ္းၾကမ္းေယာက္်ားေတြက တုတ္ဓါး တရမ္းရမ္းနဲ႕ကေလးလူႀကီးအကုန္ ေသြးအတူနီးပုံက”ဖိရင္ႂကြမယ္ ထိရင္ခ်မယ္”တဲ့ပထမဆုံးခုခံစစ္ဟာ အဲဒီမွာ ကန့္လန့္ကာဖြင့္ခဲ့တယ္။
အစြန္းထြက္တန္ဖိုးသီအိုရီကို အနံ႕မခံဖူးေပမဲ့ေသမထူးေနမထူး ဒႆန ဆိုတာ သူတို႔ကြမ္းတံေထြး။
အင္အားႀကီးတိုင္းသာ အရႈံးေပးရရင္သမၼာက်မ္းထဲမွာ စစ္ဘီလူးႀကီးဂိုလိယက္ကိုသိုးေက်ာင္းသားေဒးဗစ္နိုင္စရာမရွိ။
အေျခခံလူတန္းစား မပါတဲ့ေတာ္လွန္ေရးဆိုတာအေတာင္ပံမပါတဲ့ငွက္ပဲ။
“ငါေသရင္ငါ့အေနာက္ကေကာင္မင္းကိုခုတ္မယ္”(ပိုစတာ)အလံနက္လႊင့္လိုက္ၿပီအမွန္ဘက္ကအသင့္။
ေျပာမဆုံးေပ အေမာဆုံးႏြေမွာတေတာလုံးေဝမယ့္သူေတြ။
ေသလဲအဆန္းမဟုတ္မေႂကြရဲဘဲ ပန္းမလုပ္။
-သစၥာနီ
ႀကိဳးေပးခံရေသာ လွိုင္သာယာ သား ႏွစ္ဦးအားဂုဏ္ျပဳပါသည္။
uicode
လှိုင်သာယာရန်ကုန်မြို့နဲ့နှိုင်းရင်လှိုင်သာယာဆိုတာ မြိုင်ရာဇာပဲကဗျာမဆန်တဲ့ တာဇံတွေနေတဲ့အရပ်။
ကမ္ဘာစစ်ကိုမကြုံဖူးပေမဲ့နာဂစ်ကိုဆုံဖူးတဲ့ မြစ်ဝကျွန်းပေါ်ပျံကျတွေ၊ရေကြည် မြက်နုရာ …..လယ်ကိုပစ်လို့ စက်ရုံရှာတဲ့ အညာမွန်ဂိုတွေ၊ရွှေ့ပြောင်းအခြေချသူတွေစုဝေးရာ လှိုင်သာယာဆိုတာမြန်မာပြည်ရဲ့ ထောပတ်စော်မနံတဲ့ နယူးအင်္ဂလန်ပေါ့။
လှိုင်သာယာမှာ ကြယ်ငါးပွင့်ဟိုတယ်မလိုအသီးအရွက်ကလေးနဲ့ မီးခွက်စျေးပဲလိုတယ်။
ရိုးစင်းပုံက ….မလိုင်မပါတဲ့ အသင့်သောက်လက်ဖက်ရည်လိုမြို့၊လူမိုက်ပေါတယ်လို့လဲဒူးရင်းသီးအခွံလို နာမည်ပျက်တဲ့မြို့၊တခါတလေ သူ့ကိုယ်ပေါ်က ဒုစရိုက်တွေကိုအလုပ်သမားသပိတ်တွေနဲ့ဆေးကြောတတ်သေးတယ်။
ကျူးကျော်ရပ်ကွက်နဲ့ ချွေးစက်တွေမသေရုံထမင်းတနပ်နဲ့ ချက်အရက်အနံ့တွေစက်ရုံမီးခိုးနဲ့ သွေးထွက်သံယိုရန်ပွဲတွေဟာလူယဉ်ကျေးတို့ဒေသမှာ မရနိုင်တဲ့လှိုင်သာယာရဲ့ စပါယ်ရှယ်မီနူးတွေပါပဲ။
ရွှံစဉ်မှာစိုးသူတွေ ခြေမချတဲ့အရပ်ကိုကမ္ဘာကျော်မင်းသမီး ဂျိုလီလာတယ်ဒေါ်အောင်ဆန်းစုကြည်လာတယ်။
အဲသလိုမြို့ဟာ ……မြန်မာ့နွေဦးတော်လှန်ရေးမှာ”သားရေကြိုးတင်းအောင်ကိုင်”မိန်းမတွေက နှုတ်စကားကြမ်းကြမ်းယောက်ျားတွေက တုတ်ဓါး တရမ်းရမ်းနဲ့ကလေးလူကြီးအကုန် သွေးအတူနီးပုံက”ဖိရင်ကြွမယ် ထိရင်ချမယ်”တဲ့ပထမဆုံးခုခံစစ်ဟာ အဲဒီမှာ ကန့်လန့်ကာဖွင့်ခဲ့တယ်။
အစွန်းထွက်တန်ဖိုးသီအိုရီကို အနံ့မခံဖူးပေမဲ့သေမထူးနေမထူး ဒဿန ဆိုတာ သူတို့ကွမ်းတံထွေး။
အင်အားကြီးတိုင်းသာ အရှုံးပေးရရင်သမ္မာကျမ်းထဲမှာ စစ်ဘီလူးကြီးဂိုလိယက်ကိုသိုးကျောင်းသားဒေးဗစ်နိုင်စရာမရှိ။
အခြေခံလူတန်းစား မပါတဲ့တော်လှန်ရေးဆိုတာအတောင်ပံမပါတဲ့ငှက်ပဲ။
“ငါသေရင်ငါ့အနောက်ကကောင်မင်းကိုခုတ်မယ်”(ပိုစတာ)အလံနက်လွှင့်လိုက်ပြီအမှန်ဘက်ကအသင့်။
ပြောမဆုံးပေ အမောဆုံးနွမှောတတောလုံးဝေမယ့်သူတွေ။
သေလဲအဆန်းမဟုတ်မကြွေရဲဘဲ ပန်းမလုပ်။
-သစ္စာနီ
ကြိုးပေးခံရသော လှိုင်သာယာ သား နှစ်ဦးအားဂုဏ်ပြုပါသည်။