ၾကားသိရသမွ်

လူၾကားထဲ မဖတ္နဲ႔ေနာ္ (ရပ္ကြက္ထဲမွာ လက္ဖက္ရည္ဆိုင္က ႏွစ္ဆိုင္ ၊ လမ္းတဖက္ျခား မ်က္ႏွာခ်င္းဆိုင္….. တစ္ဆိုင္နဲ႔ တစ္ဆိုင္က မတည့္ၾကေတာ့ …

လူၾကားထဲ မဖတ္နဲ႔ေနာ္ (ရပ္ကြက္ထဲမွာ လက္ဖက္ရည္ဆိုင္က ႏွစ္ဆိုင္ ၊ လမ္းတဖက္ျခား မ်က္ႏွာခ်င္းဆိုင္….. တစ္ဆိုင္နဲ႔ တစ္ဆိုင္က မတည့္ၾကေတာ့ …

ေဘာပြဲျပလည္း၊ အၿပိဳင္ အဆိုင္၊ သီခ်င္းဖြင့္လည္း အၿပိဳင္အဆိုင္….. ေဖာက္သည္ လုရင္း ရန္ျဖစ္ၾကတာကလည္း၊ ခဏ ခဏ..

တဆိုင္က ဗီဗာဟိန္းဆို တဆိုင္က မေနာ. . တဆိုင္က ေလးျဖဴဆို တဖက္က ေဇာ္ဝင္းထြဋ္. . အသီးသီး ေဆာင္းေဘာက္ကို အသားကုန္ဖြင့္ၾကေတာ့ တဖက္ရပ္ကြက္ကပင္ ၾကားရ၏. .။

ဒီေန႔ေတာ့

တဆိုင္ရဲ႕ ခ်န္နယ္ကျမန္မာကား ျပေနၿပီး တဆိုင္က တရားေခြဖြင့္ထားေလ၏. .

“ရွင္ေနာ္ က်ယ္မရဲ႕ ခႏၶာကိုယ္ပဲ ရမယ္ က်ယ္မရဲ႕ အခ်စ္ကို ဘယ္ေတာ့မွ မရေစရဘူး ဟင့္..”

“ခႏၶာကိုယ္ ေပးလႉတာက မြန္ျမတ္တဲ့ အလုပ္ ပ်ိတ္သတ္. . ေသဘာပါသလား. . အာ့လိုနဲ႔ ဘုရားေလာင္း ယုန္မင္းဟာ..”

“ရွင္ေနာ္. .လႊတ္…လႊတ္…..”

“မိမိ ခႏၶာကိုယ္ကို ဖက္တြယ္ေနသမွ်ေတာ့ နိဗၺာန္ကို ဘယ္ေရာက္လိမ့္မလဲ ပ်ိတ္သတ္. . ဒီခႏၶာႀကီးကို မမက္ေမာနဲ႔ မတြယ္တာနဲ႔….. ဒါ အပုတ္ေကာင္ ႐ုပ္ေဆာင္ေနတာ လို႔မွတ္. .”

“ကိုႀကီးက ခ်စ္လို႔ပါကြာ.. ဟီးး ဟီးး”

“အာ့ဒါနဲ႔ ပ်ိတ္သတ္ မိဘေစာ္ကားတဲ့ သူကို မိုးႀကိဳး ပစ္ခ်လိုက္တာ..”

“ခြမ္းးးး”

“ဟဲ့ ေသာက္ပလုတ္တုတ္ မိုးႀကိဳးပစ္သံကလဲ ခြမ္းတဲ့….. ၾကား မၾကားဖူးဘူး. .”

မုန္႔ဟင္းခါး စားေနတဲ့ အေဒၚႀကီးေတ်ာက္ကအထူးအဆန္း ထေအာ္သည္. .

“ဟိုဖက္ ျမန္မာကားက ပန္းအိုးက်ကြဲတာ အေဒၚရဲ႕”

ေပါလိဝုဒ္ ပ်ိတ္သတ္ မုန္႔ဟင္းခါး ဆိုင္ရွင္က ရွင္းျပေနသံၾကားသည္. .

“သိေပါင္ေအ. . နင္တို႔ဟာကလည္း ရႈပ္လိုက္တာ ဘာနားေထာင္လို႔ ေထာင္ရမွန္း မသိ. . နိဗၺာန္ပဲ ေရာက္ေတာ့မလို မုဒိမ္းပဲ က်င့္ခံရေတာ့မလိုနဲ႔. .ဟင္း”

ဒီေလာက္ ဆူညံေနတဲ့ၾကားထဲ မဲဆြယ္တဲ့ ကိုယ္စားလွယ္ေလာင္းကားက အသံခ်ဲ႕စက္သံ တညံညံနဲ႔ ေရာက္လာေသးသည္. .

ကားေပၚမွာ သေကာင့္သားက မတ္တပ္ရပ္ၿပီး မိုက္ခြက္ကိုင္လ်က္. .

“က်ေနာ္ရဲ႕ သမိုင္းေၾကာင္းကို ေလ့လာႏိုင္ပါတယ္ က်ေနာ္ဟာ ဆိုရင္ျဖင့္. .”

“သူခိုးဗ်ိဳ႕ သူခိုး သူခိုး. .လိုက္ဟ လိုက္. .”

ဟိုဖက္ဆိုင္က ျမန္မာကား ေကာင္းခန္းေရာက္ၿပီ. .

“ငြင္ ဘာေဒြတုန္းးး”

“လိုက္ေဟ့ မလြတ္ေစနဲ႔. . ခ် . .ခ်. .”

ကိုယ္စားလွယ္လည္း ႐ုတ္တရက္မို႔ ေၾကာင္သြားသည္ထင့္. .

“က်ေနာ္ မခိုးရေသးပါဘူးဗ်ာ ခုမွ ႀကံတုန္းး အဲေလ ခုမွ မဲဆြယ္ေနတာပါ. .”
“ဟာ ကိုေက်ာ္ျမင့္ အဲဒါ ဟိုက္ဖက္ လက္ဖက္ရည္ဆိုင္က ဇာတ္ကားျပေနတဲ့အသံဗ်. .”

ေဘးနားက တေယာက္က ေျပာမွ အသိျပန္ဝင္လာၿပီး. .

“အဟမ္း အဟမ္း. . အာ့ေၾကာင့္ ျပည္သူဖက္က မားမားမတ္မတ္ ရပ္တည္မယ့္ က်ေနာ့္ကို. .”

“ေတာ္ေလာက္ၿပီ ထင္တယ္. . ေတာ္ေလာက္ၿပီ ထင္တယ္. .အဲ ပ်ိတ္သတ္..”

“ငြင္ ဘာေတြလားး”

ကိုယ္စားလွယ္ေလာင္း မ်က္ႏွာပ်က္ေခ်ၿပီ. .

“ဒါက ဟိုဖကၠ တရားေခြဖြင့္ ေနတာဗ်. . ဂ႐ုစိုက္မေနနဲ႔ ကြကို ေျပာစရာရွိတာေျပာခ် ”

ငါေနာ္ ဘယ္လိုရပ္ကြက္မ်ိဳး မဲဆြယ္မိပါလိမ့္. . သူမွာသာ အာေပါက္မတတ္ ဆြယ္ေနရသည္၊ ယခု အခ်ိန္ထိ ကားေရွ႕မွ ေတ်ာက္မွ မရွိ. .ငိုေတာင္ ငိုခ်င္လာဘီ. .ဟင့္ အာ့လိုနဲ႔. .

“က်ေနာ္ရဲ႕ လုပ္ေဆာင္ခ်က္ေတြက က်ေနာ္ ဘယ္လိုလူမ်ိဳးလဲဆိုတာ . .တာ”

“မုဒိမ္းေကာင္ႀကီး က်မကို အတင္းအဓမၼက်င့္ခဲ့တာ သူပဲ သူ႔ကို ဖမ္းၾကဘာ. .”

“အဲ က်ေဒၚ ဘယ္လို လူမ်ိဳးလဲ ဆိုတာ က်ေနာ္လုပ္ခဲ့တဲ့ မုဒိမ္းမႈက သက္ေသျပ. .ဟင့္ ေယာင္ကုန္ဘီ. .အဲ အလုပ္က သက္ေသျပပါလိမ့္မယ္. .ဟင့္”

“မုသာဝါဒ က်ဴးလြန္တာလဲ ကံငါးပါးထဲက တပါးကို ခ်ိဳးေဖာက္တာပဲ ပ်ိတ္သတ္. . ဒါလည္း ဒယ္အိုးပဲ. . ဘာတုန္း ပ်ိတ္သတ္. . ဒယ္အိုးပါ. .ဖ်႕ာ”

“ကတိေပးပါတယ္. . က်ေနာ္ အနစ္နာခံေဆာင္႐ြက္ပါ့မယ္. .”

“ေရာ့ ဒါက ငါ့ညီမကို ေစာ္ကားတဲ့ အတြက္. . ခြပ္. . အားး ဒါက ငါ့ကို လိမ္တဲ့အတြက္. . ခြပ္. . အား!!! ”

ကိုယ္စားလွယ္ႀကီး ချမာ မ်က္ရည္အဝဲသားနဲ႔ ကိုယ့္ပါးကိုယ္ ေယာင္ရမ္းစမ္းမိရွာသည္. .

“အာဏာ႐ူး ဥစၥာ႐ူးတယ္ ဆိုတာကလည္း တဏွာ မျပတ္ႏိုင္လို႔. . ကုသိုလ္ အကုသိုလ္ကို ခြဲျခား မသိ. .”

ဟင့္ ဟင့္. .အီးး ငိုသံက က်ယ္ေလာင္စြာ ထြက္ေပၚလာသည္. .

“ဟဲ့ ဇာတ္ကားထဲက ဟဝွာက်င့္ခံရတဲ့ ေကာင္မငိုတာကလည္း ယြက်ားသံႀကီးနဲ႔. .”

ခုနက မုန္႔ဟင္းခါးစားေနတဲ့ အဘြားက ထပ္ေမးျပန္သည္. . ဒီတခါ က်င့္ခံရတာ မင္းသမီး မဟုတ္ဘူး ယြက်ားႀကီး ယြက်ားႀကီး ဟ္ုမဲဆြယ္ေနတဲ့ ကိုယ္စားလွယ္ေလာင္းႀကီး. . ဟင္ ဘယ္လို ဘယ္လို. .

“ဟြတ္ဒယ္ အေဒၚေရ သူ႔ချမာ ဒီရပ္ကြက္ထဲေရာက္မွ နားမုဒိမ္းက်င့္ခံရလို႔. .ငိုေနတာ. .!!”

လႊတ္ေတာ္ ကိုယ္စားလွယ္ႀကီး ငိုသံၾကားမွ လက္ဖက္ရည္ဆိုင္ေတြ အားနာလို႔ထင့္ ျမန္မာကားေတြတရားေခြေတြကို ပိတ္လိုက္ၾကသည္. . သို႔ေသာ္လည္း ကိုယ္စားလွယ္ႀကီး ချမာဝမ္းနည္းလို႔မဆုံးး. .

“ေက်းဇူး မေမ့ပါဘူးဗ်ာ ဟင့္ အီးး”

လက္ဖက္ရည္ဆိုင္ေတြဖက္ပင္ လက္အုပ္ခ်ီ၍ ရွိခိုးလိုက္ေသးသည္. . ရပ္ကြက္က လူေတြလည္း ယခုမွ မဲဆြယ္ေနမွန္း သတိထားမိၾကေလ၏

ထိုအခါမွ ကိုယ္စားလွယ္ေလာင္းႀကီးလည္း အတိုဆုံးနဲ႔ အထိေရာက္ဆုံး မဲဆြယ္ေတာ့မည္ဟု အားယူလိုက္ၿပီး. .

“က်ေနာ္ေျပာခ်င္တာကေတာ့ ျပည္သူေတြအေနနဲ႔ က်ေနာ့္ကို ယုံၾကည္ပါလို႔. .လို႔ ”

ေျပာလို႔မွ မဆုံးေသး. . လိမ္ဒယ္. .ညာဒယ္. . လူညာႀကီးေရ . . ယုံေအာင္ ဖီးတက္ဒယ္. . ဟူေသာ သီခ်င္းကို ဖြင့္လ်က္ ေဘာက္သံ က်ယ္ေလာင္လွေသာ ထီလွည္းတစီး လက္ဖက္ရည္ဆိုင္ေတြ အနီးလာေရာင္းေလ၏. .

ထိုလွည္းနဲ႔ မေရွးမေႏွာင္းမွာ. .

လူမ်ိဳး မေ႐ြး ဘာသာမေ႐ြး စားသုံးႏိုင္တဲ့ က်ေနာ္မ်ားရဲ႕. . ေ႐ႊျမင္းပ်ံ ဟလဝါဟာ မိဘျပည္သူမ်ား ေရွ႕ေမွာက္သို႔ မေႏွးအေရာက္ လာပါၿပီ ဟူသည့္ အသံနဲ႔အတူ

ပုသိမ္ ဟလဝါေရာင္းသည့္ ကားကိုေတြ႕လိုက္ရေလ၏. . ထိုကားေနာက္မွာမွ မႏွဲေလး ရင္က်ပ္သည့္ အသံျဖင့္ တစာစာ ေအာ္ေနသည့္ ဝက္ဆီဖတ္ တြန္းလွည္းးး. .

ဒီညေတာ့ ရဦးမည့္ မဲ. .ငါ့လခြမ္းးး

Credit

လူကြားထဲ မဖတ်နဲ့နော် (ရပ်ကွက်ထဲမှာ လက်ဖက်ရည်ဆိုင်က နှစ်ဆိုင် ၊ လမ်းတဖက်ခြား မျက်နှာချင်းဆိုင်….. တစ်ဆိုင်နဲ့ တစ်ဆိုင်က မတည့်ကြတော့ …

ဘောပွဲပြလည်း၊ အပြိုင် အဆိုင်၊ သီချင်းဖွင့်လည်း အပြိုင်အဆိုင်….. ဖောက်သည် လုရင်း ရန်ဖြစ်ကြတာကလည်း၊ ခဏ ခဏ..

တဆိုင်က ဗီဗာဟိန်းဆို တဆိုင်က မနော. . တဆိုင်က လေးဖြူဆို တဖက်က ဇော်ဝင်းထွဋ်. . အသီးသီး ဆောင်းဘောက်ကို အသားကုန်ဖွင့်ကြတော့ တဖက်ရပ်ကွက်ကပင် ကြားရ၏. .။

ဒီနေ့တော့

တဆိုင်ရဲ့ ချန်နယ်ကမြန်မာကား ပြနေပြီး တဆိုင်က တရားခွေဖွင့်ထားလေ၏. .

“ရှင်နော် ကျယ်မရဲ့ ခန္ဓာကိုယ်ပဲ ရမယ် ကျယ်မရဲ့ အချစ်ကို ဘယ်တော့မှ မရစေရဘူး ဟင့်..”

“ခန္ဓာကိုယ် ပေးလှူတာက မွန်မြတ်တဲ့ အလုပ် ပျိတ်သတ်. . သေဘာပါသလား. . အာ့လိုနဲ့ ဘုရားလောင်း ယုန်မင်းဟာ..”

“ရှင်နော်. .လွှတ်…လွှတ်…..”

“မိမိ ခန္ဓာကိုယ်ကို ဖက်တွယ်နေသမျှတော့ နိဗ္ဗာန်ကို ဘယ်ရောက်လိမ့်မလဲ ပျိတ်သတ်. . ဒီခန္ဓာကြီးကို မမက်မောနဲ့ မတွယ်တာနဲ့….. ဒါ အပုတ်ကောင် ရုပ်ဆောင်နေတာ လို့မှတ်. .”

“ကိုကြီးက ချစ်လို့ပါကွာ.. ဟီးး ဟီးး”

“အာ့ဒါနဲ့ ပျိတ်သတ် မိဘစော်ကားတဲ့ သူကို မိုးကြိုး ပစ်ချလိုက်တာ..”

“ခွမ်းးးး”

“ဟဲ့ သောက်ပလုတ်တုတ် မိုးကြိုးပစ်သံကလဲ ခွမ်းတဲ့….. ကြား မကြားဖူးဘူး. .”

မုန့်ဟင်းခါး စားနေတဲ့ အဒေါ်ကြီးတျောက်ကအထူးအဆန်း ထအော်သည်. .

“ဟိုဖက် မြန်မာကားက ပန်းအိုးကျကွဲတာ အဒေါ်ရဲ့”

ပေါလိဝုဒ် ပျိတ်သတ် မုန့်ဟင်းခါး ဆိုင်ရှင်က ရှင်းပြနေသံကြားသည်. .

“သိပေါင်အေ. . နင်တို့ဟာကလည်း ရှုပ်လိုက်တာ ဘာနားထောင်လို့ ထောင်ရမှန်း မသိ. . နိဗ္ဗာန်ပဲ ရောက်တော့မလို မုဒိမ်းပဲ ကျင့်ခံရတော့မလိုနဲ့. .ဟင်း”

ဒီလောက် ဆူညံနေတဲ့ကြားထဲ မဲဆွယ်တဲ့ ကိုယ်စားလှယ်လောင်းကားက အသံချဲ့စက်သံ တညံညံနဲ့ ရောက်လာသေးသည်. .

ကားပေါ်မှာ သကောင့်သားက မတ်တပ်ရပ်ပြီး မိုက်ခွက်ကိုင်လျက်. .

“ကျနော်ရဲ့ သမိုင်းကြောင်းကို လေ့လာနိုင်ပါတယ် ကျနော်ဟာ ဆိုရင်ဖြင့်. .”

“သူခိုးဗျို့ သူခိုး သူခိုး. .လိုက်ဟ လိုက်. .”

ဟိုဖက်ဆိုင်က မြန်မာကား ကောင်းခန်းရောက်ပြီ. .

“ငွင် ဘာဒွေတုန်းးး”

“လိုက်ဟေ့ မလွတ်စေနဲ့. . ချ . .ချ. .”

ကိုယ်စားလှယ်လည်း ရုတ်တရက်မို့ ကြောင်သွားသည်ထင့်. .

“ကျနော် မခိုးရသေးပါဘူးဗျာ ခုမှ ကြံတုန်းး အဲလေ ခုမှ မဲဆွယ်နေတာပါ. .”
“ဟာ ကိုကျော်မြင့် အဲဒါ ဟိုက်ဖက် လက်ဖက်ရည်ဆိုင်က ဇာတ်ကားပြနေတဲ့အသံဗျ. .”

ဘေးနားက တယောက်က ပြောမှ အသိပြန်ဝင်လာပြီး. .

“အဟမ်း အဟမ်း. . အာ့ကြောင့် ပြည်သူဖက်က မားမားမတ်မတ် ရပ်တည်မယ့် ကျနော့်ကို. .”

“တော်လောက်ပြီ ထင်တယ်. . တော်လောက်ပြီ ထင်တယ်. .အဲ ပျိတ်သတ်..”

“ငွင် ဘာတွေလားး”

ကိုယ်စားလှယ်လောင်း မျက်နှာပျက်ချေပြီ. .

“ဒါက ဟိုဖက္က တရားခွေဖွင့် နေတာဗျ. . ဂရုစိုက်မနေနဲ့ ကွကို ပြောစရာရှိတာပြောချ ”

ငါနော် ဘယ်လိုရပ်ကွက်မျိုး မဲဆွယ်မိပါလိမ့်. . သူမှာသာ အာပေါက်မတတ် ဆွယ်နေရသည်၊ ယခု အချိန်ထိ ကားရှေ့မှ တျောက်မှ မရှိ. .ငိုတောင် ငိုချင်လာဘီ. .ဟင့် အာ့လိုနဲ့. .

“ကျနော်ရဲ့ လုပ်ဆောင်ချက်တွေက ကျနော် ဘယ်လိုလူမျိုးလဲဆိုတာ . .တာ”

“မုဒိမ်းကောင်ကြီး ကျမကို အတင်းအဓမ္မကျင့်ခဲ့တာ သူပဲ သူ့ကို ဖမ်းကြဘာ. .”

“အဲ ကျဒေါ် ဘယ်လို လူမျိုးလဲ ဆိုတာ ကျနော်လုပ်ခဲ့တဲ့ မုဒိမ်းမှုက သက်သေပြ. .ဟင့် ယောင်ကုန်ဘီ. .အဲ အလုပ်က သက်သေပြပါလိမ့်မယ်. .ဟင့်”

“မုသာဝါဒ ကျူးလွန်တာလဲ ကံငါးပါးထဲက တပါးကို ချိုးဖောက်တာပဲ ပျိတ်သတ်. . ဒါလည်း ဒယ်အိုးပဲ. . ဘာတုန်း ပျိတ်သတ်. . ဒယ်အိုးပါ. .ဖျ့ာ”

“ကတိပေးပါတယ်. . ကျနော် အနစ်နာခံဆောင်ရွက်ပါ့မယ်. .”

“ရော့ ဒါက ငါ့ညီမကို စော်ကားတဲ့ အတွက်. . ခွပ်. . အားး ဒါက ငါ့ကို လိမ်တဲ့အတွက်. . ခွပ်. . အား!!! ”

ကိုယ်စားလှယ်ကြီး ခမြာ မျက်ရည်အဝဲသားနဲ့ ကိုယ့်ပါးကိုယ် ယောင်ရမ်းစမ်းမိရှာသည်. .

“အာဏာရူး ဥစ္စာရူးတယ် ဆိုတာကလည်း တဏှာ မပြတ်နိုင်လို့. . ကုသိုလ် အကုသိုလ်ကို ခွဲခြား မသိ. .”

ဟင့် ဟင့်. .အီးး ငိုသံက ကျယ်လောင်စွာ ထွက်ပေါ်လာသည်. .

“ဟဲ့ ဇာတ်ကားထဲက ဟဝှာကျင့်ခံရတဲ့ ကောင်မငိုတာကလည်း ယွကျားသံကြီးနဲ့. .”

ခုနက မုန့်ဟင်းခါးစားနေတဲ့ အဘွားက ထပ်မေးပြန်သည်. . ဒီတခါ ကျင့်ခံရတာ မင်းသမီး မဟုတ်ဘူး ယွကျားကြီး ယွကျားကြီး ဟ်ုမဲဆွယ်နေတဲ့ ကိုယ်စားလှယ်လောင်းကြီး. . ဟင် ဘယ်လို ဘယ်လို. .

“ဟွတ်ဒယ် အဒေါ်ရေ သူ့ခမြာ ဒီရပ်ကွက်ထဲရောက်မှ နားမုဒိမ်းကျင့်ခံရလို့. .ငိုနေတာ. .!!”

လွှတ်တော် ကိုယ်စားလှယ်ကြီး ငိုသံကြားမှ လက်ဖက်ရည်ဆိုင်တွေ အားနာလို့ထင့် မြန်မာကားတွေတရားခွေတွေကို ပိတ်လိုက်ကြသည်. . သို့သော်လည်း ကိုယ်စားလှယ်ကြီး ခမြာဝမ်းနည်းလို့မဆုံးး. .

“ကျေးဇူး မမေ့ပါဘူးဗျာ ဟင့် အီးး”

လက်ဖက်ရည်ဆိုင်တွေဖက်ပင် လက်အုပ်ချီ၍ ရှိခိုးလိုက်သေးသည်. . ရပ်ကွက်က လူတွေလည်း ယခုမှ မဲဆွယ်နေမှန်း သတိထားမိကြလေ၏

ထိုအခါမှ ကိုယ်စားလှယ်လောင်းကြီးလည်း အတိုဆုံးနဲ့ အထိရောက်ဆုံး မဲဆွယ်တော့မည်ဟု အားယူလိုက်ပြီး. .

“ကျနော်ပြောချင်တာကတော့ ပြည်သူတွေအနေနဲ့ ကျနော့်ကို ယုံကြည်ပါလို့. .လို့ ”

ပြောလို့မှ မဆုံးသေး. . လိမ်ဒယ်. .ညာဒယ်. . လူညာကြီးရေ . . ယုံအောင် ဖီးတက်ဒယ်. . ဟူသော သီချင်းကို ဖွင့်လျက် ဘောက်သံ ကျယ်လောင်လှသော ထီလှည်းတစီး လက်ဖက်ရည်ဆိုင်တွေ အနီးလာရောင်းလေ၏. .

ထိုလှည်းနဲ့ မရှေးမနှောင်းမှာ. .

လူမျိုး မရွေး ဘာသာမရွေး စားသုံးနိုင်တဲ့ ကျနော်များရဲ့. . ရွှေမြင်းပျံ ဟလဝါဟာ မိဘပြည်သူများ ရှေ့မှောက်သို့ မနှေးအရောက် လာပါပြီ ဟူသည့် အသံနဲ့အတူ

ပုသိမ် ဟလဝါရောင်းသည့် ကားကိုတွေ့လိုက်ရလေ၏. . ထိုကားနောက်မှာမှ မနှဲလေး ရင်ကျပ်သည့် အသံဖြင့် တစာစာ အော်နေသည့် ဝက်ဆီဖတ် တွန်းလှည်းးး. .

ဒီညတော့ ရဦးမည့် မဲ. .ငါ့လခွမ်းးး

Credit