ၾကားသိရသမွ်

ဒါက္တာ ေတဇာစန္း ရွင္းျပတဲ့ “လူထု သစၥာအဓိ႒ာန္ျပဳပြဲ”အေၾကာင္း

ေဒါက္တာ ေတဇာစန္း ရွင္းျပတဲ့ “လူထု သစၥာအဓိ႒ာန္ျပဳပြဲ”အေၾကာင္း

ဇူလိုင္ – ၃၀

စစ္အာဏာရွင္ အျမစ္ျဖတ္ ေခ်မႈန္းေရးအတြက္ မနက္ဖန္ ဇူလိုင္(၃၁)ရက္ မနက္(၁၀)နာရီ(၃၇)မိနစ္မွာ ျပဳလုပ္မယ့္ “လူထု သစၥာအဓိ႒ာန္ျပဳပြဲ”အေၾကာင္း ေႏြဦးေတာ္လွန္ေရး – မႏၲေလး လူထုသပိတ္ ေခါင္းေဆာင္ ေဒါက္တာေတဇာစန္းက ရွင္းျပထားတာကို ျပန္လည္ ေဖာ္ျပအပ္ပါတယ္။

“လူထု သစၥာအဓိ႒ာန္ျပဳပြဲ””တရားတဲ့သူသာ ႏိုင္ေၾကးေဟ့ . . .”

ေတာ္လွန္ေရးအဆက္ဆက္ အသက္၊ ေသြး၊ ေခြၽးတို႔ျဖင့္ ထည့္ဝင္ေပးဆပ္သြားၾကတဲ့ အာဇာနည္သူရဲေကာင္းတို႔ကို တိုင္တည္ၿပီး မနက္ျဖန္၊ တနဂၤေႏြေန႔ (၃၁ ဇူလိုင္ ၂၀၂၂) မွာ ျပည္သူလူထုတစ္ရပ္လုံးက မိမိတို႔ ယုံၾကည္ရာတရားအလိုက္ တိုင္တည္ သစၥာအဓိ႒ာန္ျပဳၾကမယ့္ “လူထု သစၥာအဓိ႒ာန္ျပဳပြဲ” ေတြကို ျပည္တြင္းျပည္ပအႏွံ႔၊ ႏိုင္ငံ‌ေဒသအႏွံ႔မွာ (Online, On-ground) ပုံစံမ်ိဳးစုံနဲ႔ ဆင္ႏႊဲက်င္းပသြားၾကရေအာင္ဗ်ာ။

❏ ေတာ္လွန္ေရးတြင္ ျမင့္ျမတ္စြာရင္းႏွီးေပးဆပ္ခဲ့ၾကသူအေပါင္းတို႔၏ ေက်းဇူးဂုဏ္ကို ဦးၫြတ္အေလးျပဳပါသည္။

❏ ေတာ္လွန္ေရးပန္းတိုင္ေရာက္သည္အထိ ဆက္လက္ခ်ီတက္ပါမည္ဟု သစၥာအဓိ႒ာန္ျပဳပါသည္။

❏ တရားမွ်တ လြတ္လပ္ျခင္းႏွင့္ တန္းတူညီမွ်ျခင္းတို႔သည္ ဤေျမ၌ တည္ပါေစသတည္း။

❏ တရားတဲ့သူသာ ႏိုင္ေၾကးေဟ့ . . .

ဒီလို သစၥာအဓိ႒ာန္ျပဳျခင္းအျပင္ ကား၊ ဆိုင္ကယ္ေတြကေန ဟြန္းတီးသပိတ္နဲ႔ သံပုံးတီးသပိတ္ေတြကိုလည္း ေပါင္းစပ္‌၊ အားျဖည့္၊ ဆင္ႏႊဲႏိုင္ၾကပါတယ္။

က်ေနာ္တို႔အေနနဲ႔ စစ္အာဏာရွင္ရဲ႕ ရက္စက္ယုတ္မာမႈေတြအေပၚမွာ ေဒါသစိတ္၊ ဝမ္းနည္းစိတ္မွာပဲ ရပ္တန႔္မေနဘဲ “လက္ေတြ႕ေတာ္လွန္စိတ္” အျဖစ္ ေျပာင္းလဲႏိုင္ၾကဖို႔ အထူး လိုအပ္ပါတယ္။ ဒီပြဲက “ျပည္သူ႔ေတာ္လွန္ေရး” ျဖစ္တာနဲ႔အညီ ျပည္သူတရပ္လုံးက ေတာ္လွန္ေရးမွာ ပုံစံမ်ိဳးစုံနဲ႔ စဥ္ဆက္မပ်က္ ပါဝင္ေနၾကဖို႔ လိုအပ္ပါတယ္။

က်ေနာ္တို႔ ၿပိဳင္တူတြန္းမွ အျမန္ဆုံး ေ႐ြ႕ပါလိမ့္မယ္။ က်ေနာ္တို႔ ေမွ်ာ္ရည္တဲ့ ျပည္သူ႔ေအာင္ပြဲကို ရရွိဖို႔အတြက္ ေအာင္ပြဲနဲ႔ထိုက္တန္တဲ့ ႀကိဳးပမ္းအားထုတ္မႈေတြ မျဖစ္မေန ရွိရပါလိမ့္မယ္။ “Freedom is not Free” “လြတ္ေျမာက္မႈဆိုတာ အလကား မရႏိုင္ပါဘူး”။

က်ေနာ္တို႔ လိုရာခရီးပန္းတိုင္ကို မေရာက္မခ်င္း ေသြးမေအးေၾကး၊ ေသြးမေၾကာင္ေၾကး၊ ေသြးမကြဲေၾကးဗ်ာ။ အဆုံးထိ အတူ ခ်ီတက္ၾကမယ္။ ဓမၼသည္ အဓမၼကို မုခ် ႏိုင္ရမယ္။

ဒေါက်တာ တေဇာစန်း ရှင်းပြတဲ့ “လူထု သစ္စာအဓိဋ္ဌာန်ပြုပွဲ”အကြောင်း

ဇူလိုင် – ၃၀

စစ်အာဏာရှင် အမြစ်ဖြတ် ချေမှုန်းရေးအတွက် မနက်ဖန် ဇူလိုင်(၃၁)ရက် မနက်(၁၀)နာရီ(၃၇)မိနစ်မှာ ပြုလုပ်မယ့် “လူထု သစ္စာအဓိဋ္ဌာန်ပြုပွဲ”အကြောင်း နွေဦးတော်လှန်ရေး – မန္တလေး လူထုသပိတ် ခေါင်းဆောင် ဒေါက်တာတေဇာစန်းက ရှင်းပြထားတာကို ပြန်လည် ဖော်ပြအပ်ပါတယ်။

“လူထု သစ္စာအဓိဋ္ဌာန်ပြုပွဲ””တရားတဲ့သူသာ နိုင်ကြေးဟေ့ . . .”

တော်လှန်ရေးအဆက်ဆက် အသက်၊ သွေး၊ ချွေးတို့ဖြင့် ထည့်ဝင်ပေးဆပ်သွားကြတဲ့ အာဇာနည်သူရဲကောင်းတို့ကို တိုင်တည်ပြီး မနက်ဖြန်၊ တနင်္ဂနွေနေ့ (၃၁ ဇူလိုင် ၂၀၂၂) မှာ ပြည်သူလူထုတစ်ရပ်လုံးက မိမိတို့ ယုံကြည်ရာတရားအလိုက် တိုင်တည် သစ္စာအဓိဋ္ဌာန်ပြုကြမယ့် “လူထု သစ္စာအဓိဋ္ဌာန်ပြုပွဲ” တွေကို ပြည်တွင်းပြည်ပအနှံ့၊ နိုင်ငံ‌ဒေသအနှံ့မှာ (Online, On-ground) ပုံစံမျိုးစုံနဲ့ ဆင်နွှဲကျင်းပသွားကြရအောင်ဗျာ။

❏ တော်လှန်ရေးတွင် မြင့်မြတ်စွာရင်းနှီးပေးဆပ်ခဲ့ကြသူအပေါင်းတို့၏ ကျေးဇူးဂုဏ်ကို ဦးညွတ်အလေးပြုပါသည်။

❏ တော်လှန်ရေးပန်းတိုင်ရောက်သည်အထိ ဆက်လက်ချီတက်ပါမည်ဟု သစ္စာအဓိဋ္ဌာန်ပြုပါသည်။

❏ တရားမျှတ လွတ်လပ်ခြင်းနှင့် တန်းတူညီမျှခြင်းတို့သည် ဤမြေ၌ တည်ပါစေသတည်း။

❏ တရားတဲ့သူသာ နိုင်ကြေးဟေ့ . . .

ဒီလို သစ္စာအဓိဋ္ဌာန်ပြုခြင်းအပြင် ကား၊ ဆိုင်ကယ်တွေကနေ ဟွန်းတီးသပိတ်နဲ့ သံပုံးတီးသပိတ်တွေကိုလည်း ပေါင်းစပ်‌၊ အားဖြည့်၊ ဆင်နွှဲနိုင်ကြပါတယ်။

ကျနော်တို့အနေနဲ့ စစ်အာဏာရှင်ရဲ့ ရက်စက်ယုတ်မာမှုတွေအပေါ်မှာ ဒေါသစိတ်၊ ဝမ်းနည်းစိတ်မှာပဲ ရပ်တန့်မနေဘဲ “လက်တွေ့တော်လှန်စိတ်” အဖြစ် ပြောင်းလဲနိုင်ကြဖို့ အထူး လိုအပ်ပါတယ်။ ဒီပွဲက “ပြည်သူ့တော်လှန်ရေး” ဖြစ်တာနဲ့အညီ ပြည်သူတရပ်လုံးက တော်လှန်ရေးမှာ ပုံစံမျိုးစုံနဲ့ စဉ်ဆက်မပျက် ပါဝင်နေကြဖို့ လိုအပ်ပါတယ်။

ကျနော်တို့ ပြိုင်တူတွန်းမှ အမြန်ဆုံး ရွေ့ပါလိမ့်မယ်။ ကျနော်တို့ မျှော်ရည်တဲ့ ပြည်သူ့အောင်ပွဲကို ရရှိဖို့အတွက် အောင်ပွဲနဲ့ထိုက်တန်တဲ့ ကြိုးပမ်းအားထုတ်မှုတွေ မဖြစ်မနေ ရှိရပါလိမ့်မယ်။ “Freedom is not Free” “လွတ်မြောက်မှုဆိုတာ အလကား မရနိုင်ပါဘူး”။

ကျနော်တို့ လိုရာခရီးပန်းတိုင်ကို မရောက်မချင်း သွေးမအေးကြေး၊ သွေးမကြောင်ကြေး၊ သွေးမကွဲကြေးဗျာ။ အဆုံးထိ အတူ ချီတက်ကြမယ်။ ဓမ္မသည် အဓမ္မကို မုချ နိုင်ရမယ်။

Video Player