Unicodeဖြင့်ဖတ်ရန်
ဇွဲကပင်တောင် ဆံတော်ရှင် စေတီတော်သမိုင်းသည် ကျိုက်ထီးရိုးစေတီ၊ ဇင်ကျိုက် တောင် စေတီနှင့် မုလအိစေတီတို့၏ သမိုင်းကြောင်းနှင့် ခေတ်ပြိုင်ဖြစ်သည်၊ ဇွဲကပင်တောင်ခြေရှိ ပအာဝနမြိုကတော်ကို တည်ထောင် စိုးစံခဲ့သော “လုဒ္ဓယောဓ ရာဇာ” ကရင်မင်းသည် သုဓမ္မဝတီ သထုံပြည်ကို အုပ်ချုပ် မင်းလုပ် တော်မူသော တိဿဓမ္မသီဟရာဇာမင်း၊ ပိုင်တရောဒုံကိုအုပ်ချုပ်သောစောပညာ၊အိန္ဒရာဇာ မင်းတို့နှင့် ထီးပြိုင် နန်းပြိုင်ပြုကာ “ပေအာဝနနေပြည်တော်” ကို စိုးစံ အုပ်ချုပ်ခဲ့သည်။
ထိုမင်းလက်ထက် သုဓမ္မဝတီမြိုကသို့ မြတ်စွာဘုရားသခင် ရဟန္တာ (၅၀၀)နှင့် တကွ ကြွတော် မူလာစဉ် မြတ်စွာဘုရား ထံတော်မှ ရရှိခဲ့သော ဆံတော် (၆)ဆူ အနက် ဆံတော်မြတ်တစ်ဆူကို သီဟကုမာရ ရသေ့သည် မိမိသီတင်းသုံးတော် မူနေသော ဗန္ဓဝဂီရိတောင်ထိပ် အစွန်းတွင် စေတီ တည်၍ ဋ္ဌာပနာသွင်းတော်မူပြီး စေတီတော်အား “ဗန္ဓဝဂီရိ ဇွဲကပင်စေတီ” ဟု ဘွဲ့တော် သမုတ်ခဲ့ လေသည်၊ အချိန် ကား မဟာသက္ကရာဇ် (၁၁၃) ခုနှစ် ဖြစ်သည်။ဘုရားရှင်၏ ဆံတော် (၆)ဆူအား ကျိုက်ထီးရိုးစေတီတော်တွင် (၃)ဆူ၊ ဇင်ကျိုက်တောင်စေတီတွင် (၁)ဆူ၊ ကေလာသ တောင်စေတီတွင် (၁)ဆူနှင့် ဇွဲကပင်တောင်စေတီတွင် (၁)ဆူ ဋ္ဌာပနာပြု ပူဇော်ခဲ့သည် ဟု သိရသည်။
ဇွဲကပင်တောင်အား ရှေးအခါက အမည်အမျိုးမျိုးဖြင့် ခေါ်တွင်ခဲ့ကြပြီး လုဒ္ဓယောဓ မင်း တောကစားထွက်စဉ် လှံတော်ပျောက်ခဲ့သောကြောင့် ကရင်ဘာသာဖြင့် “ဇွဲကပင်” ဟုလည်းကောင်း၊ ရှေးအခါက နိုင်ငံရပ်ခြားမှလာသော လှေ၊ သင်္ဘောတို့ ထိုတောင်၏ အတွဋ်၌ ကပ်ချည်တွဲထားတတ် သောကြောင့် တလိုင်းကရင်မျိုးများက “ဒိုကရွယ်က ဗန်း” ဟုလည်းကောင်း၊ ဤတောင်တွင် ညောင်ချဉ် ပင်များ ပေါများသောကြောင့် မွန် လူမျိုးတို့က ညောင်ချဉ်ပင်တောင် “ဇဝယ်ကဗန်” ဟုလည်းကောင်း၊ ခေါ်တွင်ခဲ့ကြ သည်။
ဇွဲကပင်တောင်သည် ဘားအံမြို့၏ တောင်ဘက် (၇)မိုင်အကွာ ပင်လယ်ရေ မျက်နှာပြင်အထက် (၂၇၃၄)ပေ မြင့်ပြီး၊ တောင်နှင့်မြောက် မိုင်(၂၀)ခန့်မျှ သွယ်တန်း ရှည်လျှားသည်။ဆရာတော် ဦကဝိဇေ (ဓမ္မကထိက ၊ ဗဟုဇနဟိတဓရ) အရှင်သူမြတ် သည် သံဃာအဖွဲ့များနှင့် လူဥပသကာ အဖွဲ့များမှ ဇွဲကပင် တောင်တော်ကို အမျိုး ဘာသာ သာသနာ ဖွံ့ဖြိုးစည်ပင်အောင် ဆောင်ရွက်ပေးပါရန် လျှောက် ထား ကြသဖြင့် ၁၃၅၁- ခုနှစ်၊ တပို့တွဲလဆန်း (၃)ရက်နေ့တွင် ဇွဲကပင်တောင်ကြီးကို လက်ခံခဲ့ပြီး သာသနာပြုလုပ်ငန်းများကို နေ့မအား၊ ညမအား ဇွဲလုံ့လကြီးစွာ ကျင့်ကြံဆောင်ရွက် တော်မူခဲ့သည်။
ဇွဲကပင်တောင်တော်အား သတ်သတ်လွတ် ဘေးမဲ့သာသနာ့နယ်မြေအဖြစ် ၁၃၅၁-ခုနှစ် တပို့တွဲ လပြည့်နေ့တွင် ကြေငြာသတ်မှတ်ခဲ့သည်၊ ဆရာတော်သည် လွန်ခဲ့ သော နှစ် (၅၀)ခန့်မှယနေ့ထိ တိုင် သတ်သတ်လွတ်ဆွမ်းကိုသာ ဘုန်းပေးတော်မူပြီး အဓိဋ္ဌာန် ဝင်ခြင်း၊ နေ့ ညဓမ္မစင်္ကြာပဋ္ဌာန်းတရား တော်များ ရွတ်ဖတ်ပူဇော်ခြင်း၊ ဆေးရုံ/ဆေးခန်း ဆေးရုံ/ဆေးခန်းသုံး ပစ္စည်းများ၊ စာသင်ကျောင်းများ၊ လမ်းတံတားများ တည်ဆောက် ပေးခြင်းများ အပြင် ကျေးရွာအနှံ့ ဘုရားရှင်၏ တရာတော်များကို ဟောကြားဆုံးမပေး နေသော အများကြည်ညို အားထားရသည့် ဆရာတော်ကြီးတစ်ပါး ဖြစ်သည်။
ဆရာတော်ကြီးသည် ဇွဲကပင်တောင်ခြေတွင် လုမ္မနီဥယျာဉ်တော်၊ အဗ ္ဘန္ဓရသရက် ဥယျဉ်တော် စသည်ဖြင့်များပြားလှသော သာသနာပြုလုပ်ငန်းများအောင်မြင်ပြီးမြောက် ခဲ့ပြီးဖြစ်သည်။ ဇွဲကပင် တောင် ဆံတော်ရှင်စေတီသည် မြင့်မားအတ်စောက်သော ခရီး လမ်းခက်ခဲသောကြောင့် မတက်နိုင် သဖြင့် (၇)ရက်သားသမီးများ စေတီတော်အား ပင်ပန်းဆင်းရဲမှုကင်းစွာ တက်ရောက် ဖူးမြော်နိုင်ရန် အတွက် Cable Car တပ်ဆင်ရန် လွန်ခဲ့သော နှစ်ပေါင်း (၂၀)ခန့်ကတည်းက သစ္စာဆို အဓိဋ္ဌာန် ပြုခဲ့သည်၊ အခြေအနေ အမျိုးမျိုးကြောင့် တပ်ဆင်နိုင်ရန် မရှိခဲ့ပါ။
သို့သော်..ယ္ခုအခါ ကမ္ဘာသာသနာပြု မဟာ သနိ ္တသုခ ကျောင်းတော်ကြီး မူလပဓာန နာယက ပီနန်ဆရာတော်၊ ဇွဲကပင်တောင် ဆရာတော်၊ သာသနာ့ ဇေယျမင်္ဂလာ ပရိယတ္တိစာသင်တိုက် (သုံးထပ်ကျောင်း) ဆရာတော် စသည့် ဆရာတော်ကြီး (၃)ပါး ကြီးမှုးဦးဆောင်မှုဖြင့် ဇွဲကပင် ဆံတော်ရှင် Cable Car စီမံကိန်းကြီးကို စတင် အကောင်အ ထည် ဖော်ဆောင်ရွက်လျက်ရှိရာ အပျော်စီးကေဘယ်အား
စတင်ပြေးဆွဲနေပြီဖြစ်သည်။
မူရင်း #Credit
Zawgyiျဖင့္ဖတ္ရန္
ဇြဲကပင္ေတာင္ ဆံေတာ္ရွင္ ဘုရားသမိုင္း
ဇြဲကပင္ေတာင္ ဆံေတာ္ရွင္ ေစတီေတာ္သမိုင္းသည္ က်ိဳက္ထီးရိုးေစတီ၊ ဇင္က်ိဳက္ ေတာင္ ေစတီႏွင့္ မုလအိေစတီတို့၏ သမိုင္းေၾကာင္းႏွင့္ ေခတ္ၿပိဳင္ျဖစ္သည္၊ ဇြဲကပင္ေတာင္ေျခရွိ ပအာဝနၿမိဳကေတာ္ကို တည္ေထာင္ စိုးစံခဲ့ေသာ “လုဒၶေယာဓ ရာဇာ” ကရင္မင္းသည္ သုဓမၼဝတီ သထုံျပည္ကို အုပ္ခ်ဳပ္ မင္းလုပ္ ေတာ္မူေသာ တိႆဓမၼသီဟရာဇာမင္း၊ ပိုင္တေရာဒုံကိုအုပ္ခ်ဳပ္ေသာေစာပညာ၊အိႏၵရာဇာ မင္းတို့ႏွင့္ ထီးၿပိဳင္ နန္းၿပိဳင္ျပဳကာ “ေပအာဝနေနျပည္ေတာ္” ကို စိုးစံ အုပ္ခ်ဳပ္ခဲ့သည္။
ထိုမင္းလက္ထက္ သုဓမၼဝတီၿမိဳကသို့ ျမတ္စြာဘုရားသခင္ ရဟႏၲာ (၅၀၀)ႏွင့္ တကြ ႂကြေတာ္ မူလာစဥ္ ျမတ္စြာဘုရား ထံေတာ္မွ ရရွိခဲ့ေသာ ဆံေတာ္ (၆)ဆူ အနက္ ဆံေတာ္ျမတ္တစ္ဆူကို သီဟကုမာရ ရေသ့သည္ မိမိသီတင္းသုံးေတာ္ မူေနေသာ ဗႏၶဝဂီရိေတာင္ထိပ္ အစြန္းတြင္ ေစတီ တည္၍ ႒ာပနာသြင္းေတာ္မူၿပီး ေစတီေတာ္အား “ဗႏၶဝဂီရိ ဇြဲကပင္ေစတီ” ဟု ဘြဲ႕ေတာ္ သမုတ္ခဲ့ ေလသည္၊ အခ်ိန္ ကား မဟာသကၠရာဇ္ (၁၁၃) ခုႏွစ္ ျဖစ္သည္။ဘုရားရွင္၏ ဆံေတာ္ (၆)ဆူအား က်ိဳက္ထီးရိုးေစတီေတာ္တြင္ (၃)ဆူ၊ ဇင္က်ိဳက္ေတာင္ေစတီတြင္ (၁)ဆူ၊ ေကလာသ ေတာင္ေစတီတြင္ (၁)ဆူႏွင့္ ဇြဲကပင္ေတာင္ေစတီတြင္ (၁)ဆူ ႒ာပနာျပဳ ပူေဇာ္ခဲ့သည္ ဟု သိရသည္။
ဇြဲကပင္ေတာင္အား ေရွးအခါက အမည္အမ်ိဳးမ်ိဳးျဖင့္ ေခၚတြင္ခဲ့ၾကၿပီး လုဒၶေယာဓ မင္း ေတာကစားထြက္စဥ္ လွံေတာ္ေပ်ာက္ခဲ့ေသာေၾကာင့္ ကရင္ဘာသာျဖင့္ “ဇြဲကပင္” ဟုလည္းေကာင္း၊ ေရွးအခါက နိုင္ငံရပ္ျခားမွလာေသာ ေလွ၊ သေဘၤာတို့ ထိုေတာင္၏ အတြဋ္၌ ကပ္ခ်ည္တြဲထားတတ္ ေသာေၾကာင့္ တလိုင္းကရင္မ်ိဳးမ်ားက “ဒိုကရြယ္က ဗန္း” ဟုလည္းေကာင္း၊ ဤေတာင္တြင္ ေညာင္ခ်ဥ္ ပင္မ်ား ေပါမ်ားေသာေၾကာင့္ မြန္ လူမ်ိဳးတို့က ေညာင္ခ်ဥ္ပင္ေတာင္ “ဇဝယ္ကဗန္” ဟုလည္းေကာင္း၊ ေခၚတြင္ခဲ့ၾက သည္။
ဇြဲကပင္ေတာင္သည္ ဘားအံၿမိဳ့၏ ေတာင္ဘက္ (၇)မိုင္အကြာ ပင္လယ္ေရ မ်က္ႏွာျပင္အထက္ (၂၇၃၄)ေပ ျမင့္ၿပီး၊ ေတာင္ႏွင့္ေျမာက္ မိုင္(၂၀)ခန္႔မၽွ သြယ္တန္း ရွည္လၽွားသည္။ဆရာေတာ္ ဦကဝိေဇ (ဓမၼကထိက ၊ ဗဟုဇနဟိတဓရ) အရွင္သူျမတ္ သည္ သံဃာအဖြဲ႕မ်ားႏွင့္ လူဥပသကာ အဖြဲ႕မ်ားမွ ဇြဲကပင္ ေတာင္ေတာ္ကို အမ်ိဳး ဘာသာ သာသနာ ဖြံ့ၿဖိဳးစည္ပင္ေအာင္ ေဆာင္ရြက္ေပးပါရန္ ေလၽွာက္ ထား ၾကသျဖင့္ ၁၃၅၁- ခုႏွစ္၊ တပို့တြဲလဆန္း (၃)ရက္ေန႔တြင္ ဇြဲကပင္ေတာင္ႀကီးကို လက္ခံခဲ့ၿပီး သာသနာျပဳလုပ္ငန္းမ်ားကို ေန႔မအား၊ ညမအား ဇြဲလုံ႔လႀကီးစြာ က်င့္ႀကံေဆာင္ရြက္ ေတာ္မူခဲ့သည္။
ဇြဲကပင္ေတာင္ေတာ္အား သတ္သတ္လြတ္ ေဘးမဲ့သာသနာ့နယ္ေျမအျဖစ္ ၁၃၅၁-ခုႏွစ္ တပို့တြဲ လျပည့္ေန႔တြင္ ေၾကျငာသတ္မွတ္ခဲ့သည္၊ ဆရာေတာ္သည္ လြန္ခဲ့ ေသာ ႏွစ္ (၅၀)ခန္႔မွယေန႔ထိ တိုင္ သတ္သတ္လြတ္ဆြမ္းကိုသာ ဘုန္းေပးေတာ္မူၿပီး အဓိ႒ာန္ ဝင္ျခင္း၊ ေန႔ ညဓမၼစၾကၤာပ႒ာန္းတရား ေတာ္မ်ား ရြတ္ဖတ္ပူေဇာ္ျခင္း၊ ေဆး႐ုံ/ေဆးခန္း ေဆး႐ုံ/ေဆးခန္းသုံး ပစၥည္းမ်ား၊ စာသင္ေက်ာင္းမ်ား၊ လမ္းတံတားမ်ား တည္ေဆာက္ ေပးျခင္းမ်ား အျပင္ ေက်းရြာအႏွံ့ ဘုရားရွင္၏ တရာေတာ္မ်ားကို ေဟာၾကားဆုံးမေပး ေနေသာ အမ်ားၾကည္ညိဳ အားထားရသည့္ ဆရာေတာ္ႀကီးတစ္ပါး ျဖစ္သည္။
ဆရာေတာ္ႀကီးသည္ ဇြဲကပင္ေတာင္ေျခတြင္ လုမၼနီဥယ်ာဥ္ေတာ္၊ အဗ ၻႏၶရသရက္ ဥယ်ဥ္ေတာ္ စသည္ျဖင့္မ်ားျပားလွေသာ သာသနာျပဳလုပ္ငန္းမ်ားေအာင္ျမင္ၿပီးေျမာက္ ခဲ့ၿပီးျဖစ္သည္။ ဇြဲကပင္ ေတာင္ ဆံေတာ္ရွင္ေစတီသည္ ျမင့္မားအတ္ေစာက္ေသာ ခရီး လမ္းခက္ခဲေသာေၾကာင့္ မတက္နိုင္ သျဖင့္ (၇)ရက္သားသမီးမ်ား ေစတီေတာ္အား ပင္ပန္းဆင္းရဲမွုကင္းစြာ တက္ေရာက္ ဖူးေျမာ္နိုင္ရန္ အတြက္ Cable Car တပ္ဆင္ရန္ လြန္ခဲ့ေသာ ႏွစ္ေပါင္း (၂၀)ခန္႔ကတည္းက သစၥာဆို အဓိ႒ာန္ ျပဳခဲ့သည္၊ အေျခအေန အမ်ိဳးမ်ိဳးေၾကာင့္ တပ္ဆင္နိုင္ရန္ မရွိခဲ့ပါ။
သို့ေသာ္..ယၡဳအခါ ကမၻာသာသနာျပဳ မဟာ သနိ ၱသုခ ေက်ာင္းေတာ္ႀကီး မူလပဓာန နာယက ပီနန္ဆရာေတာ္၊ ဇြဲကပင္ေတာင္ ဆရာေတာ္၊ သာသနာ့ ေဇယ်မဂၤလာ ပရိယတၱိစာသင္တိုက္ (သုံးထပ္ေက်ာင္း) ဆရာေတာ္ စသည့္ ဆရာေတာ္ႀကီး (၃)ပါး ႀကီးမွုးဦးေဆာင္မွုျဖင့္ ဇြဲကပင္ ဆံေတာ္ရွင္ Cable Car စီမံကိန္းႀကီးကို စတင္ အေကာင္အ ထည္ ေဖာ္ေဆာင္ရြက္လ်က္ရွိရာ အေပ်ာ္စီးေကဘယ္အား
စတင္ေျပးဆြဲေနၿပီျဖစ္သည္။
မူရင္း #Credit