ပင်လယ်စာဗန်းထဲတွင် ရွှေဟန်းချိန်းလေးထည့်ကာ Supriseလုပ်ပေးခဲ့သော သူငယ်ချင်းအုပ်စု
မလေးရှားနိုင်ငံမှ အမျိုးသမီးတစ်ဦးသည် ချစ်သူကောင်လေးအပါအဝင် သူငယ်ချင်းများနှင့် စားသောက်ဆိုင်တစ်ခုတွင် ပင်လယ်စာကိုဗန်းကြီးနှင့် မှာယူစားခဲ့သည်။

အမျိုးသမီးသည် ဗန်းထဲက ပုစွန်တွေ ဂဏာန်းတွေကို ပျော်ပျော်ပါးပါးစားသုံးနေစဥ် မထင်မှတ်ပဲ ပလက်စတစ် အိတ်ထုပ်လေးတစ်ခုကို ရှာတွေ့ခဲ့သည်။

ထို့နောက် အထုပ်လေးအား ဖြည်ကြည့်လိုက်စဥ် အံ့အားသင့်စွာဖြင့် ရင်းဂစ် ၁၀၀၀၀ကျော်တန်ဖိုးရှိ ရွေဟန်းချိန်းလေးတစ်ခုဖြစ်နေခဲ့ရာ အားရဝမ်းသာဖြစ်ခဲ့ရသည်။

ထိုဟန်းချိန်းလေးအား မကြာခင်လက်ထပ်တော့မည့် သူမကို သူငယ်ချင်းများမှ မင်္ဂလာလက်ဖွဲ့အကြိုအဖြစ် ထူးထူးခြားခြားလေးလည်းဖြစ်အောင်ဆိုပြီး Suprise လုပ်ပေးခဲ့ခြင်းဖြစ်သည်။
Zawgyi


credit



