ၾကားသိရသမွ်

မြင်းမူနယ် လက်ပန်ကျင်းရွာတွင် စစ်ကောင်စီတပ်က ကလေးငယ် ၆၀ကျော်ကိုဖမ်းဆီးထားဆဲ….

မြင်းမူနယ် လက်ပန်ကျင်းရွာတွင် စစ်ကောင်စီတပ်က ကလေးငယ် ၆၀ကျော်ကိုဖမ်းဆီးထားဆဲ

▪️လေယာဥ်ဖြင့်ပစ်ခတ်ခဲ့၍ အမျိိုးသမီးတစ်ဦးသေဆုံး၊ ပြည်သူငါးဦး သတ်ဖြတ်ခံထားရ

အောင်ဇေယျ/People’s Spring

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်ရှိ လက်ပန်ကျင်းကျေးရွာကို လေယာဥ်ဖြင့်ပစ်ခတ်စီးနင်းခဲ့ပြီး ဒေသခံပြည်သူ ခြောက်ဦးထက်မနည်း သတ်ဖြတ်ထားသည့် အကြမ်းဖက်စစ်ကောင်စီတပ်က ကလေးငယ် ၆၀ ကျော်ကိုပါ ဖမ်းဆီးထားပြီး ယနေ့မွန်းလွဲပိုင်းအထိ ပြန်လည်လွှတ်ပေးခြင်းမရှိသေးကြောင်း ဒေသခံများက ပြောသည်။

ယမန်နေ့နံနက်ပိုင်းကတည်းက လက်ပန်ကျင်းကျေးရွာကို ပစ်ခတ်ဝင်ရောက်စီးနင်းခဲ့သည့် အကြမ်းဖက်စစ်ကောင်စီတပ်သည် KGတန်း ကလေး ၆၀ ကျော်နှင့် ဒေသခံပြည်သူ ၁၀၀ ဝန်းကျင်ကိုပါ ဖမ်းဆီးထားပြီး ယနေ့ (သြဂုတ်၂ရက် ) မွန်းလွဲပိုင်းအထိ လွတ်မြောက်ခြင်းမရှိသေးကြောင်း ဒေသခံများက ပြောသည်။

မြင်းမူနှင့် နယ်မြေချင်းထိစပ်နေသည့် မြောင်နယ်မှ CDSOMအဖွဲ့ဝင် ကိုနွေဦးမြောင်က”မြင်းမူလက်ရှိအခြေအနေကတော့ စိတ်မကောင်းစရာပါ။ စာသင်နေတဲ့ ကလေးလေး ၆၀လောက်လဲ မနေ့ထဲက ပိတ်မိနေရှာတာ အခုထိပဲ။

ကလေးတွေအများဆုံးက KG တန်းတွေ ဘယ်လိုများ နေကြရှာမလဲ မသိဘူး။ ရွာသူ ရွာသားတွေလဲ ၁၀၀ လောက် ဖမ်းထားတယ်။ ​ွေးတွေလက်ထဲမှာ အချိန်မရွေးတစ်ခုခုလုပ်ပစ်နိုင်ပါတယ်။”ဟု ပြောသည်။

အကြမ်းဖက်စစ်ကောင်စီတပ်သည် မြင်းမူမြို့နယ် ၊ လက်ပံကျင်းရွာကို ယမန်နေ့ (သြဂုတ် ၁ရက်) နံနက်၁၁နာရီခွဲဝန်းကျင်က Mi- 35 တစ်စီိး ၊ ရိုးရိုး သုံးစီးနှင့် ၁နာရီကျော်ကြာအောင် ပစ်ခတ်ပြီး ဝင်ရောက်စီးနင်းခဲ့ခြင်းဘဖြစ်သည်။

၎င်းတို့၏ ပစ်ခတ်မှုကြောင့် ကွမ်းစိုက်တောင်သူ အမျိုးသမီးနှစ်ဦး ကျည်ထိမှန်ပြီး ဝမ်းဗိုက်ထိမှန်သူမှာ သေဆုံးသွားကြောင်း ဒေသခံများက ပြောသည်။

ထို့နောက် စစ်ကောင်စီတပ်က ကျေးရွာနေပြ​ည်သူ တစ်ရာကျော်ကိုလည်း ဖမ်းဆီးခဲ့ပြီး ဒေသခံ ပြည်သူ ငါးဦးကို သတ်ဖြတ်ခဲ့သည်။

အကြမ်းဖက်စစ်ကောင်စီတပ်က သတ်ဖြတ်ထားသူ ငါးဦးသ​ည် PDFများမဟုတ်ဘဲ သာမန်ပြည်သူများဖြစ်ကြောင်း ကိုနွေဦး(မြောင်)က ပြောသည်။

စစ်ကောင်စီတပ်သည် လက်ပန်ကျင်းရွာရှိ ကွမ်းခြံများကိုလည်း မီးရှို့ဖျက်ဆီးနေပြီး ကား ငါးစီးနှင့် ဆိုင်ကယ်အစီး ၃၀ ကျော်ကို သိမ်းဆည်းထားကြောင်း ဒေသခံများက ပြောသည်။

စစ်ကောင်စီတပ်လေယာဥ်များသည်ယနေ့မွန်းလွဲပိုင်းက နယ်မြေချင်းဆက်စပ်နေသည့် မြောင်နယ်ပေါ်ကိုလည်း သုံးခေါက်ခန့်ပတ်မောင်းနေကြောင်း ဒေသခံတို့က ပြောသည်။

ယနေ့မွန်းလွဲပိုင်းက မြင်းမူနှင့်မြောင်နယ်တွင် ပျံသန်းနေသော အကြမ်းဖက်စစ်တပ်၏ လေယာဥ်များ၊ ဓာတ်ပုံ – CJ