ပြည်တွင်း ဆန်ချောစျေး စံချိန်တင် ခုန်တက်ပြီး ဆန်ဆိုင်များ မရောင်းနိုင်၍ ပိတ်ထားရ
ဇူလိုင်လ နောက်ဆုံးအပတ်မှ စတင်ကာ ပြည်တွင်းဆန်ချောစျေးများမှာ ရှိရင်းစျေး၏ ၃ ပုံ ၁ ပုံထက် စျေးနှုန်းများ စံချိန်တင် ခုန်တက်ခဲ့ပြီးနောက် ဆန်ရောင်းဝယ်ရေးဆိုင်အချို့မှာ ပိတ်ထားရသည့် အခြေအနေများ ဖြစ်လာကြောင်း သိရသည်။
“ဒီဈေးဖြစ်မှာ လွန်ခဲ့တဲ့လေးလလောက်ကတည်းက သိတယ် ။ နှစ်ပတ်ကျော်ထဲမှာ သုံးပုံတစ်ပုံလောက်တက်တာ၊ ၆၀၀၀” အထက်မှာ ရှိခဲ့တာ ၊ အခု ရန်ကုန်ဆို ၉၀၀၀၀ စွန်းသွားပြီ”ဟု ဆန်အရောင်းအဝယ်လုပ်ကိုင်သူ တစ်ဦးက ပြော သည်။

“ဆက်ရောင်းရင် အမြတ်ငွေက နောက်နေ့ အရင်းထဲပါသွားမှာဆိုးလို့ ဆန်စျေးငြိမ်မှ ရောင်းရင် အမြတ်လည်း သေချာမှာမို့ တစ်ချို့က မရောင်းကြတာ”ဟု ၎င်းက ရှင်းပြသည်။
ဇူလိုင်လ ဒုတိယပတ် အတွင်း ရွှေဘိုပေါ်ဆန်း တစ်အိတ်လျှင် ၇၀၀၀၀ ကျပ် ဝန်းကျင်ခန့်မှ လက်ရှိ အချိန်တွင် ၉၂၀၀၀ ကျပ်
၊ ဧရာပေါ်ဆန်း တစ်အိတ်လျှင် ၆၀၀၀၀ ကျပ် ဝန်းကျင်မှ ၇၀၀၀၀ ကျပ် ဝန်းကျင်၊ ဆန်ကြမ်းများသည်လည်း တစ်အိတ်လျှင် အနည်းဆုံး ၅၀၀၀ ကျပ် ဝန်းကျင်အထိ စျေးမြင့်တက်နေကြောင်း ဆန်အရောင်းအဝယ် လုပ်ငန်းလုပ်ကိုင်သူများထံမှ သိရသည်။
အချို့သော သုံးသပ်သူများ၏ အဆိုအရ ဆန်ချောစျေးနှုန်းများ ဆက်လက်မြင့်တက်နိုင်ပြီး စျေးနှုန်းပြန်ကျမည့် အရိပ်အယောင် မတွေ့ရသေးကြောင်း ထောက်ပြကြသည်။
စစ်အာဏာသိမ်းပြီးနောက် ဆန်ချော အဓိက အထွက်များသည့် စစ်ကိုင်းတိုင်းအတွင်း အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့ဝင်များက စစ်ကြောင်းထိုးမှုများကြောင့်ဒေသကာကွယ်ရေးတပ်ဖွဲ့များနှင့် တိုက်ပွဲများဖြစ်ပွားနေသည်။ ထို့ကြောင့် ဒေသခံ တောင်သူများ အိုးအိမ် လယ်ယာများ စွန့်ခွါပြီး စစ်ရှောင်နေရသည်။ crd