ၾကားသိရသမွ်

စစ်ကိုင်းတိုင်း ၅ / မှတ်ပုံတင်ကိုင်ဆောင်သူနှင့် မကွေးတိုင်း ၈/ မှတ်ပုံတင်ကိုင်ဆောင်သူတချို့ အလုပ်ထုတ်ခံရ ၊ မည်သည့်အတွက်ကြောင့် အလုပ်ထုတ်သည်ကို ဖြေရှင်းချက်မပေး

ရန်ကုန်၊ ဩဂုတ် ၁

ရန်ကုန်ရှိ စက်ရုံ၊ အလုပ်ရုံများတွင် အလုပ်လုပ်နေကြသည့် စစ်ကိုင်းတိုင်း ၅/ မှတ်ပုံတင်ကိုင်ဆောင်သူနှင့် မကွေး တိုင်း ၈/ မှတ်ပုံတင်ကိုင်ဆောင်သူတချို့ အကြောင်းပြချက်မပေးဘဲ အလုပ်ထုတ်ခံရကြောင်း အလုပ်ထုတ်ခံရသူတချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မင်္ဂလာဒုံမြို့နယ်၊အမှတ်(၃)လမ်းမကြီး၊အလယ်ပေါက်မှတ်တိုင်၊အလယ်ပေါက်ဝန်းအတွင်းရှိ Ti စက်ရုံနှင့် EMC စက်ရုံတို့တွင် ၈/ နှင့် ၅/ မှတ်ပုံတင် ကိုင်ဆောင် ထားသူ အလုပ်သမားတချို့ အလုပ်မှ ထုတ်ခံရကြောင်း အလုပ်သမားအသိုင်းအဝိုင်းကပြောသည်။

“ဩဂုတ်လ ၁ ရက်နေ့ မနေ့ကစ၍ စတင်ထုတ်ပယ်တာပါ။ မထုတ်ပယ်ရင် စစ်တပ်က စက်ရုံပိတ်သိမ်းမယ်၊ အရေးယူမယ်လို့ ခြိမ်းခြောက်တယ်လို့ ပြောသံကြားပါတယ်။ တရားဝင် ဖြေရှင်းချက်တော့ မပေးဘူး။

အခုချိန်ထိ ထုတ်ပယ်ခံရသူ ရာဂဏန်းရှိပြီနေပါတယ်။ ၈/ မကွေးတိုင်းနဲ့ ၅/ စစ်ကိုင်းတိုင်း မှတ်ပုံတင် ကိုင်ထားတဲ့သူတွေပါ။ လောလော ဆယ် ထုတ်ခံရတာကတော့ မနက်က Ti စက်ရုံက အလုပ်သမား ၂၅ဦးလို့ သိရပါတယ်။ EMCစက်ရုံက ဘယ်နှစ်ယောက်မှန်း မသိရသေးပါဘူး။ စက်ရုံနှစ်ခုပေါင်းရင် အလုပ်ပြုတ်သူ ရာဂဏန်းရှိတယ်” ဟု အလုပ်သမားအသိုင်းအဝိုင်းကဆိုသည်။

ရန်ကုန်ခေတ်သစ်က မင်္ဂလာဒုံမှ စက်ရုံ ၂ ရုံထံသို့ ဆက်သွယ်မေးမြန်းရန် ကြိုးစားသော် လည်း ဖုန်းလက်ခံ ဖြေဆိုခြင်းမရှိပေ။ ထို့ကြောင့် အလုပ်ထုတ်ခံရသူများသည် စစ်ကိုင်းတိုင်းမှတ်ပုံတင် ၅/ နှင့် မကွေး တိုင်းမှတ်ပုံတင် ၈/ ကိုင်ဆောင်၍ အလုပ်ထုတ်ခံရခြင်း ဟုတ်၊ မဟုတ်ကို အတည်ပြုနိုင်ခြင်းမရှိသေးပါ။

သို့ရာတွင် ယနေ့အချိန် ရန်ကုန်ခေတ်သစ်သို့ ဆက်သွယ်ပြောဆိုလာသော အလုပ် သမားများနှင့် အလုပ်သမားအသိုင်းအဝိုင်းသတင်းရင်းမြစ်ကမူ စစ်ကိုင်းနှင့် မကွေးတိုင်းမှ အလုပ်သမားများကို PDF ထောက်ပံ့မှု များရှိနိုင်၍ စစ်တပ်က အလုပ်ထုတ်ခိုင်းနေသော သတင်းများ ရရှိပြီး အမှန်တကယ် အလုပ်ထုတ်ခံရနေရမှုများရှိနေသည်ဟု သိရှိရသည်။

“အခု ရန်ကုန်စက်ရုံတွေမှာ အလုပ်လုပ်နေတဲ့ ၅/ စစ်ကိုင်းရယ် ၊ ၈/ မကွေးရယ်က အလုပ်သမားတွေကို စစ်တပ်က အလုပ်ထုတ်ခိုင်းနေတယ် ။ အဓိကက အဲဒီ လူတွေက PDF ထောက်ပံ့သူတွေဖြစ်နိုင်တယ်။ သူတို့မိဘဆွေမျိုးတွေက အဲဒီမှာဆိုတော့ ငွေပြန်ပို့တာမျိုးက အဲဒီဘက်ကို ထောက်ပံ့တာ၊ PDF ကိုထောက်ပံ့တာမျိုးဖြစ်နိုင်တယ်ဆိုပြီး တပ်ဘက်က ပြောလာတာ။ အလုပ်ရှင်တွေကလည်း အဲဒီလူတွေကြောင့် အလုပ်တွေမှာ ပြဿနာတွေ ကြုံလာမှာ စိုးရိမ်ပုံပဲ” ဟု အလုပ်သမားများကို ကူညီနေသော သတင်းရင်းမြစ်က ပြောဆိုသည်။

အလုပ်ရှင်တစ်ဦး၏ အဆိုအရ မကြာသေးမီက အာဏာပိုင်များက ၎င်း၏စက်ရုံတွင် အလုပ်လုပ်နေသော မကွေးနှင့်စစ်ကိုင်းမှတ်ပုံတင် ကိုင်ဆောင်သူ အလုပ် သမား အရေအတွက် တင်ပြရန် စာရင်းတောင်းခံခဲ့ရသည်ဟု ပြောဆိုသည်။

“မကွေးနဲ့စစ်ကိုင်းက မှတ်ပုံတင်တွေက သက်တမ်းဘယ်လောက်ကြာပြီလဲ အလုပ်လုပ်တာ စက်ရုံမှာ။ အသစ်တွေလား။ အဟောင်းတွေလား ဆိုတာနဲ့ လုပ်သက်သက်တမ်းကို ထည့်ခိုင်းတယ်။ ဘာကြောင့် အဲဒီလိုတောင်းလဲတော့မသိဘူး” ဟု ထိုအလုပ်ရှင်ကဆိုသည်။

လက်ရှိ ရန်ကုန်တွင် ဧည့်စာရင်းတိုင်ရာတွင်လည်းကောင်း၊ တည်းခိုခန်းများ တည်းခိုရာတွင်လည်းကောင်း၊ အိမ်ငှားရာတွင်လည်းကောင်း ၅/ နှင့် ၈/ မှတ်ပုံတင်များကို စစ်တပ်နှင့်အာဏာပိုင်များက အသေးစိတ်စိစစ်မှုများ ရှိနေသည်ဟု သိရှိရသည်။source-khit thit