ဗဟုသုတ

ကွာရှင်းပြီးအိမ်ကထွက်သွားသော မိခင်ဖြစ်သူကို လမ်းမှာပြန်တွေ့ချိန် ဝမ်းသာအားရ နှုတ်ဆက်ခဲ့ပေမယ့်seemore





Rain (For Ialinks)

Unicode

ကွာရှင်းပြီးအိမ်ကထွက်သွားသော မိခင်ဖြစ်သူကို လမ်းမှာပြန်တွေ့ချိန် ဝမ်းသာအားရ နှုတ်ဆက်ခဲ့ပေမယ့် ငြင်းဆန်ခြင်းခံလိုက်ရသည့် ကလေးမလေး
မိဘတွေ တစ်ယောက်နဲ့တစ်ယောက် အဆင်မပြေကြတော့သည့်အခါ ကွာရှင်းပြတ်စဲချိန်တွင် သားသမီးတွေကပဲကြားထဲက မျက်နှာငယ်သနားစရာကောင်းပေသည်။

သို့ဖြစ်၍ တရုတ်နိုင်ငံမှ အသက်၁၀နှစ်အရွယ် ကလေးမလေးသည် ဖခင်ဖြစ်သူနဲ့အတူ အပြင်လမ်းထွက်လျှောက်လည်စဉ် မမျှော်လင့်ပဲ ဝေးကွာနေသည့်မိခင်ဖြစ်သူကို လှမ်းတွေ့ချိန် အပြေးနှုတ်ဆက်ခဲ့ပေမယ့် ငြင်းဆန်ခြင်းခံလိုက်ရသည်။
ဖခင်ဖြစ်သူသည် မိသားစုစားဝတ်နေရေးအတွက် အဝေးမှာအလုပ်သွားလုပ်ပြီး လစာတွေပုံမှန်ထည့်ပေးခဲ့သော်လည်း မိခင်ဖြစ်သူက တစ်ယောက်တည်းရှိသောသမီးလေးအတွက်ဆို စားစရာဝယ်ကျွေးဖို့ပင်နှမြောနေတတ်ပြီး သူမကျတော့ ရည်းစားအသစ်ထားကာ အဝတ်စားသစ်တွေမကြာခဏ ဝယ်ယူလေ့ရှိသည်။

ထိုအဖြစ်ကို သိရှိသွားသော ခင်ပွန်းသည်ကလည်း သူမနဲ့ချက်ချင်း ကွာရှင်းပြတ်စဲခဲ့ပြီး သမီးလေးနှစ်ယောက်တည်း အေးအေးချမ်းချမ်းနေခဲ့ပေမယ့် သမီးလေးကတော့ မိခင်ဖြစ်သူကိုသတိရ၍ တွေ့ချင်ကြောင်းဆိုခဲ့သည်။

သို့ပေမယ့် မိခင်ဖြစ်သူသည် သမီးလေးကိုတစ်ခါမှလာမတွေ့သည့်အပြင် ရုတ်တရက် လမ်းမှာတွေ့သော်လည်း သူမရဲ့ကလေးမဟုတ်ကြောင်း ငြင်းဆန်ကာ မောင်းထုတ်ခဲ့သည်။

Rain (For Ialinks)