လကုန်ခါနီးတိုင်း ပိုက်ဆံအိပ် ပြားကပ်ကပ်ဖြစ်နေလို့စိတ်ညစ်နေလား။ လကုန်ရက်ကို မျှော်စရာမလိုဘဲ ပိုက်ဆံအိပ်ဖောင်းဖောင်းလေးဖြစ်စေဖို့ ပိုက်ဆံဘယ်လိုစုရမလဲဆိုတာ မျှဝေပေးချင်ပါတယ်။ တကယ်တော့ ပိုက်ဆံစုတယ်ဆိုတာ လွယ်မလိုလိုနဲ့ ခက်ပါတယ်။ ခက်မလိုလိုနဲ့လည်း လွယ်ပါတယ်။ သင်ဟာ အသုံးအဖြုန်းကြီးတဲ့သူတစ်ယောက်ဖြစ်နေရင်တောင် ဒီနည်းလမ်းလေးတွေနဲ့ ပိုက်ဆံစုကြည့်လိုက်ပါ။ ပိုက်ဆံစုတယ်ဆိုတာ ပိုမိုကောင်းမွန်တဲ့အနာဂါတ်ကို ပုံဖော်နိုင်ဖို့ဆိုတာ စာဖတ်သူတိုင်း သတိရသင့်ပါတယ်။ ပိုက်ဆံဘယ်လိုစစုမလဲ။
၁။ မလိုအပ်တဲ့ပစ္စည်းတွေကို မဝယ်ပါနဲ့။
သင့်မှာလည်းရှိပြီးသားဖြစ်တဲ့ပစ္စည်းတွေ သင့်အတွက်လည်း အသုံးမဝင်တဲ့ပစ္စည်းတွေကို မဝယ်ပါနဲ့။ လိုချင်နေရင်လည်း အခုမြင်တဲ့ တခါလောက် အောင့်ထားလိုက်ပါ။
၂။ တန်ဖိုးကြီးတဲ့ ပစ္စည်းတွေဝယ်ပါ။
ပိုက်ဆံစုပါတယ်ဆို ဘယ်လိုလုပ်ဈေးကြီးတာဝယ်မလဲလို့ မေးခွန်းရှိပါတယ်။ စာရေးသူပြောချင်တာက ဈေးပေါပေါ နာရီတွေ ဝယ်ဝတ်ပြီး ခဏလေးဝတ်လွှင့်ပစ်ရမယ့်အတူတူ ဈေးကြီးတဲ့ Branded ပစ္စည်းကိုဝယ်ပြီး နှစ်နဲ့ချီသုံးလိုက်ပါ။ ဈေးကြီးတဲ့ပစ္စည်းဆိုရင် သင်ပိုပြီးတန်ဖိုးထားပြီး ထိန်းသိမ်းမှာသေချာပါတယ်။ ဒါပေမယ့် ခဏခဏမဝယ်ပါနဲ့။
၃။ အပတ်စဉ်ငွေစုကြည့်ရအောင်။
တစ်ပတ်ကို ၁ သောင်းလောက်ပဲစုကြည့်ပါ။ ၂ ပတ်ဆို ၂ သောင်း။ ၄ ပတ်ဆို ၄ သောင်းစုမိမှာသေချာပါတယ်။ စုထားတဲ့ပိုက်ဆံကို ဘဏ်ထဲထည့်ထားပါ။ ATM နဲ့ မချိတ်ဘဲ ရိုးရိုးငွေစုစာအုပ်နဲ့စုထားပါ။
၄။ စိတ်ရှည်ပါ။
ခုစု ခုအများကြီးလိုချင်လို့တော့ မရပါဘူး။ ပိုက်ဆံစုဖို့ဆိုရင် စိတ်ရှည်ရပါမယ်။ ပြီးရင် ပစ္စည်းတွေ ပေါ်ပေါ်ချင်း ဈေးအရမ်းတက်နေတဲ့အချိန်မဝယ်ဘဲ လျှော့ဈေးပေးမယ့်အချိန်ဝယ်ပါ။
၅။ ကိုယ်သွားမယ့်လာမယ့်စရိတ်ကိုချွေတာပါ။
ခဏခဏ တက္ကဆီမစီးဘဲ ဘတ်စ်ကားစီးပေးပါ။ သူငယ်ချင်းတွေနဲ့စုပြီး ကားငှားစီးတာမျိုးလုပ်ပါ။ ကိုယ့်မှာကားရှိတယ်ဆိုရင်လည်း သူငယ်ချင်းတွေနဲ့ အတူတူတိုင်ပင်ပြီး တစ်ယောက်တစ်လှည့်စီကားယူပါ။
၆။ Brand တွေကိုမဝယ်ပါနဲ့။
စောစောကတော့ Brand ဝယ်ဆိုပြီး ခုတော့မဝယ်နဲ့လို့ပြောပြန်ပြီလို့ တွေးချင်တွေးမိနေပါလိမ့်မယ်။ Brand အမျိုးမျိုးရှိပါတယ်။ တစ်ချို့ Brand တွေက နာမည်သာရှိပေမယ့် အဲလောက်ကောင်းချင်မှကောင်းတာပါ။ နားကြပ်တို့၊ ဖုန်းကြိုးတို့ စတဲ့ပစ္စည်းလေးတွေကို နာမည်ကြီး Brand တွေမဝယ်ဘဲ ချွေတာပြီးဝယ်ပါ။
၇။ အပြင်ခဏခဏထွက်ပြီး စားခြင်းကို ရှောင်မယ်။
ကိုယ်ရှာတဲ့ပိုက်ဆံနဲ့ ကိုယ်သုံးနေရတဲ့သူတွေ ပိုက်ဆံစုချင်တဲ့သူတွေအနေနဲ့ ခဏခဏ အပြင်ထွက်ပြီး မစားပါနဲ့။ ဈေးကြီးတဲ့ဆိုင်တွေမှာ ခဏခဏစားတာဟာ ငွေကုန်ကြေးကျများပါတယ်။
Zawgyi
လကုန္ခါနီးတိုင္း ပိုက္ဆံအိပ္ ျပားကပ္ကပ္ျဖစ္ေနလို႔စိတ္ညစ္ေနလား။ လကုန္ရက္ကို ေမွ်ာ္စရာမလိုဘဲ ပိုက္ဆံအိပ္ေဖာင္းေဖာင္းေလးျဖစ္ေစဖို႔ ပိုက္ဆံဘယ္လိုစုရမလဲဆိုတာ မွ်ေဝေပးခ်င္ပါတယ္။ တကယ္ေတာ့ ပိုက္ဆံစုတယ္ဆိုတာ လြယ္မလိုလိုနဲ႔ ခက္ပါတယ္။ ခက္မလိုလိုနဲ႔လည္း လြယ္ပါတယ္။ သင္ဟာ အသုံးအျဖဳန္းႀကီးတဲ့သူတစ္ေယာက္ျဖစ္ေနရင္ေတာင္ ဒီနည္းလမ္းေလးေတြနဲ႔ ပိုက္ဆံစုၾကည့္လိုက္ပါ။ ပိုက္ဆံစုတယ္ဆိုတာ ပိုမိုေကာင္းမြန္တဲ့အနာဂါတ္ကို ပုံေဖာ္ႏိုင္ဖို႔ဆိုတာ စာဖတ္သူတိုင္း သတိရသင့္ပါတယ္။ ပိုက္ဆံဘယ္လိုစစုမလဲ။
၁။ မလိုအပ္တဲ့ပစၥည္းေတြကို မဝယ္ပါနဲ႔။
သင့္မွာလည္းရွိၿပီးသားျဖစ္တဲ့ပစၥည္းေတြ သင့္အတြက္လည္း အသုံးမဝင္တဲ့ပစၥည္းေတြကို မဝယ္ပါနဲ႔။ လိုခ်င္ေနရင္လည္း အခုျမင္တဲ့ တခါေလာက္ ေအာင့္ထားလိုက္ပါ။
၂။ တန္ဖိုးႀကီးတဲ့ ပစၥည္းေတြဝယ္ပါ။
ပိုက္ဆံစုပါတယ္ဆို ဘယ္လိုလုပ္ေဈးႀကီးတာဝယ္မလဲလို႔ ေမးခြန္းရွိပါတယ္။ စာေရးသူေျပာခ်င္တာက ေဈးေပါေပါ နာရီေတြ ဝယ္ဝတ္ၿပီး ခဏေလးဝတ္လႊင့္ပစ္ရမယ့္အတူတူ ေဈးႀကီးတဲ့ Branded ပစၥည္းကိုဝယ္ၿပီး ႏွစ္နဲ႔ခ်ီသုံးလိုက္ပါ။ ေဈးႀကီးတဲ့ပစၥည္းဆိုရင္ သင္ပိုၿပီးတန္ဖိုးထားၿပီး ထိန္းသိမ္းမွာေသခ်ာပါတယ္။ ဒါေပမယ့္ ခဏခဏမဝယ္ပါနဲ႔။
၃။ အပတ္စဥ္ေငြစုၾကည့္ရေအာင္။
တစ္ပတ္ကို ၁ ေသာင္းေလာက္ပဲစုၾကည့္ပါ။ ၂ ပတ္ဆို ၂ ေသာင္း။ ၄ ပတ္ဆို ၄ ေသာင္းစုမိမွာေသခ်ာပါတယ္။ စုထားတဲ့ပိုက္ဆံကို ဘဏ္ထဲထည့္ထားပါ။ ATM နဲ႔ မခ်ိတ္ဘဲ ႐ိုး႐ိုးေငြစုစာအုပ္နဲ႔စုထားပါ။
၄။ စိတ္ရွည္ပါ။
ခုစု ခုအမ်ားႀကီးလိုခ်င္လို႔ေတာ့ မရပါဘူး။ ပိုက္ဆံစုဖို႔ဆိုရင္ စိတ္ရွည္ရပါမယ္။ ၿပီးရင္ ပစၥည္းေတြ ေပၚေပၚခ်င္း ေဈးအရမ္းတက္ေနတဲ့အခ်ိန္မဝယ္ဘဲ ေလွ်ာ့ေဈးေပးမယ့္အခ်ိန္ဝယ္ပါ။
၅။ ကိုယ္သြားမယ့္လာမယ့္စရိတ္ကိုေခြၽတာပါ။
ခဏခဏ တကၠဆီမစီးဘဲ ဘတ္စ္ကားစီးေပးပါ။ သူငယ္ခ်င္းေတြနဲ႔စုၿပီး ကားငွားစီးတာမ်ိဳးလုပ္ပါ။ ကိုယ့္မွာကားရွိတယ္ဆိုရင္လည္း သူငယ္ခ်င္းေတြနဲ႔ အတူတူတိုင္ပင္ၿပီး တစ္ေယာက္တစ္လွည့္စီကားယူပါ။
၆။ Brand ေတြကိုမဝယ္ပါနဲ႔။
ေစာေစာကေတာ့ Brand ဝယ္ဆိုၿပီး ခုေတာ့မဝယ္နဲ႔လို႔ေျပာျပန္ၿပီလို႔ ေတြးခ်င္ေတြးမိေနပါလိမ့္မယ္။ Brand အမ်ိဳးမ်ိဳးရွိပါတယ္။ တစ္ခ်ိဳ႕ Brand ေတြက နာမည္သာရွိေပမယ့္ အဲေလာက္ေကာင္းခ်င္မွေကာင္းတာပါ။ နားၾကပ္တို႔၊ ဖုန္းႀကိဳးတို႔ စတဲ့ပစၥည္းေလးေတြကို နာမည္ႀကီး Brand ေတြမဝယ္ဘဲ ေခြၽတာၿပီးဝယ္ပါ။
၇။ အျပင္ခဏခဏထြက္ၿပီး စားျခင္းကို ေရွာင္မယ္။
ကိုယ္ရွာတဲ့ပိုက္ဆံနဲ႔ ကိုယ္သုံးေနရတဲ့သူေတြ ပိုက္ဆံစုခ်င္တဲ့သူေတြအေနနဲ႔ ခဏခဏ အျပင္ထြက္ၿပီး မစားပါနဲ႔။ ေဈးႀကီးတဲ့ဆိုင္ေတြမွာ ခဏခဏစားတာဟာ ေငြကုန္ေၾကးက်မ်ားပါတယ္။