ၾကားသိရသမွ်

ကိုယ္ဝန္ရတိုင္းအမႊာပူးကေလးေတြပဲ ေမြးေနတာေၾကာင့္ ခင္ပြန္းျဖစ္သူမွ လုပ္ေကြၽးရမွာေၾကာက္ၿပီး ထြက္ေျပးသြားသည့္အျဖစ္

အခ်ိဳ႕ေသာသူမ်ားအတြက္ သားသမီးေတြက ရတနာတစ္ပါးအျဖစ္ သတ္မွတ္ျခင္းခံရၿပီး ကေလးလြယ္လြယ္မရႏိုင္သည့္အခါ ပိုၿပီးေတာ့ လိုခ်င္တပ္မက္ကာ နည္းလမ္းမ်ိဳးသုံးၿပီးေတာ့ ကေလးရေအာင္ လုပ္ေဆာင္ၾကသည္။

သို႔ျဖစ္၍ အာဖရိကရွိ ယူဂန္ဒါျပည္နယ္တြင္ ေနထိုင္ေသာ အမ်ိဳးသမီးတစ္ဦးသည္ ကိုယ္ဝန္ငါးႀကိမ္ေျမာက္နဲ႔ ကေလးအမႊာ ၁၀ေယာက္ထိ ေမြးဖြားခဲ့ၿပီး ခင္ပြန္းျဖစ္သူကပါ ထားသြားခဲ့၍ ဒုကၡေရာက္ေနခဲ့သည္။

အမ်ိဳးသမီးသည္ ထူးျခားစြာျဖင့္ ကိုယ္ဝန္တစ္ခါလြယ္တိုင္း အမႊာပူးေတြပဲ ေမြးဖြားခဲ့ရာ ငါးႀကိမ္ေျမာက္အမႊာပူးေမြးဖြားခ်ိန္မွာေတာ့ သားသမီး ၁၀ဦးျဖစ္ခဲ့ရာ ခင္ပြန္းျဖစ္သူသည္ ကေလးမ်ားလြန္းလာ၍ လုပ္ေကြၽးရမွာေၾကာက္ကာ တာဝန္မယူပဲ အိမ္ကေနအဝတ္ထုတ္ေတြျပင္ၿပီး ထြက္ေျပးသြားခဲ့သည္။

ခင္ပြန္းျဖစ္သူမရွိေတာ့၍ အမ်ိဳးသမီးမွာ ပိုၿပီးေတာ့ ဆင္းရဲဒုကၡေရာက္ရေသာ္လည္း သားသမီးေတြကို ဘယ္ေတာ့မွ စြန္႔ပစ္ဖို႔မေတြးပဲ မိခင္ေကာင္းတစ္ေယာက္အေနနဲ႔ တတ္ႏိုင္သေလာက္ ႀကိဳးစားၿပီး ေကြၽးေမြးျပဳစုသြားရန္ ဆုံးျဖတ္ထားသည္။

Rain (For Ialinks)

Unicode

ကိုယ်ဝန်ရတိုင်းအမွှာပူးကလေးတွေပဲ မွေးနေတာကြောင့် ခင်ပွန်းဖြစ်သူမှ လုပ်ကျွေးရမှာကြောက်ပြီး ထွက်ပြေးသွားသည့်အဖြစ်

အချို့သောသူများအတွက် သားသမီးတွေက ရတနာတစ်ပါးအဖြစ် သတ်မှတ်ခြင်းခံရပြီး ကလေးလွယ်လွယ်မရနိုင်သည့်အခါ ပိုပြီးတော့ လိုချင်တပ်မက်ကာ နည်းလမ်းမျိုးသုံးပြီးတော့ ကလေးရအောင် လုပ်ဆောင်ကြသည်။

သို့ဖြစ်၍ အာဖရိကရှိ ယူဂန်ဒါပြည်နယ်တွင် နေထိုင်သော အမျိုးသမီးတစ်ဦးသည် ကိုယ်ဝန်ငါးကြိမ်မြောက်နဲ့ ကလေးအမွှာ ၁၀ယောက်ထိ မွေးဖွားခဲ့ပြီး ခင်ပွန်းဖြစ်သူကပါ ထားသွားခဲ့၍ ဒုက္ခရောက်နေခဲ့သည်။

အမျိုးသမီးသည် ထူးခြားစွာဖြင့် ကိုယ်ဝန်တစ်ခါလွယ်တိုင်း အမွှာပူးတွေပဲ မွေးဖွားခဲ့ရာ ငါးကြိမ်မြောက်အမွှာပူးမွေးဖွားချိန်မှာတော့ သားသမီး ၁၀ဦးဖြစ်ခဲ့ရာ ခင်ပွန်းဖြစ်သူသည် ကလေးများလွန်းလာ၍ လုပ်ကျွေးရမှာကြောက်ကာ တာဝန်မယူပဲ အိမ်ကနေအဝတ်ထုတ်တွေပြင်ပြီး ထွက်ပြေးသွားခဲ့သည်။

ခင်ပွန်းဖြစ်သူမရှိတော့၍ အမျိုးသမီးမှာ ပိုပြီးတော့ ဆင်းရဲဒုက္ခရောက်ရသော်လည်း သားသမီးတွေကို ဘယ်တော့မှ စွန့်ပစ်ဖို့မတွေးပဲ မိခင်ကောင်းတစ်ယောက်အနေနဲ့ တတ်နိုင်သလောက် ကြိုးစားပြီး ကျွေးမွေးပြုစုသွားရန် ဆုံးဖြတ်ထားသည်။
Rain (For Ialinks)