သင်္ကန်း၀တ်ရဟန်းအယောင်ဆောင်ပြီး အကြမ်းဖက်စစ်ကောင်စီက ကျောက်ဆောက်ရွာကိုစီးနင်းကာ ဒေသခံ၂၇ဦး ကိုဖမ်းဆီးထား
5 Aug 2022 By MPA 003
မကွေးတိုင်းဒေသကြီး မြိုင်မြို့နယ် အရှေ့ပိုင်းတွင်ရှိသော ကျောက်ဆောက်ရွာသား ၂၇ ဦးကိုအကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးထားကြောင်း ဒေသခံသတင်းအရင်းအမြစ်ထံမှ သိရသည်။
ယမန်နေ့တွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များက သင်္ကန်းဝတ်ဆင်ကာ ရဟန်းအယောင်ဆောင်ကာ ကျောက်ဆောက် ကျေးရွာသို့ ဝင်ရောက်လာခဲ့ပြီးနောက် ကျေးရွာရှိပြည်သူများကို ဖမ်းဆီးထားပြီး ထိုကျေးရွာထဲတွင် တပ်စွဲ ထားခဲ့သည်။
ယနေ့နံနက်ပိုင်းတွင်လည်း အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များက ကျေးရွာအတွင်းရှိ ပြည်သူများ၏နေ အိမ်အချို့ကိုလည်းမီးရှို့ထားပြီး ဖမ်းဆီးထားသူများကိုလည်း ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်များ အကြောင်းမေးမြန်းကာ ရိုက်နှက်မှုများပြုလုပ်နေကြောင်းလည်း သိရသည်။
“ကျွန်တော်တို့အနေနဲ့ ပြည်သူတွေကို သွားရောက်မကယ်ထုတ်ပေးနိုင်သေးတဲ့အတွက် စိတ်မကောင်းပါဘူး။ အခုရက်ပိုင်း စခ တွေက PDF ပုံစံနဲ့ဝင်လာလိုက် သံဃာပုံစံနဲ့ဝင်လာလိုက်နဲ့ ကျွန်တော်တို့တွေအနေ နဲ့လည်းတစ်ခုခုလုပ်ခဲ့ရင် စခ တွေ မထိပဲ ပြည်သူတွေထိမှာကြောက်လို့ လွှတ်ပေးခဲ့ရတာတွေရှိတယ် ” ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော်မြိုင်မြို့နယ်ရှိ သတင်းပြန်ကြားရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။
ယခုလို သာသနာကိုအတုယောင်ပြုလုပ်ပြီး ခုတုံးလုပ်ဆောင်နေသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ ဝင်များအား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအနေဖြင့် ပြန်လည်တိုက်ခိုက်လုပ်ဆောင်သွားမည် ဖြစ်ကြောင်း နှင့် ရဟန်းသံဃာတော်များအနေဖြင့်လည်း မြိုင်-ပခုက္ကူလမ်းပိုင်းအားဖြတ်သန်းသွားလာ ခြင်းမပြုလုပ်ကြပါရန်ကိုလည်း မြိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များကထုတ်ပြန်ထားသည်။
မြိုင်မြို့နယ်အတွင်းကျေးရွာအချို့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ပြန်လည်ထိန်းချုပ်ထား နိုင်ပြီဖြစ်သောကြောင့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များကလည်း လူအင်အားများစွာထပ်မံ ဖြည့်တင်းပြီး ကျေးရွာများကိုပြန်လည်သိမ်းပိုက်နိုင်ရန်အတွက်လည်း လုပ်ဆောင်နေကြောင်းလည်း သိရသည်။
Photo – CJ
ပုံစာ – ဇွန်လ ၂၈ ရက်နေ့တွင်အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များက ကျောက်ဆောက်ကျေးရွာအားမီးရှို့လိုက်သောမီးရှိုးငွေ့များ
သင်္ကန်းဝတ်ရဟန်းအယောင်ဆောင်ပြီး အကြမ်းဖက်စစ်ကောင်စီက ကျောက်ဆောက်ရွာကိုစီးနင်းကာ ဒေသခံ၂၇ဦး ကိုဖမ်းဆီးထား