ၾကားသိရသမွ်

ဆရာကြီး ငိုမိတာ…ဆွမ်းမငတ်တော့လို့ပါ….

ဆရာကြီး ငိုမိတာ…ဆွမ်းမငတ်တော့လို့ပါ

ဆရာလေးတို့ မိုးရွာတော့…ဆွမ်းခံမထွက်နိုင်ကြဘူး

အရင်ကဆို ဝါတွင်းဆို ကျောင်းလာလှူကြတဲ့ အလှူရှင်တွေ ရှိကြသေးတယ်…..

ခုတော့ ကုန်စျေးနှုန်းတွေက တက်တော့…..လာမလှူကြဘူး…မိုးတွင်းဆိုတော့ အသက်ရွယ်ကလဲ (၈၀)ကျော်တွေ အသက်ကြီးတော့…ဆွမ်းမခံနိုင်ကြတော့ဘူး

ကျောင်းမှာလဲ ဘာမှမရှိတော့ဘူး…ဒါကြောင့် မနေ့က ဒကာလေးဆီ အရဲစွန့်ပြီ လာခဲ့တာပါ

တင်ပါ့ ဆရာလေး…ဆရာလေးတို့အတွက်…..

(၁) – ထူးရှယ် ပေါ်ဆန်မွှေးအိတ်ကြီး (၂)အိတ်

(၂) – ဟင်းရွက်ဆီ (၁၀)ပိဿာ (၂)ပုံး

(၃) – ကြက်သွန်နီ အချိန် (၁၀)

(၄) – အာလူး အချိန် (၁၀)

(၅) – ကြက်ဥ အလုံး (၂၄၀)

(၆) – ပဲကြာဇံ အထုပ်ကြီး

(၇) – ဆား အထုပ်ကြီး (၃)ထုပ်

(၈) – နဝကမ္မ ဆေးဝါး အလှူ (၁)သိန်းကျပ် တို့ကို လာလှူဒါန်းတာပါ ဆရာလေး

အရမ်း ဝမ်းသာတာပဲ…ခုလို မြန်မြန်ကြီး ရောက်လာမယ် တကယ် မထင်ထားဘူး ဒကာလေးရယ်

(မျက်ရည်တွေ ကျပြီ ငိုပါရော နာယက ဆရာကြီးက )

မငိုပါနဲ့ ဆရာကြီး ဆရာလေးတို့…တပည့်တော်လဲ ကူညီခွင့်ရလို့ ကျေးဇူးတင်နေတာပါ

ဆရာကြီး ငိုမိတာ ဆွမ်းမငတ်တော့လို့ပါ ဒကာလေးရယ်…

ဒကာလေး လှူတာဆို…(၁)လ ကျော်လောက် အတော်အဆင်ပြေသွားပြီ….

အရမ်းကျေးဇူးတင်ပါတယ်…ဆရာလေးတို့ ဒကာလေး ကိုပူတူး နှင့် (၇)ရက်သားသမီးများကို ညတိုင်း မေတ္တာပို့ပေးပြီ ကျေးဇူးတင်နေမှာပါ
တင်ပါ့ ဆရာကြီး 🙏🏻🙏🏻🙏🏻

ဆရာကြီးတို့ ဆရာလေးတို့ကို ဒကာလေး မပစ်ထားပါနဲ့နော်…မမေ့သွားပါနဲ့နော်…အမြဲ မျှော်နေပါ့မယ်နော်

တင်ပါ့ ဆရာကြီး…လာခဲ့ပါအုံးမယ်

•အော… ဆွမ်း (၁)နပ်အတွက် ပျော်ပြီ ငိုနေတာ မြင်ရတော့ ရင်ထဲ အတော်မကောင်းဘူးဗျာ

မိမိဘာသာ သာသနာအတွက်…အမြဲ ထောက်ပံ့ကူညီနိုင်သူဖြစ်ရပါစေ အရှင်ဘုရား

ဆင်းရဲနွမ်းပါး အဖိုးအဖွားများအတွက် အတူအကွ ပူးပေါင်း ကူညီလှူဒါန်းလိုပါက

ကိုပူတူးနှင့်ဘော်ဒါများ

09-5408437

uicode



























09-5408437