တော်လှန်ရေးကာလမှာ သိခဲ့ရတဲ့အသိလေးတွေကို ဒီနေ့မှာ မှတ်မှတ်ရရမျှဝေလိုက်တဲ့ ဦးကျော်သက်လင်း
တော်လှန်ရေးကာလမှာ ကျနော်သိခဲ့ရတဲ့အသိလေးတွေကို ဒီနေ့မှာ မှတ်မှတ်ရရမျှဝေလိုပါတယ်။
အဲဒါကတော့ ကျနော်တို့အမြဲပြောပြောနေတဲ့ ရိုးသားရမယ်ဆိုတဲ့စကား။
လူဟာ ပုံမှန်အတိုင်းဆိုရင်ရိုးသားပါတယ်။ရိုးသားကြပါတယ်။ဘယ်အချိန်မှာဖောက်ပြန်လာကြသလည်းဆိုရင်
လိုချင်တပ်မက်လာတဲ့အခါမှာပါ။
ငါ့အတွက်၊ ငါ့သားသမီး ၊ငါ့မိဘအတွက်၊ ငွေကြေးနဲ့ရာထူးအာဏာပါဝါတွေအတွက်၊အသက်အန္တရယ်သော်၎င်း ကြုံလာကြတဲ့အခါမယ် နိုင်ချင်ကြတာမို့
ပြိုင်ကြဆိုင်ကြတဲ့အခါမယ် ရှိရင်းစွဲရိုးသားမှုတွေက ပြိုကျပျက်စီးလာကြပါတယ်။
မှားတတ်ကြပါတယ်။
နားလည်ပါတယ်။
ကျနော်လည်းမှားဘူးသလို သတိလွတ်တိုင်းမှားနေဆဲပါပဲ။ငယ်တုန်းကအမှားကြီးနဲ့ ကြီးလာတော့ဆင်ခြင်တဲ့ကြားကဖြစ်လာတဲ့အမှားလောက်ပဲကွာတာပါ။
နောက်တစ်ခုက ပတ်ဝန်းကျင်ကြောင့်မှားတတ်တာပါ။
သိပ်အရေးကြီးပါတယ်။
ရိုးသားမှုဆိုတဲ့စကားလုံးက သိပ်ကိုနူးညံ့ပေမယ့် သူ့ကိုမထိခိုက်ဖို့ပြတ်သားဖို့လိုပါတယ်။
ပျက်စီးသွားတဲ့ရိုးသားမှုတွေက ရင်နာဖို့ကောင်းပါတယ်။
ရိုးသားမှုကအရင်းအနှီးကြီးပါတယ်။
ပြတ်သားစွာငြင်းပြီး ရိုးသားမှုကိုစောင့်ထိန်းမလား?
လိုက်လျောညီထွေနေပြီး သံတမန်ဆန်စွာ win win situations ဖြစ်အောင်သင်နေတတ်သလား?
မလုပ်ချင်တာတွေလုပ်ပြီးရိုးသားမှုတွေကိုရေစုန်မျှောလိုက်မလား?
သင့်လုပ်နိုင်စွမ်း
ထိန်းချူပ်နိုင်စွမ်းက “သင်”ဘယ်လိုလူလည်းဆိုတာကို မပြောပဲသိစေမှာပါ။
သေခြာတာကတော့ အဝတ်တွေကို ဝတ်ပြီးတိုင်း ပြန်လည်လျှော်ဖွတ်သလို စိတ်
တွေကိုလည်းပြန်လည်လျှော်ဖွတ်သန့်စင်ပါ။
တစ်ကြိမ်တစ်ခါပဲရိုးသားကြည့်ပါ။
သင် ရိုးသားမှုရဲ့အသီးအပွင့်တွေချိုမြိန်လွန်းလို့ အမြဲစားသုံးမိပါလိမ့်မယ်။
“အမှန်ကိုသိနိုင်ဖို့၊ပြတ်သားဖို့နဲ့အမုန်းခံနိုင်ဖို့တော့ပြင်ထားပေးပါ။
တော်လှန်ရေးကာလက ပုံမှန်ထက်ရိုးသားဖို့လိုပါတယ်။ #U Kyaw Thet Linn
Zawgyi
တော်လှန်ရေးကာလမှာ သိခဲ့ရတဲ့အသိလေးတွေကို ဒီနေ့မှာ မှတ်မှတ်ရရမျှဝေလိုက်တဲ့ ဦးကျော်သက်လင်း
တော်လှန်ရေးကာလမှာ ကျနော်သိခဲ့ရတဲ့အသိလေးတွေကို ဒီနေ့မှာ မှတ်မှတ်ရရမျှဝေလိုပါတယ်။
အဲဒါကတော့ ကျနော်တို့အမြဲပြောပြောနေတဲ့ ရိုးသားရမယ်ဆိုတဲ့စကား။
လူဟာ ပုံမှန်အတိုင်းဆိုရင်ရိုးသားပါတယ်။ရိုးသားကြပါတယ်။ဘယ်အချိန်မှာဖောက်ပြန်လာကြသလည်းဆိုရင်
လိုခ်င္တပ္မက္လာတဲ့အခါမွာပါ။