ျပည္တြင္းသတင္း

မႏၲေလးတိုင္းတြင္ ရခိုင္ျပန္ ၁၁၂ ဦးပါဝင္ အသြားအလာ ကန႔္သတ္ေစာင့္ၾကည့္ထားသူ တစ္ေထာင္ ေက်ာ္ရွိေန

မႏၲေလးတိုင္းတြင္ ရခိုင္ျပန္ ၁၁၂ ဦးပါဝင္ အသြားအလာ ကန႔္သတ္ေစာင့္ၾကည့္ထားသူ တစ္ေထာင္ ေက်ာ္ရွိေန

မႏၲေလးတိုင္းေဒသႀကီးအတြင္း၌ (Facility Quarantin) အသြားအလာ ကန႔္သတ္ေစာင့္ၾကည့္သူ တစ္ေထာင္ေက်ာ္ရွိေနၿပီး ရခိုင္ျပည္နယ္မွ ဝင္ေရာက္လာသူ ၁၁၂ ဦးပါဝင္ေၾကာင္း မႏၲေလးတိုင္း ေဒသႀကီးက်န္းမာေရးႏွင့္ ကုသေရးဦးစီးဌာနက သိရသည္။

တစ္တိုင္းလုံးအေနျဖင့္ ၾသဂုတ္လ ၂၅ ရက္ထိ (Facility Quarantin) အသြားအလာ ကန႔္သတ္ေစာင့္ ၾကည့္သူ ၁၀၅၂ ဦး ရွိေနေသးသည့္အျပင္ ၂၁ ရက္ျပည့္ၿပီးသူ ၂၆၇၂၂ ဦးရွိေၾကာင္း မႏၲေလးတိုင္းေဒသ ႀကီးအစိုးရအဖြဲ႕၏ ထုတ္ျပန္ခ်က္မ်ားအရ သိရသည္။

“အားလုံးရဲ႕အေျခအေနကေတာ့ အခုညေနထိေတာ့ အေျဖမထြက္ေသးပါဘူး”ဟု မႏၲေလးတိုင္း ေဒသႀကီးက်န္းမာေရးႏွင့္ ကုသေရးဦးစီးဌာန တိုင္းဦးစီးမႈး ေဒါက္တာသန္းသန္းျမင့္က ေျပာသည္။

ယခုအခါ ရခိုင္ျပည္နယ္အတြင္း COVID-19 ေရာဂါ ကူးစက္ျဖစ္ပြားမႈ ျမင့္တက္ေနသည့္အတြက္ ရခိုင္ ျပည္နယ္မွ မႏၲေလးသို႔လာေရာက္သူမ်ားအား Quarantine (၂၁)ရက္ ထားရွိရန္ႏွင့္ ဓာတ္ခြဲနမူနာ ရယူ စစ္ေဆးရန္ မႏၲေလးတိုင္း အစိုးရအဖြဲ႕က ၾသဂုတ္လ (၂၁)ရက္မွ စတင္ၫႊန္ၾကားခဲ့ျခင္းျဖစ္သည္။

“ရခိုင္ျပန္ေတြထဲက ၇၉ဦးဓာတ္ခြဲနမူနာ ယူထားၿပီးပါၿပီ၊ သံဃာေဆး႐ုံက ၃၈ေယာက္ ယူထားၿပီးပါၿပီ၊ အားလုံးရဲ႕အေျဖကေတာ့ မထြက္ေသးပါဘူး၊ ၃၈ေယာက္ထဲက ၂၉ေယာက္ကေတာ့ Negative (ေရာဂါပိုးကင္းစင္) အေျဖထြက္ထားပါတယ္၊ ဒီေန႔ည အေျဖထြက္မွာေတြ ရွိပါေသးတယ္”ဟု ေဒါက္တာသန္းသန္းျမင့္က ဆက္လက္ေျပာသည္။

မႏၲေလးခ႐ိုင္အတြင္းသို႔ ဝင္ေရာက္လာသူမ်ားကို ခ်မ္းျမသာစည္ၿမိဳ႕နယ္ရွိ ကန္ေတာ္ႀကီး ဇီဝိတ သံဃာ့ ေဆး႐ုံႀကီးတြင္ Facility Quarantine (အသြားအလာ ကန႔္သတ္ေစာင့္ၾကည့္)ျပဳလုပ္ထားၿပီး အားလုံး ပိုးမေတြ႕အေျဖထြက္ရွိလွ်င္လည္း ၂၁ ရက္ျပည့္သည္ထိ အဝင္တစ္ခါ အထြက္တစ္ခါစစ္ေဆး သြားမည္ျဖစ္ေၾကာင္း သိရသည္။

“တိုင္းအတြင္း ျပန္ေရာက္လာတဲ့ ျပည္ေတာ္ျပန္ေတြနဲ႔ ျပည္တြင္းခရီးသြားေတြကို Facility Quarantine ျပဳလုပ္ခိုင္းထားပါတယ္၊ ယာဥ္လိုင္းက ကားဆရာေတြနဲ႔ စစ္ေတြဘက္က ျပန္လာတဲ့သူေတြေပါ့၊ အားလုံး ကို ၂၁ ရက္ Quarantine ဝင္ခိုင္းၿပီးေတာ့ သူတို႔ကို ဓါတ္ခြဲနမူနာရယူၿပီးစစ္ေဆးေနပါတယ္” ဟု မႏၲေလး တိုင္းေဒသႀကီး Coronavirus Disease 2019 (COVID-19) ေရာဂါဆိုင္ရာ ထိန္းခ်ဳပ္ေရးႏွင့္ အေရးေပၚ တုံ႔ျပန္ေရးေကာ္မတီ ဥကၠ႒၊ မႏၲေလးတိုင္းေဒသႀကီးအစိုးရဖြဲ႕၊ ရွမ္းတိုင္းရင္းသားေရး ရာဝန္ႀကီးဦးစိုင္းပန္း ဆိုင္ကေျပာသည္။

ယခုအခါ မႏၲေလးတိုင္းေဒသႀကီးအတြင္း ၾသဂုတ္လ ၂၅ ရက္အထိ စာရင္းမ်ားအရ ခ႐ိုင္ ၇ ခု၌ အသြား အလာ ကန႔္သတ္ေစာင့္ၾကည့္ျခင္း (Facility Quarantin)ေနရာ ၄၆၃ ေနရာတြင္ ၁၀၅၂ ဦး ရွိေၾကာင္းသိရ သည္။

Facility Quarantine ျပဳလုပ္ရာ ျမင္းၿခံခ႐ိုင္တြင္ ေနရာ ၁၃၉ ေနရာ၊ လက္ရွိ ၄၄ ဦး၊ ၂၁ရက္ျပည့္ ၃၉၀၃ ဦးရွိၿပီး မႏၲေလးခ႐ိုင္သည္(Facility Quarantin)ျပဳလုပ္ထားသူအမ်ားဆုံးျဖစ္ၿပီး ေနရာ ၁၈ ေနရာ၊ လက္ရွိ ၃၉၇ ဦး၊ ၂၁ရက္ျပည့္ၿပီးသူ ၂၈၆ ဦးထိ ရွိေၾကာင္း သိရသည္။

ခ႐ိုင္ ၇ ခု၏ စာရင္းမ်ားအရ မႏၲေလးခ႐ိုင္တြင္ ေနရာ ၁၈ေနရာ၊ ၃၉၇ဦး၊ ျပင္ဦးလြင္ခ႐ိုင္တြင္ ေနရာ ၃၃ ေနရာ၊ ၃၆၉ဦး၊ ေက်ာက္ဆည္ခ႐ိုင္တြင္ ေနရာ ၇၃ ေနရာ၊ ၈၅ဦး၊ ျမင္းၿခံခ႐ိုင္တြင္ ေနရာ ၁၃၉ေနရာ၊ ၄၄ဦး၊ မိတၳီလာခ႐ိုင္တြင္ ေနရာ ၁၀၃ ေနရာ၊ ၉၇ဦး၊ ရမည္းသင္းခ႐ိုင္တြင္ ေနရာ ၃၈ ေနရာ၊ ၇ ဦး၊ ေညာင္ဦးခ႐ိုင္ ေနရာ ၅၉ေနရာ၊ ၅၃ဦးတို႔ျဖစ္ေၾကာင္း သိရသည္။

မႏၲေလးတိုင္းအတြင္းရွိ ေစာင့္ၾကည့္လူနာ၊ သံသယလူနာမ်ားကို ထားရွိသည့္ Facility Quarantine မ်ားမွ ပိုးမေတြ႕လူနာမ်ားကို သတ္မွတ္ရက္ျပည့္သည္ႏွင့္ အဆုတ္ ဓာတ္မွန္ေကာင္းမြန္မႈႏွင့္ အနည္းဆုံး ၄၈နာရီ အဖ်ားကင္းစင္ေနပါက ေနရပ္မ်ားသို႔ ျပန္ခြင့္ျပထားေၾကာင္း သိရသည္။

ႏိုင္ထူး

Unicode

မန္တလေးတိုင်းတွင် ရခိုင်ပြန် ၁၁၂ ဦးပါဝင် အသွားအလာ ကန့်သတ်စောင့်ကြည့်ထားသူ တစ်ထောင် ကျော်ရှိနေ

မန္တလေးတိုင်းဒေသကြီးအတွင်း၌ (Facility Quarantin) အသွားအလာ ကန့်သတ်စောင့်ကြည့်သူ တစ်ထောင်ကျော်ရှိနေပြီး ရခိုင်ပြည်နယ်မှ ဝင်ရောက်လာသူ ၁၁၂ ဦးပါဝင်ကြောင်း မန္တလေးတိုင်း ဒေသကြီးကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနက သိရသည်။

တစ်တိုင်းလုံးအနေဖြင့် သြဂုတ်လ ၂၅ ရက်ထိ (Facility Quarantin) အသွားအလာ ကန့်သတ်စောင့် ကြည့်သူ ၁၀၅၂ ဦး ရှိနေသေးသည့်အပြင် ၂၁ ရက်ပြည့်ပြီးသူ ၂၆၇၂၂ ဦးရှိကြောင်း မန္တလေးတိုင်းဒေသ ကြီးအစိုးရအဖွဲ့၏ ထုတ်ပြန်ချက်များအရ သိရသည်။

“အားလုံးရဲ့အခြေအနေကတော့ အခုညနေထိတော့ အဖြေမထွက်သေးပါဘူး”ဟု မန္တလေးတိုင်း ဒေသကြီးကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန တိုင်းဦးစီးမှုး ဒေါက်တာသန်းသန်းမြင့်က ပြောသည်။

ယခုအခါ ရခိုင်ပြည်နယ်အတွင်း COVID-19 ရောဂါ ကူးစက်ဖြစ်ပွားမှု မြင့်တက်နေသည့်အတွက် ရခိုင် ပြည်နယ်မှ မန္တလေးသို့လာရောက်သူများအား Quarantine (၂၁)ရက် ထားရှိရန်နှင့် ဓာတ်ခွဲနမူနာ ရယူ စစ်ဆေးရန် မန္တလေးတိုင်း အစိုးရအဖွဲ့က သြဂုတ်လ (၂၁)ရက်မှ စတင်ညွှန်ကြားခဲ့ခြင်းဖြစ်သည်။

“ရခိုင်ပြန်တွေထဲက ၇၉ဦးဓာတ်ခွဲနမူနာ ယူထားပြီးပါပြီ၊ သံဃာဆေးရုံက ၃၈ယောက် ယူထားပြီးပါပြီ၊ အားလုံးရဲ့အဖြေကတော့ မထွက်သေးပါဘူး၊ ၃၈ယောက်ထဲက ၂၉ယောက်ကတော့ Negative (ရောဂါပိုးကင်းစင်) အဖြေထွက်ထားပါတယ်၊ ဒီနေ့ည အဖြေထွက်မှာတွေ ရှိပါသေးတယ်”ဟု ဒေါက်တာသန်းသန်းမြင့်က ဆက်လက်ပြောသည်။

မန္တလေးခရိုင်အတွင်းသို့ ဝင်ရောက်လာသူများကို ချမ်းမြသာစည်မြို့နယ်ရှိ ကန်တော်ကြီး ဇီဝိတ သံဃာ့ ဆေးရုံကြီးတွင် Facility Quarantine (အသွားအလာ ကန့်သတ်စောင့်ကြည့်)ပြုလုပ်ထားပြီး အားလုံး ပိုးမတွေ့အဖြေထွက်ရှိလျှင်လည်း ၂၁ ရက်ပြည့်သည်ထိ အဝင်တစ်ခါ အထွက်တစ်ခါစစ်ဆေး သွားမည်ဖြစ်ကြောင်း သိရသည်။

“တိုင်းအတွင်း ပြန်ရောက်လာတဲ့ ပြည်တော်ပြန်တွေနဲ့ ပြည်တွင်းခရီးသွားတွေကို Facility Quarantine ပြုလုပ်ခိုင်းထားပါတယ်၊ ယာဉ်လိုင်းက ကားဆရာတွေနဲ့ စစ်တွေဘက်က ပြန်လာတဲ့သူတွေပေါ့၊ အားလုံး ကို ၂၁ ရက် Quarantine ဝင်ခိုင်းပြီးတော့ သူတို့ကို ဓါတ်ခွဲနမူနာရယူပြီးစစ်ဆေးနေပါတယ်” ဟု မန္တလေး တိုင်းဒေသကြီး Coronavirus Disease 2019 (COVID-19) ရောဂါဆိုင်ရာ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ၊ မန္တလေးတိုင်းဒေသကြီးအစိုးရဖွဲ့၊ ရှမ်းတိုင်းရင်းသားရေး ရာဝန်ကြီးဦးစိုင်းပန်း ဆိုင်ကပြောသည်။

ယခုအခါ မန္တလေးတိုင်းဒေသကြီးအတွင်း သြဂုတ်လ ၂၅ ရက်အထိ စာရင်းများအရ ခရိုင် ၇ ခု၌ အသွား အလာ ကန့်သတ်စောင့်ကြည့်ခြင်း (Facility Quarantin)နေရာ ၄၆၃ နေရာတွင် ၁၀၅၂ ဦး ရှိကြောင်းသိရ သည်။

Facility Quarantine ပြုလုပ်ရာ မြင်းခြံခရိုင်တွင် နေရာ ၁၃၉ နေရာ၊ လက်ရှိ ၄၄ ဦး၊ ၂၁ရက်ပြည့် ၃၉၀၃ ဦးရှိပြီး မန္တလေးခရိုင်သည်(Facility Quarantin)ပြုလုပ်ထားသူအများဆုံးဖြစ်ပြီး နေရာ ၁၈ နေရာ၊ လက်ရှိ ၃၉၇ ဦး၊ ၂၁ရက်ပြည့်ပြီးသူ ၂၈၆ ဦးထိ ရှိကြောင်း သိရသည်။

ခရိုင် ၇ ခု၏ စာရင်းများအရ မန္တလေးခရိုင်တွင် နေရာ ၁၈နေရာ၊ ၃၉၇ဦး၊ ပြင်ဦးလွင်ခရိုင်တွင် နေရာ ၃၃ နေရာ၊ ၃၆၉ဦး၊ ကျောက်ဆည်ခရိုင်တွင် နေရာ ၇၃ နေရာ၊ ၈၅ဦး၊ မြင်းခြံခရိုင်တွင် နေရာ ၁၃၉နေရာ၊ ၄၄ဦး၊ မိတ္ထီလာခရိုင်တွင် နေရာ ၁၀၃ နေရာ၊ ၉၇ဦး၊ ရမည်းသင်းခရိုင်တွင် နေရာ ၃၈ နေရာ၊ ၇ ဦး၊ ညောင်ဦးခရိုင် နေရာ ၅၉နေရာ၊ ၅၃ဦးတို့ဖြစ်ကြောင်း သိရသည်။

မန္တလေးတိုင်းအတွင်းရှိ စောင့်ကြည့်လူနာ၊ သံသယလူနာများကို ထားရှိသည့် Facility Quarantine များမှ ပိုးမတွေ့လူနာများကို သတ်မှတ်ရက်ပြည့်သည်နှင့် အဆုတ် ဓာတ်မှန်ကောင်းမွန်မှုနှင့် အနည်းဆုံး ၄၈နာရီ အဖျားကင်းစင်နေပါက နေရပ်များသို့ ပြန်ခွင့်ပြထားကြောင်း သိရသည်။

နိုင်ထူး