ၾကားသိရသမွ်

သူတို့ အိမ်၀ယ်တဲ့ ကိစ္စစပ်စုတဲ့ ပရိတ်သတ်တွေကို သူတွေကို စမိုင်းယောကျာ်း မိုက်ရိုင်းစွာဆဲဆို

ဒေါ်လာ(၁၆.၇) မီလျံတန် ခမ်းနားလှတဲ့ အိမ်ကြီးကို ဝယ်ယူခဲ့လို့ စိတ်ဝင်တစား ဖြစ်နေကြတဲ့ ပရိသတ်တွေကို မိုက်ရိုင်းစွာ ဆဲဆို စော်ကားလိုက် တဲ့ စမိုင်းလ်ရဲ့ခင်ပွန်း ပြည့်မောင်

သြဂုတ်လ (၈) ရက် မနေ့က အွန်လိုင်းပေါ်မှာ ပျံ့နှံ့လို့ လာတဲ့ သတင်းတွေအရ စမိုင်းလ်တို့ လင်မယားဟာ အမေရိကန် မိတ်ကပ်ပညာရှင်လည်း ဖြစ်သလို
YouTuberလည်း ဖြစ်တဲ့ Jeffree Star

Cosmetic ပိုင်ရှင် Jeffree Star ရဲ့ ကယ်လီဖိုးနီးယားပြည်နယ် Hidden Hills မှာရှိသော ဇိမ်ခံအိမ်ကြီးကို

အမေရိကန်ဒေါ်လာ $16.7 million နဲ့ ဝယ်ယူခဲ့ တယ်လို့ သိရပါတယ်။

စမိုင်းလ်တို့ဇနီးမောင်နှံဟာ အမေရိကန်က သူကြွယ်သူဌေးတွေ နာမည်ကြီး ဆယ်လီတွေချည့်နေထိုင်ကြတဲ့ ရပ်ကွက်မှာ အခုလို

စျေးအရမ်းကြီးမြင့်သော ဇိမ်ခံအိမ်ကြီး တစ်လုံးကို ဝယ်ယူခဲ့တဲ့ အကြောင်းဟာ ရောင်းချသူဟာလည်း နာမည်ကြီးတစ်ဦး ဖြစ်တာကြောင့်

နိုင်ငံတကာ မီဒီယာတွေမှာ စိတ်ဝင်စားစရာ သတင်းတစ်ခုအနေဖြင့် ပါလာခဲ့သလို မြန်မာနိုင်ငံက ပရိသတ်ပြည်သူတွေဟာလည်း အများနည်းတူ စိတ်ဝင်တစား ဖြစ်ခဲ့ကြတာပဲ ဖြစ်ပါတယ်။

အဲ့ဒီလို စိတ်ဝင်တစားရှိ ကြတဲ့အတွက် စမိုင်းလ်တို့ မိသားစုရဲ့ ဖေ့ဘုတ်စ် အကောင့်နဲ့

အင်စတာဂရမ်အကောင့်တွေကို ရှာဖွေ ကြည့်ရှု့နှုန်းဟာ ရုတ်တရက် မြင့်တက် လာခဲ့ပါတယ်။

သရုပ်ဆောင် စမိုင်းလ်ကတော့ သူမရဲ့နာမည်နဲ့ အသုံးပြုနေသော သူမရဲ့အကောင့်တွေမှာ ဘာကိုမှထွေထွေထူးထူး တင်ထားခြင်း မရှိပေမယ့်

စမိုင်းလ်ရဲ့ယောက်ျားဖြစ်သူ ပြည့်မောင်ကတော့ သူရဲ့အကောင့်ကို စိတ်ဝင်စားစွာ လာကြည့်ကြတဲ့ ပရိသတ်ပြည်သူတွေကို ယုတ်ရင့်သော နှိမ်သော အသုံးအနှုန်းတွေနဲ့

ကြမ်းတမ်းစွာ ဆဲဆို လာခဲ့တာပဲ ဖြစ်ပါတယ် နော်။ ပြည့်မောင်က သူ့ရဲ့အင်စတာဂရမ်အကောင့်ကို လော့ချခဲ့ပြီးနောက် Bio မှာတော့ အခုလို အသုံးအနှုန်းတွေနဲ့ ရေးလာခဲ့တာပါ။

“လာမစပ်စုနဲ့ တောသားတွေ ဖတ်တတ်အောင် ရေးမယ်>> ဖတ်ခ်အော့ဖ်😆။ ဒိုးးး🖕🏻 ” ဆိုပြီး စမိုင်းယောက်ျား ပြည့်မောင်က ပြောဆို ရေးသားလာ ခဲ့တာဖြစ်ပါတယ်။

တချိန်က အလှူတွေပေး ခဲ့ကြသလို တရားတွေထိုင် အဓိဌာန်တွေ ဝင်ကြလို့ အားလုံးက စိတ်ထားကောင်းလို့ ချမ်းသာကြတဲ့ လူယဉ်ကျေးလင်မယား ဆိုပြီး အားကျစိတ်နဲ့

အားပေးခဲ့ကြတဲ့ ပြည်သူတွေ ကို ယခုအခါမှာတော့ တောသားတွေလို့ ပြောပြီး မယဉ်ကျေးတဲ့ အသုံးအနှုန်းတွေ သုံးကာ

ပြည့်မောင်ဟာ အံ့သြစရာကောင်းအောင် တုံ့ပြန် လာခဲ့တာ ပဲဖြစ် ပါတယ်နော်။

(Visited 2,796 times, 2,796 visits today)