From Zero To Hero ကာကွယ်ရေးအဖွဲ့မှ ခေါင်းဆောင် အပါအဝင် ၃ ဦး ဖမ်းဆီးခံရပြီးနောက် ၂ဦး သေဒဏ်ချမှတ်ခံရ
OAK
ရန္ကုန္(မဇၨ်ိမ)။ ။
ရန်ကုန်အခြေစိုက် ကာကွယ်ရေးအဖွဲ့တစ်ခုဖြစ်သော From Zero To Hero အဖွဲ့မှ ခေါင်းဆောင်နှင့် အဖွဲ့ဝင်တစ်ဦး၊ ယာဉ်မောင်းတစ်ဦးတို့အား မေလ ၂၄ ရက်နေ့ မနက်ပိုင်းအချိန်တွင် စစ်ကောင်စီက ဖမ်းဆီးခဲ့သည်ဟု သိရသည်။

လက်နက်ဝယ်ယူပြီးအပြန် အမြန်လမ်း ဇီးရိုးမိုင်တွင် ၎င်းတို့အား စစ်ကောင်စီက ဖမ်းဆီးခဲ့သည်ဟု သိရသည်။
“သူတို့လက်နက်သွားယူပြီး အပြန်မှာ ဖမ်းမိတာ နှစ်ယောက်ကတော့ သေဒဏ်ချခံရတယ်။ ကားသမားကတော့ သေဒဏ်မဟုတ်ဘူး။ တစ်ယောက်က ခေါင်းဆောင်မှန်းလည်းသိရော အသေနှိပ်စက်ထားကြတယ်လို့ ကြားတယ်။
ပြီးတော့ သူတို့က ရန်ကုန်ကလည်းမဟုတ်တော့ ကူညီပေးမည့်လူကလည်း မရှိဘူးဖြစ်နေတယ်။ အဲ့ဒါကြောင့် AAPP တို့ဘာတို့သိရင် နဲနဲသက်သာမလားလို့ပါ”ဟု From Zero To Hero အဖွဲ့တာဝန်ရှိသူကပြောသည်။

သေဒဏ်ကျခံရသည့် ရဲဘော်နှစ်ဦးမှာ မျိုးကျော်ဝင်း(ခေါ်)မန္တလေးသားနှင့် ရဲကျော်အောင်(ခေါ်) ကုလားလေးတို့ဖြစ်ပြီး ၎င်းတို့နှစ်ဦးအတွက် အကူအညီလိုအပ်နေသည်ဟု သိရသည်။
စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ် ။ ။ အောင်ကျော်ဖြိုး
From Zero To Hero ကာကွယ်ရေးအဖွဲ့မှ ခေါင်းဆောင် အပါအဝင် ၃ ဦး ဖမ်းဆီးခံရပြီးနောက် ၂ဦး သေဒဏ်ချမှတ်ခံရ
OAK
ရန်ကုန်(မဇ္ဇျိမ)။ ။