ၾကားသိရသမွ်

စက္သုံးဆီ ျပတ္လပ္မႈျဖစ္ေပၚၿပီးေနာက္ တဟုန္ထိုး ေဈးျမင့္တက္လာ- ၂၄ နာရီအတြင္း 92 တစ္လီတာ က်ပ္ ၂၇၀၀ ေက်ာ္ ျမင့္တက္လာၿပီး ခန႔္မွန္းခ်က္ထက္ တက္ႏႈန္းပိုျမင့္ေန…

ယမန်နေ့က ဈေးကွက်အတွင်း စက်သုံးဆီအမျိုးအစားအချို့ ပြတ်လပ်မှုဖြစ်ပေါ်ပြီးနောက် ယနေ့ဈေးကွက်ဖွင့်ချိန်မှာတော့ အောက်တိန်း 92 Ron နဲ့ (ပရီမီယံ) ဒီဇယ်ဈေးနှုန်းတွေ တဟုန်ထိုး မြင့်တက်လာခဲ့ပါတယ်။

စက်သုံးဆီပြတ်လပ်မှုဒဏ်ကို ရှမ်း၊ မွန်၊ ကချင်ပြည်နယ်တို့က မြို့ကြီးအချို့အပြင် အခြားသော မြို့အချို့လည်း တွေ့ကြုံရနေပြီး စက်သုံးဆီသိုလှောင်ကန်တွေ တည်ရှိရာ ရန်ကုန်မြို့မှာပင် ဆီထုတ်ယူဖို့ စောင့်ဆိုင်းခဲ့ရတယ်လို့ သိရှိရပါတယ်။

စက်သုံးဆီ ရန်ကုန်ဈေးကို ကြည့်မယ်ဆိုရင် ပြီးခဲ့တဲ့ တနင်္ဂနွေက 92 တစ်လီတာ ၁၆၁၅ ကျပ်သာ ရှိခဲ့ပေမယ့် ယနေ့မှာတော့ ၂၁၄၀ ကျပ်အထိ အရှိန်နဲ့ ရောက်ရှိလာခဲ့ပြီး ၄ ရက်အတွင်း တစ်လီတာ ကျပ် ၅၀၀ ကျော် မြင့်တက်လာခဲ့ပါတယ်။

လက်ရှိဖြစ်ပေါ်နေတဲ့ စက်သုံးဆီဈေးနှုန်းတွေရဲ့ ကျရိပ်ကို မမြင်ရပဲ ဈေးအတက်မှာသာ ရှိနေနိုင်ကြောင်း ဈေးကွက်အကဲခတ်အချို့ကလည်း သုံးသပ်ထားကြပါတယ်။

ယခုလို စက်သုံးဆီအတက်ဈေး ရပ်တည်နေချိန် နစကဥက္ကဋ္ဌအဖြစ် တာဝန်ယူထားတဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြည်ပကနေ စက်သုံးဆီပါဝင်တဲ့ ရေနံထွက်ပစ္စည်းတင်သွင်းမှုကို လျှော့ချဖို့ ကြိုးပမ်းနေပြီး ပြည်တွင်းထုတ်လုပ်မှုကို တွန်းအားပေးဖို့ လုပ်ဆောင်နေပါတယ်။

စင်ကာပူ MOPS ဈေးနှုန်းအပေါ် မှီငြမ်းထားတဲ့ ပြည်တွင်းစက်သုံးဆီဈေး အတက်/အကျကို ခန့်မှန်းတွက်ချက်မှုတွေအရ ကျပ်ဆယ်ဂဏန်းဝန်းကျင်သာ အတက်ရှိမယ်လို့ ဆိုကြပေမယ့် ယနေ့ဖြစ်ပေါ်ခဲ့တဲ့ ဈေးနှုန်းကတော့ မှန်းချက်ထက် အဆမတန် မြင့်တက်ခဲ့ခြင်း ဖြစ်ပါတယ်။

Zawgyi

ယမန္ေန႔က ေဈးကြက္အတြင္း စက္သုံးဆီအမ်ိဳးအစားအခ်ိဳ႕ ျပတ္လပ္မႈျဖစ္ေပၚၿပီးေနာက္ ယေန႔ေဈးကြက္ဖြင့္ခ်ိန္မွာေတာ့ ေအာက္တိန္း 92 Ron နဲ႔ (ပရီမီယံ) ဒီဇယ္ေဈးႏႈန္းေတြ တဟုန္ထိုး ျမင့္တက္လာခဲ့ပါတယ္။

စက္သုံးဆီျပတ္လပ္မႈဒဏ္ကို ရွမ္း၊ မြန္၊ ကခ်င္ျပည္နယ္တို႔က ၿမိဳ႕ႀကီးအခ်ိဳ႕အျပင္ အျခားေသာ ၿမိဳ႕အခ်ိဳ႕လည္း ေတြ႕ႀကဳံရေနၿပီး စက္သုံးဆီသိုေလွာင္ကန္ေတြ တည္ရွိရာ ရန္ကုန္ၿမိဳ႕မွာပင္ ဆီထုတ္ယူဖို႔ ေစာင့္ဆိုင္းခဲ့ရတယ္လို႔ သိရွိရပါတယ္။

စက္သုံးဆီ ရန္ကုန္ေဈးကို ၾကည့္မယ္ဆိုရင္ ၿပီးခဲ့တဲ့ တနဂၤေႏြက 92 တစ္လီတာ ၁၆၁၅ က်ပ္သာ ရွိခဲ့ေပမယ့္ ယေန႔မွာေတာ့ ၂၁၄၀ က်ပ္အထိ အရွိန္နဲ႔ ေရာက္ရွိလာခဲ့ၿပီး ၄ ရက္အတြင္း တစ္လီတာ က်ပ္ ၅၀၀ ေက်ာ္ ျမင့္တက္လာခဲ့ပါတယ္။

လက္ရွိျဖစ္ေပၚေနတဲ့ စက္သုံးဆီေဈးႏႈန္းေတြရဲ႕ က်ရိပ္ကို မျမင္ရပဲ ေဈးအတက္မွာသာ ရွိေနႏိုင္ေၾကာင္း ေဈးကြက္အကဲခတ္အခ်ိဳ႕ကလည္း သုံးသပ္ထားၾကပါတယ္။

ယခုလို စက္သုံးဆီအတက္ေဈး ရပ္တည္ေနခ်ိန္ နစကဥကၠ႒အျဖစ္ တာဝန္ယူထားတဲ့ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ျပည္ပကေန စက္သုံးဆီပါဝင္တဲ့ ေရနံထြက္ပစၥည္းတင္သြင္းမႈကို ေလွ်ာ့ခ်ဖို႔ ႀကိဳးပမ္းေနၿပီး ျပည္တြင္းထုတ္လုပ္မႈကို တြန္းအားေပးဖို႔ လုပ္ေဆာင္ေနပါတယ္။

စင္ကာပူ MOPS ေဈးႏႈန္းအေပၚ မွီျငမ္းထားတဲ့ ျပည္တြင္းစက္သုံးဆီေဈး အတက္/အက်ကို ခန႔္မွန္းတြက္ခ်က္မႈေတြအရ က်ပ္ဆယ္ဂဏန္းဝန္းက်င္သာ အတက္ရွိမယ္လို႔ ဆိုၾကေပမယ့္ ယေန႔ျဖစ္ေပၚခဲ့တဲ့ ေဈးႏႈန္းကေတာ့ မွန္းခ်က္ထက္ အဆမတန္ ျမင့္တက္ခဲ့ျခင္း ျဖစ္ပါတယ္။