ေတာင္ဥကၠလာမွ ပိုးေတြ႕သူသည္ သေဘၤာသားျဖစ္၊ ရန္ကုန္တၿမိဳ႕လုံး အႏွံ႔သြားခဲ့ဟုဆို
ရန္ကုန္တိုင္းေဒသႀကီး၊ ေတာင္ဥကၠလာပၿမိဳ႕နယ္၊ မာဃ ၆ လမ္းတြင္ ေနထိုင္ေသာ သေဘၤာသားတစ္ဦးသည္ သေဘၤာတက္ရန္ အျပင္ေဆးခန္းတြင္ ေဆးစစ္ရင္း ကိုဗစ္ေရာဂါ စိစစ္ ေတြ႕႐ွိရကာ မည္သို႔ ကူးစက္ခံရသည္ကိုေတာ႔ မသိ႐ွိရေသးေၾကာင္း ေတာင္ဥကၠလာပၿမိဳ႕နယ္မွ ရန္ကုန္တိုင္းေဒသႀကီး လႊတ္ေတာ္ကိုယ္စားလွယ္ ဦးမိုးျမင့္က ေျပာလိုက္ပါတယ္။
အဆိုပါ ကိုဗစ္ေရာဂါ စိစစ္ေတြ႕႐ွိရသည့္ သေဘၤာသားကို ေဝဘာဂီေဆး႐ုံသို႔ ပို႔ေဆာင္ထားၿပီး သူႏွင့္ထိေတြ႕ခဲ့သူမ်ားကို လိုက္လံ႐ွာေဖြလ်က္႐ွိေၾကာင္းႏွင္႔ လတ္တေလာ အထက ၃ မွေက်ာင္းသားတစ္ဦးကို ေမးျမန္းလ်က္႐ွိေၾကာင္း၊ အဆိုပါ ကိုဗစ္လူနာ သေဘၤာသားသည္ ရန္ကုန္ ေနရာအႏွံ႔ သြားလာထားသည္ဟု သိ႐ွိရတယ္လို႔ ဦးမိုးျမင့္က ဆိုပါတယ္။
“ဒါကေတာ့ မေန႔က တိုင္းက်န္းမာေရးကေနၿပီးေတာ့ အျပင္သေဘၤာသားပဲ။ ျပန္ေရာက္တာ ၂ ႏွစ္ေလာက္ေတာ့႐ွိေနၿပီ။ ရန္ကုန္ကို ျပန္ေရာက္လာတာဒီေန႔ သေဘၤာထြက္ရမွာေပါ့။ မေန႔က ေဆးစစ္ခ်က္ရေတာ့ ၾကည့္ေတာ့ ေဆးစစ္ခ်က္မွာ Positive ျဖစ္ေနတယ္ဆိုၿပီးေတာ့ တိုင္းက်န္းမာကို အေၾကာင္းၾကားတယ္။ တိုင္းက်န္းမာကေန ၿမိဳ႕နယ္ကို အေၾကာင္းၾကားေတာ့ ၿမိဳ႕နယ္ကေန ညဘက္ႀကီး သြားေခၚရတာ။ည ၁၂ ခြဲ ၊ ၁ ခ်က္ေပါ့။ မေန႔ညက ေတြ႕တာပါ။
အျပင္ေဆးခန္းမွာ ေတြ႕တာ ။အခု သူနဲ႔ Close Contact ေတြ ႐ွာေနၿပီ။ အခုေတာင္မွ တစ္ေယာက္သြားေတြ႕ေနတယ္။သူ႕အိမ္လာတဲ့ ထ- ၃ ေက်ာင္းသားတစ္ေယာက္ကို အခု က်ေနာ္တို႔ ႐ုံးခန္းမွာ ေမးေနပါတယ္။အုပ္ခ်ဳပ္ေရးမႉး႐ုံးခန္းမွာ သူ႕အိမ္ကိုလာသူေပါ့။သူနဲ႔ပတ္သက္တဲ့ အခ်ိတ္အဆက္ေတြ ဘယ္လို အေျခအေနလဲဆိုတာ ေမးျမန္းေနတာပါ” လို႔ ဦးမိုးျမင့္က ႐ွင္းျပပါတယ္ ။
အဆိုပါ သေဘၤာသားသည္ ကိုဗစ္မျဖစ္ခင္ကာလကတည္းက ျမန္မာႏိုင္ငံသို႔ ျပန္လည္ေရာက္႐ွိခဲ့ျခင္းျဖစ္တယ္လို႔လည္း သိရပါတယ္။“သူကေတာ့ ၂ ႏွစ္ေက်ာ္ေနၿပီ ျပန္ေရာက္တာကဆိုေတာ့ သူသြားတာေတြက ရန္ကုန္တြင္းေရာ ဘာေရာ ႏွံ႔ေနၿပီ။ ကိုဗစ္မျဖစ္ခင္က ၂ ႏွစ္ေက်ာ္က တည္းက ေရာက္ေနတာကိုး။အခုအခ်ိန္အထိ ဘယ္လို ကူးစက္လဲဆိုတာ မသိရေသးဘူး။ အခုက ေမးတုန္းျမန္းတုန္းပဲ႐ွိေသးတယ္။ ေဝဘာဂီကို ပို႔လိုက္ပါၿပီ”ဟု ဦးမိုးျမင့္က ႐ွင္းလင္း ေျပာဆိုပါတယ္ ။
လက္႐ွိ အခ်ိန္အထိ ျမန္မာႏိုင္ငံတြင္ COVID-19 ေရာဂါဓာတ္ခြဲ အတည္ျပဳလူနာ (၅၇၄) ဦး ႐ွိေနၿပီပဲ ျဖစ္ပါတယ္ ။
Credit
Unicode
တောင်ဥက္ကလာမှ ပိုးတွေ့သူသည် သင်္ဘောသားဖြစ်၊ ရန်ကုန်တမြို့လုံး အနှံ့သွားခဲ့ဟုဆို
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်၊ မာဃ ၆ လမ်းတွင် နေထိုင်သော သင်္ဘောသားတစ်ဦးသည် သင်္ဘောတက်ရန် အပြင်ဆေးခန်းတွင် ဆေးစစ်ရင်း ကိုဗစ်ရောဂါ စိစစ် တွေ့ရှိရကာ မည်သို့ ကူးစက်ခံရသည်ကိုတော့ မသိရှိရသေးကြောင်း တောင်ဥက္ကလာပမြို့နယ်မှ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမိုးမြင့်က ပြောလိုက်ပါတယ်။
အဆိုပါ ကိုဗစ်ရောဂါ စိစစ်တွေ့ရှိရသည့် သင်္ဘောသားကို ဝေဘာဂီဆေးရုံသို့ ပို့ဆောင်ထားပြီး သူနှင့်ထိတွေ့ခဲ့သူများကို လိုက်လံရှာဖွေလျက်ရှိကြောင်းနှင့် လတ်တလော အထက ၃ မှကျောင်းသားတစ်ဦးကို မေးမြန်းလျက်ရှိကြောင်း၊ အဆိုပါ ကိုဗစ်လူနာ သင်္ဘောသားသည် ရန်ကုန် နေရာအနှံ့ သွားလာထားသည်ဟု သိရှိရတယ်လို့ ဦးမိုးမြင့်က ဆိုပါတယ်။
“ဒါကတော့ မနေ့က တိုင်းကျန်းမာရေးကနေပြီးတော့ အပြင်သင်္ဘောသားပဲ။ ပြန်ရောက်တာ ၂ နှစ်လောက်တော့ရှိနေပြီ။ ရန်ကုန်ကို ပြန်ရောက်လာတာဒီနေ့ သင်္ဘောထွက်ရမှာပေါ့။ မနေ့က ဆေးစစ်ချက်ရတော့ ကြည့်တော့ ဆေးစစ်ချက်မှာ Positive ဖြစ်နေတယ်ဆိုပြီးတော့ တိုင်းကျန်းမာကို အကြောင်းကြားတယ်။ တိုင်းကျန်းမာကနေ မြို့နယ်ကို အကြောင်းကြားတော့ မြို့နယ်ကနေ ညဘက်ကြီး သွားခေါ်ရတာ။ည ၁၂ ခွဲ ၊ ၁ ချက်ပေါ့။ မနေ့ညက တွေ့တာပါ။
အပြင်ဆေးခန်းမှာ တွေ့တာ ။အခု သူနဲ့ Close Contact တွေ ရှာနေပြီ။ အခုတောင်မှ တစ်ယောက်သွားတွေ့နေတယ်။သူ့အိမ်လာတဲ့ ထ- ၃ ကျောင်းသားတစ်ယောက်ကို အခု ကျနော်တို့ ရုံးခန်းမှာ မေးနေပါတယ်။အုပ်ချုပ်ရေးမှူးရုံးခန်းမှာ သူ့အိမ်ကိုလာသူပေါ့။သူနဲ့ပတ်သက်တဲ့ အချိတ်အဆက်တွေ ဘယ်လို အခြေအနေလဲဆိုတာ မေးမြန်းနေတာပါ” လို့ ဦးမိုးမြင့်က ရှင်းပြပါတယ် ။
အဆိုပါ သင်္ဘောသားသည် ကိုဗစ်မဖြစ်ခင်ကာလကတည်းက မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိခဲ့ခြင်းဖြစ်တယ်လို့လည်း သိရပါတယ်။“သူကတော့ ၂ နှစ်ကျော်နေပြီ ပြန်ရောက်တာကဆိုတော့ သူသွားတာတွေက ရန်ကုန်တွင်းရော ဘာရော နှံ့နေပြီ။ ကိုဗစ်မဖြစ်ခင်က ၂ နှစ်ကျော်က တည်းက ရောက်နေတာကိုး။အခုအချိန်အထိ ဘယ်လို ကူးစက်လဲဆိုတာ မသိရသေးဘူး။ အခုက မေးတုန်းမြန်းတုန်းပဲရှိသေးတယ်။ ဝေဘာဂီကို ပို့လိုက်ပါပြီ”ဟု ဦးမိုးမြင့်က ရှင်းလင်း ပြောဆိုပါတယ် ။
လက်ရှိ အချိန်အထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါဓာတ်ခွဲ အတည်ပြုလူနာ (၅၇၄) ဦး ရှိနေပြီပဲ ဖြစ်ပါတယ် ။
Credit