မိုးေလ၀သ

မိုးနှင့်အတူ လေပြင်းအန္တရာယ်ပါရှိလာနိုင်တဲ့ ယနေ့ညဝင်မည့် မုန်တိုင်းသတင်း

မိုးနှင့်အတူ လေပြင်းအန္တရာယ်ပါရှိလာနိုင်တဲ့ ယနေ့ညဝင်မည့် မုန်တိုင်းသတင်း…

မုန်တိုင်းငယ် “MULAN”သည် ယနေ့ည၁၁နာရီ အချိန်တွင်

ရှမ်းပြည်နယ်အရှေ့ပိုင်းသို့ ရောက်ရှိ လာနိုင်သောကြောင့် ရှမ်းပြည်နယ်နှင့် မြန်မာနိုင်ငံ အလယ်ပိုင်းဒေသများမှာ

မနက်ဖြန် ၁၂ရက်နေ့တွင် မိုးနှင့်အတူ လေပြင်းအန္တရာယ်ပါရှိလာနိုင်”

၁၁.၈.၂၀၂၂ ည ၇ နာရီ ၂၇ မိနစ် ယနေ့မြန်မာစံတော်ချိန် ည ၇ နာရီအချိန် မိတ္ထီလာ လေကြောင်းမိုးလေဝသရုံး၏ တိုင်းထွာချက် များအရ

မုန်တိုင်း”MULAN”သည် ယခင်ကြိုတင် ခန့်မှန်းခဲ့တဲ့အတိုင်း

ယနေ့ည မုန်တိုင်းငယ်အဆင့် မှကုန်းတွင်းပိုင်း လေဖိအားနည်းရပ်ဝန်းအဖြစ်သို့ အားလျော့ကာ

ယနေ့ည၁၁နာရီအချိန်တွင် ရှမ်းပြည်နယ်အရှေ့ပိုင်းသို့ ရောက်ရှိလာနိုင်သောကြောင့်

ရှမ်းပြည်နယ်နှင့် မြန်မာနိုင်ငံအလယ်ပိုင်း ဒေသများမှာ မနက်ဖြန် ၁၂ရက်နေ့တွင်မိုးနှင့်အတူ

လေပြင်းအန္တရာယ်ပါရှိလာနိုင်ပါတယ်။

ထိုဖြစ်စဉ်ကြောင့် နောက်၂၄နာရီအတွင်း ရှမ်းပြည် နယ်၊ ရခိုင်ပြည်နယ်၊ မွန်ပြည်နယ်၊ကရင်ပြည်နယ်၊

ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး နှင့် ဧရာဝတီတိုင်းဒေသကြီးတို့မှာ နေရာအနှံ့အပြား မိုးရွာသွန်းနိုင်ပြီး

နေပြည်တော်၊ မန္တလေးတိုင်း ဒေသကြီး၊ မကွေးတိုင်းဒေသကြီးတို့မှာ နေရာစိပ်စိပ် ကျန်တိုင်းဒေသကြီးနှင့်ပြည်နယ်တို့တွင် နေရာကျဲကျဲ မိုးရွာသွန်းနိုင်ပါသည်။

အထူးသဖြင့် ရှမ်းပြည်နယ်တောင်ပိုင်း၊ရခိုင်ပြည်နယ်အောက်ပိုင်း၊ မွန်ပြည်နယ်၊ကရင်ပြည်နယ်၊ ပဲခူးတိုင်း ဒေသကြီးအောက်ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီး နှင့် ရန်ကုန်တိုင်းဒေသကြီးတို့မှာ

မိုးများစွာရွာသွန်းနိုင်ကာ နေရာကွက်ပြီးမိုးကြီးနိုင်ပါသည်။

ထူးခြားမိုးလေဝသအခြေအနေများ ရှိလာပါက Update သတင်းများကိုအချိန်နှင့်တစ်ပြေးညီ ဆက်လက် တင်ပြပေးသွားမည်ဖြစ်သောကြောင့်

Followed နှင့် See Firstလုပ်ထားမှ သတင်း တင်ပေးလိုက်တိုင်းမြင်တွေ့ရနိုင်မှာ ဖြစ်ပါတယ် ခင်ဗျာ။

ဝေဖြိုးဟန်(လေကြောင်းမိုးလေဝသ)

Credit

Zawgyi Version ဖြင့်ဖတ်ရန်

မိုးနှင့်အတူ လေပြင်းအန္တရာယ်ပါရှိလာနိုင်တဲ့ ယနေ့ညဝင်မည့် မုန်တိုင်းသတင်း…

မုန်တိုင်းငယ် “MULAN”သည် ယနေ့ည၁၁နာရီ အချိန်တွင်

ရှမ်းပြည်နယ်အရှေ့ပိုင်းသို့ ရောက်ရှိ လာနိုင်သောကြောင့် ရှမ်းပြည်နယ်နှင့် မြန်မာနိုင်ငံ အလယ်ပိုင်းဒေသများမှာ

မနက်ဖြန် ၁၂ရက်နေ့တွင် မိုးနှင့်အတူ လေပြင်းအန္တရာယ်ပါရှိလာနိုင်”

၁၁.၈.၂၀၂၂ ည ၇ နာရီ ၂၇ မိနစ် ယနေ့မြန်မာစံတော်ချိန် ည ၇ နာရီအချိန် မိတ္ထီလာ လေကြောင်းမိုးလေဝသရုံး၏ တိုင်းထွာချက် များအရ

မုန်တိုင်း”MULAN”သည် ယခင်ကြိုတင် ခန့်မှန်းခဲ့တဲ့အတိုင်း

ယနေ့ည မုန်တိုင်းငယ်အဆင့် မှကုန်းတွင်းပိုင်း လေဖိအားနည်းရပ်ဝန်းအဖြစ်သို့ အားလျော့ကာ

ယနေ့ည၁၁နာရီအချိန်တွင် ရှမ်းပြည်နယ်အရှေ့ပိုင်းသို့ ရောက်ရှိလာနိုင်သောကြောင့်

ရှမ်းပြည်နယ်နှင့် မြန်မာနိုင်ငံအလယ်ပိုင်း ဒေသများမှာ မနက်ဖြန် ၁၂ရက်နေ့တွင်မိုးနှင့်အတူ

လေပြင်းအန္တရာယ်ပါရှိလာနိုင်ပါတယ်။

ထိုဖြစ်စဉ်ကြောင့် နောက်၂၄နာရီအတွင်း ရှမ်းပြည် နယ်၊ ရခိုင်ပြည်နယ်၊ မွန်ပြည်နယ်၊ကရင်ပြည်နယ်၊

ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး နှင့် ဧရာဝတီတိုင်းဒေသကြီးတို့မှာ နေရာအနှံ့အပြား မိုးရွာသွန်းနိုင်ပြီး

နေပြည်တော်၊ မန္တလေးတိုင်း ဒေသကြီး၊ မကွေးတိုင်းဒေသကြီးတို့မှာ နေရာစိပ်စိပ် ကျန်တိုင်းဒေသကြီးနှင့်ပြည်နယ်တို့တွင် နေရာကျဲကျဲ မိုးရွာသွန်းနိုင်ပါသည်။

အထူးသဖြင့် ရှမ်းပြည်နယ်တောင်ပိုင်း၊ရခိုင်ပြည်နယ်အောက်ပိုင်း၊ မွန်ပြည်နယ်၊ကရင်ပြည်နယ်၊ ပဲခူးတိုင်း ဒေသကြီးအောက်ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီး နှင့် ရန်ကုန်တိုင်းဒေသကြီးတို့မှာမိုးများစွာရွာသွန်းနိုင်ကာ နေရာကွက်ပြီးမိုးကြီးနိုင်ပါသည်။