ၾကားသိရသမွ်

ဆေးရုံရှေ့မှာရောင်းတဲ့ အသုပ်ဆိုင်ကိုဆေးရုံအုပ်ကြီးက သန့်ရှင်းမှု ရှိမရှိ သွားရောက်စစ်ဆေးလိုက်သောအခါ

ဆေးရုံရှေ့မှာရောင်းတဲ့ အသုပ်ဆိုင်ကိုဆေးရုံအုပ်ကြီးက သန့်ရှင်းမှု ရှိမရှိ သွားရောက်စစ်ဆေးလိုက်သောအခါ…

အသုပ် သုပ်တဲ့ အမျိုးသမီးက အသုပ်ကို နယ်တဲ့အခါ လက်အိတ် မစွပ်ပဲ နယ်တာ တွေ့တော့

” ခင်ဗျားတို့ ဒီပုံစံ အတိုင်းသာ ဆက်ပီး ရောင်းမယ် ဆိုရင် ဒီမှာ ရောင်းချခွင့် မပြုနိုင်ပါဘူး ”

” ရှင် .. ဘာဖြစ်လို့လဲ ရှင် ”

” ဟာ …. ဘာ ဖြစ်ရမှာလဲ ”

” ခင်ဗျားတို့ အသုပ် နယ်တာ လက်အိတ်လည်း မစွပ်ဘူး ”

” ဒီလိုမျိုးတာ လူနာတွေ စားမိရင် ရောဂါတွေ ပိုဆိုးတော့ မှာပေါ့ ”

” အဲ့တော့ ကျမတို့ ဘာလုပ်ရမလဲ ရှင် ”

” အဲ့တော့ အသုပ် သုပ်ရင် လက်အိတ်စွပ်ပြီးမှ သုပ်ပါ ”

” ဒါမှ ဒီမှာ ဆက်ရောင်းခွင့် ပြုနိုင်မယ် ”

” ဟုတ်ကဲ့ပါ ဆရာ ကျမတို့ လိုက်နာပါ့မယ် ”

” ပြီးရော ”

ဒီလိုနဲ့ နောက်နေ့ကြတော့ ဆေးရုံအုပ်ကြီးက သူ့စကားကို လိုက်နာမှု ရှိမရှိ အသုပ်ဆိုင်ကို တဖန် သွားကြည့်တော့

အသုပ် နယ်တဲ့ အမျိုးသမီးက လက်အိတ်စွပ်ပြီး အသုပ် နယ်နေတာကို တွေ့လိုက်ရတယ်…။

ဒါ့ကြောင့် ဆေးရုံအုပ်ကြီးလည်း သဘောကျ သွားပြီး ….

” အေး … ဒီလိုမှ ပေါ့ကွာ ကောင်းတယ် ကောင်းတယ် ”

” ဟုတ်ကဲ့ဆရာ … ကျမ ဆရာမှာတဲ့ အတိုင်း လက်အိတ် စွပ်ပြီးပဲ နယ်ပါတယ် ဆရာ ”

” အေးအေး ကောင်းတယ် ကောင်းတယ် ”

” ဒါနဲ့ဆရာ အသုပ် တပွဲလောက် ကျမတို့ ဧည့်ခံပါရစေ သုံးဆောင်ပါနော် ”

” အေး မြည်းကြည့်တာပေါ့ကွာ ”

ဆေးရုံအုပ်ကြီးက ထိုင်ခုံမှာ ဝင်ထိုင်ပြီး ဆိုင်ရှင် သုပ်ပေးတဲ့ အသုပ်ကို စားကြည့်လိုက် ပါတယ်

” အံမယ် လက်ရာက တယ်ကောင်းပါလား ဟ ”

” ကေ်းဇူးပါ ဆရာ….”

ထိုစဉ် ကလေးငယ် တစ်ယောက်က ရောက်လာပြီးဆိုင်ရှင် အမျိုးသမီးကို ဒီလို ပြောလိုက်ပါတယ် …။

” အမေရေ ဒီနေ့ ဆေးရုံ အမှိုက်ပုံးထဲက လက်အိတ် ၅ ခုပဲ ရခဲ့တယ် ရော့”တဲ့

” တိန် ”

Credit:လူချွန်တော်

Zawgyi

ေဆး႐ုံေရွ႕မွာေရာင္းတဲ့ အသုပ္ဆိုင္ကိုေဆး႐ုံအုပ္ႀကီးက သန္႔ရွင္းမႈ ရွိမရွိ သြားေရာက္စစ္ေဆးလိုက္ေသာအခါ…

အသုပ္ သုပ္တဲ့ အမ်ိဳးသမီးက အသုပ္ကို နယ္တဲ့အခါ လက္အိတ္ မစြပ္ပဲ နယ္တာ ေတြ႕ေတာ့

” ခင္ဗ်ားတို႔ ဒီပုံစံ အတိုင္းသာ ဆက္ပီး ေရာင္းမယ္ ဆိုရင္ ဒီမွာ ေရာင္းခ်ခြင့္ မျပဳႏိုင္ပါဘူး ”

” ရွင္ .. ဘာျဖစ္လို႔လဲ ရွင္ ”

” ဟာ …. ဘာ ျဖစ္ရမွာလဲ ”

” ခင္ဗ်ားတို႔ အသုပ္ နယ္တာ လက္အိတ္လည္း မစြပ္ဘူး ”

” ဒီလိုမ်ိဳးတာ လူနာေတြ စားမိရင္ ေရာဂါေတြ ပိုဆိုးေတာ့ မွာေပါ့ ”

” အဲ့ေတာ့ က်မတို႔ ဘာလုပ္ရမလဲ ရွင္ ”

” အဲ့ေတာ့ အသုပ္ သုပ္ရင္ လက္အိတ္စြပ္ၿပီးမွ သုပ္ပါ ”

” ဒါမွ ဒီမွာ ဆက္ေရာင္းခြင့္ ျပဳႏိုင္မယ္ ”

” ဟုတ္ကဲ့ပါ ဆရာ က်မတို႔ လိုက္နာပါ့မယ္ ”

” ၿပီးေရာ ”

ဒီလိုနဲ႔ ေနာက္ေန႔ၾကေတာ့ ေဆး႐ုံအုပ္ႀကီးက သူ႔စကားကို လိုက္နာမႈ ရွိမရွိ အသုပ္ဆိုင္ကို တဖန္ သြားၾကည့္ေတာ့

အသုပ္ နယ္တဲ့ အမ်ိဳးသမီးက လက္အိတ္စြပ္ၿပီး အသုပ္ နယ္ေနတာကို ေတြ႕လိုက္ရတယ္…။

ဒါ့ေၾကာင့္ ေဆး႐ုံအုပ္ႀကီးလည္း သေဘာက် သြားၿပီး ….

” ေအး … ဒီလိုမွ ေပါ့ကြာ ေကာင္းတယ္ ေကာင္းတယ္ ”

” ဟုတ္ကဲ့ဆရာ … က်မ ဆရာမွာတဲ့ အတိုင္း လက္အိတ္ စြပ္ၿပီးပဲ နယ္ပါတယ္ ဆရာ ”

” ေအးေအး ေကာင္းတယ္ ေကာင္းတယ္ ”

” ဒါနဲ႔ဆရာ အသုပ္ တပြဲေလာက္ က်မတို႔ ဧည့္ခံပါရေစ သုံးေဆာင္ပါေနာ္ ”

” ေအး ျမည္းၾကည့္တာေပါ့ကြာ ”

ေဆး႐ုံအုပ္ႀကီးက ထိုင္ခုံမွာ ဝင္ထိုင္ၿပီး ဆိုင္ရွင္ သုပ္ေပးတဲ့ အသုပ္ကို စားၾကည့္လိုက္ ပါတယ္

” အံမယ္ လက္ရာက တယ္ေကာင္းပါလား ဟ ”

” ေက္းဇူးပါ ဆရာ….”

ထိုစဥ္ ကေလးငယ္ တစ္ေယာက္က ေရာက္လာၿပီးဆိုင္ရွင္ အမ်ိဳးသမီးကို ဒီလို ေျပာလိုက္ပါတယ္ …။

” အေမေရ ဒီေန႔ ေဆး႐ုံ အမႈိက္ပုံးထဲက လက္အိတ္ ၅ ခုပဲ ရခဲ့တယ္ ေရာ့”တဲ့

” တိန္ ”

Credit:လူခြၽန္ေတာ္