သင့်စိတ်ထဲမှာ ပုန်းလျှိုးနေတဲ့ စိတ်ခံစားချက်တွေကို ဖော်ထုတ်ပေးမယ်
နံပါတ်၁
နံပါတ်၁ကိုရွေးချယ်ခဲ့တယ်ဆိုရင်တော့ယုံကြည်မှုကသင့်အတွက်အရမ်းအရေးပါတယ်လို့သတ်မှတ်ထားတတ်ပြီးသင်လုပ်သမျှအရာတိုင်းကိုတခြားလူတွေအသိအမှတ်ပြုပေးတာခံချင်ပါတယ်။
ဒါ့အပြင်သင့်လိုပဲယုံကြည်မှုကိုမြတ်နိုးတန်ဖိုးထားပြီးသင်ပြောသမျှကိုနားထောင်ပေးတတ်တဲ့ဘဝလက်တွဲဖော်တစ်ယောက်ကိုမျှော်လင့်နေတတ်မိပါတယ်။ဒီလူဟာအကောင်းမြင်တတ်ပြီးစွန့်စားမှုတွေကိုလည်းမြတ်နိုးရမယ်လို့သတ်မှတ်ထားတတ်ပါသေးတယ်။
နံပါတ်၂
နံပါတ်၂ကိုရွေးချယ်ခဲ့တယ်ဆိုရင်တော့အခုနောက်ပိုင်းစိတ်ဖိစီးမှုတွေနဲ့စိုးရိမ်မှုတွေကိုခံစားနေရပေမယ့်သင်ဟာမိမိနဲ့ရင်းနှီးတဲ့လူတွေကိုအဲဒီအကြောင်းတွေပြောပြချင်စိတ်မရှိပါဘူး။ဒါကအမှားတစ်ခုပါပဲ။
သင့်စိတ်ထဲကခံစားချက်တွေကိုတခြားလူတစ်ယောက်ကိုရင်မဖွင့်ဘူးဆိုရင်အဲဒီခံစားချက်တွေကတစ်စထက်တစ်စကြီးထွားလာပြီးပြဿနာကြီးတစ်ခုဖြစ်လာနိုင်ပါတယ်။လူတစ်ယောက်ကိုရင်ဖွင့်မယ်လို့စဉ်းစားမိတိုင်းအတိတ်ကရင်ဖွင့်ခဲ့မိလို့ခံစားခဲ့ရတဲ့နာကျင်မှုတွေကိုပြန်တွေးမိပြီးကြောက်ရွံ့နေတတ်မိပါတယ်။ဖြစ်ခဲ့တာတွေကိုအတိတ်မှာပဲထားခဲ့ပြီးရှေ့ဆက်ဖို့အကြံပေးပါရစေ။
နံပါတ်၃
နံပါတ်၃ကိုရွေးချယ်ခဲ့တယ်ဆိုရင်တော့တခြားလူတွေကိုအရမ်းဂရုစိုက်တတ်တဲ့အကျင့်တစ်ခုကသင့်စိတ်ထဲမှာပုန်းလျှိုနေတတ်ပါတယ်။ပြောချင်တာကသင်ဘာလုပ်လုပ်တခြားလူတွေရဲ့အတွေးအမြင်ကိုဂရုစိုက်နေတတ်တာမျိုးပေါ့။
ဒီလိုနေထိုင်တာကြာလာတော့သင့်အတွက်ပျော်ရွှင်မှုတွေကပျောက်ဆုံးလာပြီးကိုယ့်ကိုယ်ကိုယုံကြည်မှုမရှိတာမျိုးဖြစ်လာတတ်ပါတယ်။ဒါကြောင့်လူတွေရဲ့အမြင်ကိုဂရုမစိုက်ပဲကိုယ့်စိတ်ခံစားချက်နဲ့ကိုယ်နေနိုင်အောင်ကြိုးစားဖို့လိုအပ်နေပါတယ်။
Credit
Zawgyi
နံပါတ်၁
နံပါတ်၂
နံပါတ်၃
Credit