ဗဟုသုတ

နေမကောင်းဖြစ်နေသော မိဘနှစ်ပါးကို ငြိုငြင်ခြင်းမရှိပဲ ကြင်နာစွာ ပြုစုစောင့်ရှောက်ပေးခဲ့သော ကောင်လေး

နေမကောင်းဖြစ်နေသော မိဘနှစ်ပါးကို ငြိုငြင်ခြင်းမရှိပဲ ကြင်နာစွာ ပြုစုစောင့်ရှောက်ပေးခဲ့သော ကောင်လေး

ဗီယက်နမ်နိုင်ငံမှ အသက် ၁၂နှစ်အရွယ် ကောင်လေးသည် ကံဆိုးစွာဖြင့် မိခင်ဖြစ်သူမှာ ဦးနှောက်အကြိတ်ရောဂါသည်ဖြစ်ကာ ဖခင်ဖြစ်သူကလည်း ဒူးဆစ်ရိုးရောင် ရောဂါဖြစ်နေ၍ အရွယ်နှင့်မလိုက်အောင် ဘဝကိုပင်ပန်းခက်ခဲစွာ ဖြတ်သန်းခဲ့ရသည်။

ကောင်လေးသည် နေမကောင်းဖြစ်နေလို့ဆိုပြီး မိဘနှစ်ပါးကို ငြိုငြင်ခြင်းမရှိပဲ နေ့စဉ် နွေးထွေးကြင်နာစွာ ပြုစုဂရုစိုက်ပေးခဲ့သည်။

ကောင်လေးသည် ကျောင်းတက်ရင်းတစ်ဖက် အိမ်အလုပ်များကို လုပ်ခဲ့ကာ အခြားကလေးတွေလို ဆော့ကစားခြင်းမျိုးလည်း မရှိပဲ အားတဲ့ချိန်လေးကို စာကိုကြိုးစားလေ့လာခဲ့၍ အတန်းထဲတွင်လည်း အမြဲတမ်း ပထမဆုရခဲ့သည်။

မိဘနှစ်ပါးမှာ အလုပ်လည်းမလုပ်နိုင်ကြ၍ ဆေးကုသဖို့ရာ ငွေကြေးမတတ်နိုင်သည့်အပြင် စားဝတ်နေရေးပါ ခက်ခဲလာသဖြင့် လူမှုကွန်ယက်တွင် အကူအညီတောင်းခံခဲ့သည်။

Zawgyi






credit