ဗဟုသုတ

လက်တွေ့မပါတဲ့ စာတွေ့ပဲ သင်ခဲ့ရတဲ့ ပညာရေးရဲ့ အကျိုးဆက်see More…..

(၉) တန္း ဓာတုေဗဒမွာ ကာဘြန္မိုေနာက္ဆိုဒ္အေၾကာင္းသင္ေတာ့ ဒီဓာတ္ေငြ႕ဟာ Poisonous Gas လို႔သင္ၿပီး နမူနာေတြကို အက်ယ္တဝင့္ သင္ေပးခဲ့ေပမယ့္လည္း ကေလးအေတာ္မ်ားမ်ားကေတာ့ စာေမးပြဲေျဖဖို႔ပဲက်က္ၿပီး ေခါင္းထဲက ထုတ္ပစ္လိုက္ၾကတယ္။

ကာဘြန္က ေလအနည္းမွာ မီးေလာင္ရင္ ကာဘြန္မိုေနာက္ဆိုဒ္ျဖစ္တယ္။ ေလအမ်ားမွာ မီးေလာင္ရင္ ကာဘြန္ဒိုင္ေအာက္ဆိုဒ္ျဖစ္တယ္။ ကာဘြန္ဒိုင္ေအာက္ဆိုဒ္ရႉမိရင္ ေသေစေလာက္တဲ့အထိ မျဖစ္ေပမယ့္ ကာဘြန္မိုေနာက္ဆိုဒ္ရႉမိရင္ ပစ္လဲက်သြားၿပီး ေဆး႐ုံကို အခ်ိန္မီ မပို႔နိုင္ရင္ အသက္ပါဆုံးရႈံးသြားနိုင္တယ္။
ကာဘြန္ဆိုရာမွာ ဓါတ္ဆီ ေရနံဆီ ဒီဇယ္ဆီ ဖေယာင္းတိုင္ စတဲ့ ကာဘြန္ပါဝင္တဲ့ အရာမ်ားေလာင္ကၽြမ္းတာကို ေျပာတာပါ။ အသိတစ္ေယာက္ အျပင္ကျပန္လာတယ္။ ကားကို ဂိုေထာင္ထဲေမာင္းဝင္တယ္။

စက္မသပ္ရေသးခင္ ဂိုေထာင္တံခါးငုံ႔ပိတ္တာ ဝုန္းဆိုလဲက် အိတ္ေဇာပိုက္ကထြက္တဲ့အေငြ႕ေတြကို ရႉမိလို႔ေျပာတယ္။ သူ႔ဇနီးက နားလည္ေတာ့ ဂိုေထာင္တံခါးကို အရင္ဖြင့္ လူကိုသယ္ေဆး႐ုံပို႔တာ အသက္မီသြားတယ္။

၁၁၉ လမ္းဖက္မွာေတာ့ ေမာင္ေလးသူငယ္ခ်င္းရဲ့ညီမေလး မိသားစုေလးေယာက္လုံး ဆုံးသြားပါတယ္။ အဲကြန္းဖြင့္ မီးစက္ကလည္း အိမ္ထဲထားဖြင့္ ဘယ္အခ်ိန္ ဆုံးေနမွန္းေတာင္မသိပါဘူး။ ‌ေတာင္ဒဂုံမွာေတာ့ ဟိႏၵဴမိသားစု ၆ ေယာက္လုံး ဆုံးသြားတာပါ။

အလုံပိတ္ခန္းမွာ ဖေယာင္းတိုင္ထြန္း အိပ္တယ္။ ဖေယာင္းတိုင္က ေမြ႕ယာကို စြဲတယ္။ ဆက္ေတာင္ မေလာင္နိုင္ရွာပါဘူး။ ေအာက္စီဂ်င္က မရွိေတာ့လို႔။ ဒါေတြက ကာဗြန္မိုေနာက္ဆိုဒ္ အဆိပ္သင့္မႈမ်ားပါပဲ။

လူေတြက သတိမမူ ဂူမျမင္ပါဘူး။ သိေပမယ့္လည္း ေမ့ေနတတ္ၾကပါတယ္။ ကၽြန္မတို႔အရင္အိမ္ေတြက ေလဝင္ေပါက္ေတြပါတယ္။ အခုတိုက္ခန္းေတြက မပါဘူး။ ဖေယာင္းတိုင္ ျခင္ေဆးေခြထြန္းတာကအစ သတိထားရမွာပါ။ နားလည္သူေတြကေတာ့ မီးစက္ကိုလည္း အိမ္အျပင္မွာ ထားပါတယ္။ ဝရံတာမွာထားရင္ ေလဝင္ေလထြက္ေကာင္းရပါမယ္။

ပုံကေတာ့ လြန္ခဲ့တဲ့ အပတ္က မီးစက္ႀကီးဖြင့္ ဆိုင္ခန္းက်ဥ္းထဲ ေဈးေရာင္းရရွာတဲ့ ဝန္ထမ္းႏွစ္ေယာက္ လဲက်ေနတာပါ။ အခ်ိန္မီ ေဆး႐ုံပို႔နိုင္ပါေစပဲ ဆုေတာင္းခဲ့ရပါတယ္။ လက္ေတြ႕မပါတဲ့ စာေတြ႕ပဲသင္ခဲ့ရတဲ့ ပညာေရးရဲ့ အက်ိဳးဆက္ေတြေပါ့..

#Credit

Unicode

(၉) တန်း ဓာတုဗေဒမှာ ကာဘွန်မိုနောက်ဆိုဒ်အကြောင်းသင်တော့ ဒီဓာတ်ငွေ့ဟာ Poisonous Gas လို့သင်ပြီး နမူနာတွေကို အကျယ်တဝင့် သင်ပေးခဲ့ပေမယ့်လည်း ကလေးအတော်များများကတော့ စာမေးပွဲဖြေဖို့ပဲကျက်ပြီး ခေါင်းထဲက ထုတ်ပစ်လိုက်ကြတယ်။

ကာဘွန်က လေအနည်းမှာ မီးလောင်ရင် ကာဘွန်မိုနောက်ဆိုဒ်ဖြစ်တယ်။ လေအများမှာ မီးလောင်ရင် ကာဘွန်ဒိုင်အောက်ဆိုဒ်ဖြစ်တယ်။ ကာဘွန်ဒိုင်အောက်ဆိုဒ်ရှူမိရင် သေစေလောက်တဲ့အထိ မဖြစ်ပေမယ့် ကာဘွန်မိုနောက်ဆိုဒ်ရှူမိရင် ပစ်လဲကျသွားပြီး ဆေးရုံကို အချိန်မီ မပို့နိုင်ရင် အသက်ပါဆုံးရှုံးသွားနိုင်တယ်။

ကာဘွန်ဆိုရာမှာ ဓါတ်ဆီ ရေနံဆီ ဒီဇယ်ဆီ ဖယောင်းတိုင် စတဲ့ ကာဘွန်ပါဝင်တဲ့ အရာများလောင်ကျွမ်းတာကို ပြောတာပါ။ အသိတစ်ယောက် အပြင်ကပြန်လာတယ်။ ကားကို ဂိုထောင်ထဲမောင်းဝင်တယ်။

စက်မသပ်ရသေးခင် ဂိုထောင်တံခါးငုံ့ပိတ်တာ ဝုန်းဆိုလဲကျ အိတ်ဇောပိုက်ကထွက်တဲ့အငွေ့တွေကို ရှူမိလို့ပြောတယ်။ သူ့ဇနီးက နားလည်တော့ ဂိုထောင်တံခါးကို အရင်ဖွင့် လူကိုသယ်ဆေးရုံပို့တာ အသက်မီသွားတယ်။

၁၁၉ လမ်းဖက်မှာတော့ မောင်လေးသူငယ်ချင်းရဲ့ညီမလေး မိသားစုလေးယောက်လုံး ဆုံးသွားပါတယ်။ အဲကွန်းဖွင့် မီးစက်ကလည်း အိမ်ထဲထားဖွင့် ဘယ်အချိန် ဆုံးနေမှန်းတောင်မသိပါဘူး။ ‌တောင်ဒဂုံမှာတော့ ဟိန္ဒူမိသားစု ၆ ယောက်လုံး ဆုံးသွားတာပါ။

အလုံပိတ်ခန်းမှာ ဖယောင်းတိုင်ထွန်း အိပ်တယ်။ ဖယောင်းတိုင်က မွေ့ယာကို စွဲတယ်။ ဆက်တောင် မလောင်နိုင်ရှာပါဘူး။ အောက်စီဂျင်က မရှိတော့လို့။ ဒါတွေက ကာဗွန်မိုနောက်ဆိုဒ် အဆိပ်သင့်မှုများပါပဲ။

လူတွေက သတိမမူ ဂူမမြင်ပါဘူး။ သိပေမယ့်လည်း မေ့နေတတ်ကြပါတယ်။ ကျွန်မတို့အရင်အိမ်တွေက လေဝင်ပေါက်တွေပါတယ်။ အခုတိုက်ခန်းတွေက မပါဘူး။ ဖယောင်းတိုင် ခြင်ဆေးခွေထွန်းတာကအစ သတိထားရမှာပါ။ နားလည်သူတွေကတော့ မီးစက်ကိုလည်း အိမ်အပြင်မှာ ထားပါတယ်။ ဝရံတာမှာထားရင် လေဝင်လေထွက်ကောင်းရပါမယ်။

ပုံကတော့ လွန်ခဲ့တဲ့ အပတ်က မီးစက်ကြီးဖွင့် ဆိုင်ခန်းကျဉ်းထဲ ဈေးရောင်းရရှာတဲ့ ဝန်ထမ်းနှစ်ယောက် လဲကျနေတာပါ။ အချိန်မီ ဆေးရုံပို့နိုင်ပါစေပဲ ဆုတောင်းခဲ့ရပါတယ်။ လက်တွေ့မပါတဲ့ စာတွေ့ပဲသင်ခဲ့ရတဲ့ ပညာရေးရဲ့ အကျိုးဆက်တွေပေါ့..

#Credit