လူတစ်ယောက်တွင် ဆံပင်သည် အလှအပရေးရာအတွက် အရေးကြီးဆုံးသောအရာတစ်ခုဖြစ်ပါတယ်။အမျိုးသမီးတစ်ယောက်အတွက်ဆိုလျှင် ဆံပင်သည် အဓိကဦးစားပေးရသော အရာပင်ဖြစ်ပေသည်။
ယခုတွင်လည်း ကောင်မလေးတစ်ဦးဟာ မွေးနေ့တွင် စိတ်သစ်လူသစ်ဖြစ်သွားစေဖို့အတွက် ဆံပင်အရှည်တွေကို ဖြတ်လိုက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ထို့ကြောင့် အလှပြင်ဆိုင်တွင် ဆံသဆရာမကို လှပစေဖို့ ယုံကြည်စွာပုံအပ်လိုက်ပါတော့တယ်။ထိုအခါ ဆံသဆရာမ၏ညှပ်ပေးလိုက်သည့်ပုံစံကို လုံးဝမကြိုက်ဘဲ ဆံပင်တွေဆုံးရှုံးတာကို ဝမ်းနည်းနေခဲ့ပါတယ်။
သို့သော် ဆိုင်ရှင်ကိုလည်း အားနာနေသည့်အတွက် ငိုချင်ချင်နဲ့ ဟန်ဟောင်ပြုံးပြနေခဲ့ရတာဖြစ်ပါတယ်။ကောင်မလေးးမွေးနေ့ကတော့ တစ်သက်လုံးမမေ့နိုင်အောင် အမှတ်တရဖြစ်နေတော့မှာသေချာပါတယ်။
Shoon (Cele Daily)
Zawgyi
မွေးနေ့မှာ အပြောင်းအလဲလေးဖြစ်သွားအောင် ဆံပင်တိုတိုလေးညှပ်ခဲ့ရာမှ ဆံသဆရာ၏ညှပ်ပေးလိုက်သည့် ဆံပင်ပုံစံကြောင့် အလွန်ဝမ်းနည်းသွားသော်လည်း အားနာလို့ ဟန်ဆောင်ပြုံးခဲ့ရသည့် ကောင်မလေး
Shoon (Cele Daily)