ၾကားသိရသမွ်

ကိုထိန်လင်းရေ ဒေါ်လာ နှစ်ထောင်၊ သုံးထောင်မဟုတ်ဘူး ဒေါ်လာနှစ်သိန်း သုံးသိန်း ရစေရမယ်လို့အာမခံလိုက်တဲ့ ပန်ဆယ်လို

အမေတစ်ယောက်လုံးကို မြန်မာနိုင်ငံအတွက် ပေးထားတဲ့ သား။ အမေတစ်ယောက်လုံး ဘဝတလျောက် အဖမ်းအဆီး အချုပ်အနှောင်ကြားမှာ ဖြတ်သန်းခဲ့ရပြီး အခုအသက်၈၀ နီးနီးထိ ဖမ်းဆီးချုပ်နှောင်ခံနေရဆဲ။ လူမမယ်အရွယ်လေးကတည်းက မိခင်မေတ္တာနဲ့ ဝေးကွာနေခဲ့ရပြီး ဒီနိုင်ငံဆီက ဘာမှကို ပြန်မရခဲ့ဖူးတဲ့သား။ ဒါတောင် ဒီနိုင်ငံအပေါ် ချစ်ခြင်းမေတ္တာ မပျက်တဲ့ အမေ့သား။

အမေဒေါ်အောင်ဆန်းစုကြည်ရဲ့သား ကိုထိန်လင်းက မြန်မာနိုင်ငံသားတွေ လွတ်မြောက်ဖို့အတွက် သူကိုယ်တိုင် ဖန်တီးထားတဲ့ သစ်ထွင်းပန်းချီလက်ရာလေးနဲ့ Fundraise လုပ်ပေးဖို့ ကိုယ့်ဆီ တဆင့်ဆက်သွယ်လာပါတယ်။

မြန်မာပြည်အတွက် သူတစ်ခုခု ကူညီချင်တယ်။ တစ်ခုခု လုပ်ပေးချင်တယ်။ သူတတ်ကျွမ်းတဲ့ လက်သမားပညာနဲ့ ဖန်တီးထားတဲ့ သစ်ထွင်းပန်းချီလေးကို ရောင်းချပေးပြီး မြန်မာပြည်ကို ကူညီပေးပါတဲ့။ သူ့လက်ရာလေးက ဒေါ်လာနှစ်ထောင် သုံးထောင်လောက်တော့ ရနိုင်မယ်မဟုတ်လားတဲ့။

ကိုယ် အာမခံလိုက်တယ်။ ကိုထိန်လင်းရေ….ဒေါ်လာ နှစ်ထောင်၊ သုံးထောင်မဟုတ်ဘူး။ ဒေါ်လာနှစ်သိန်း သုံးသိန်း ရစေရမယ်လို့။ သူ အရမ်းအံ့ဩသွားတယ်။ အရမ်းလည်း ပျော်ရွှင်သွားပုံရတယ်၊ အရမ်းလည်း တက်ကြွသွားတယ်တဲ့။

ကိုယ်တို့ မြန်မာနိုင်ငံသားတွေဟာ အမေဒေါ်အောင်ဆန်းစုကြည်အပြင် သားကိုထိန်လင်းကိုပါ ချစ်ခင်တန်ဖိုးထားကြတယ်ဆိုတာ သူသိအောင် ပြသနိုင်မယ့်အပြင် ရရှိငွေအားလုံးကို ကိုထိန်လင်းက တစ်ပြားတစ်ချပ်မှ မယူဘဲ မြန်မာပြည်အတွက် လှူဒါန်းသွားမှာ ဖြစ်ပါတယ်။

ဒီ Campaign လေးရဲ့ နာမည်ကို ဆန်ရေလို့ အမည်ပေးထားပါတယ်။ ဘယ်လိုပါဝင်လို့ရမယ်ဆိုတာ နောက်ရက်မှာ ကြေညာပေးပါ့မယ်။

ကိုယ်တို့ မြန်မာနိုင်ငံသားတွေဟာ ကံမကောင်းရှာပေမယ့် ဥာဏ်ပညာနဲ့ ချစ်ခြင်းတရားကို ကိုယ်တို့ဟာ အဖိုး၊ အမေ၊ သား မျိုးဆက်သုံးခုစာ ရရှိခံစားခဲ့ရတယ်။

အရမ်းအားနာရသလို ကျေးဇူးတွေလည်း အထပ်ထပ် တင်ရပါတယ်။ ပန်ဆယ်လို

Zawgyi

အမေတစ်ယောက်လုံးကို မြန်မာနိုင်ငံအတွက် ပေးထားတဲ့ သား။ အမေတစ်ယောက်လုံး ဘဝတလျောက် အဖမ်းအဆီး အချုပ်အနှောင်ကြားမှာ ဖြတ်သန်းခဲ့ရပြီး အခုအသက်၈၀ နီးနီးထိ ဖမ်းဆီးချုပ်နှောင်ခံနေရဆဲ။ လူမမယ်အရွယ်လေးကတည်းက မိခင်မေတ္တာနဲ့ ဝေးကွာနေခဲ့ရပြီး ဒီနိုင်ငံဆီက ဘာမှကို ပြန်မရခဲ့ဖူးတဲ့သား။ ဒါတောင် ဒီနိုင်ငံအပေါ် ချစ်ခြင်းမေတ္တာ မပျက်တဲ့ အမေ့သား။

အမေဒေါ်အောင်ဆန်းစုကြည်ရဲ့သား ကိုထိန်လင်းက မြန်မာနိုင်ငံသားတွေ လွတ်မြောက်ဖို့အတွက် သူကိုယ်တိုင် ဖန်တီးထားတဲ့ သစ်ထွင်းပန်းချီလက်ရာလေးနဲ့ Fundraise လုပ်ပေးဖို့ ကိုယ့်ဆီ တဆင့်ဆက်သွယ်လာပါတယ်။

မြန်မာပြည်အတွက် သူတစ်ခုခု ကူညီချင်တယ်။ တစ်ခုခု လုပ်ပေးချင်တယ်။ သူတတ်ကျွမ်းတဲ့ လက်သမားပညာနဲ့ ဖန်တီးထားတဲ့ သစ်ထွင်းပန်းချီလေးကို ရောင်းချပေးပြီး မြန်မာပြည်ကို ကူညီပေးပါတဲ့။ သူ့လက်ရာလေးက ဒေါ်လာနှစ်ထောင် သုံးထောင်လောက်တော့ ရနိုင်မယ်မဟုတ်လားတဲ့။

ကိုယ် အာမခံလိုက်တယ်။ ကိုထိန်လင်းရေ….ဒေါ်လာ နှစ်ထောင်၊ သုံးထောင်မဟုတ်ဘူး။ ဒေါ်လာနှစ်သိန်း သုံးသိန်း ရစေရမယ်လို့။ သူ အရမ်းအံ့ဩသွားတယ်။ အရမ်းလည်း ပျော်ရွှင်သွားပုံရတယ်၊ အရမ်းလည်း တက်ကြွသွားတယ်တဲ့။

ကိုယ်တို့ မြန်မာနိုင်ငံသားတွေဟာ အမေဒေါ်အောင်ဆန်းစုကြည်အပြင် သားကိုထိန်လင်းကိုပါ ချစ်ခင်တန်ဖိုးထားကြတယ်ဆိုတာ သူသိအောင် ပြသနိုင်မယ့်အပြင် ရရှိငွေအားလုံးကို ကိုထိန်လင်းက တစ်ပြားတစ်ချပ်မှ မယူဘဲ မြန်မာပြည်အတွက် လှူဒါန်းသွားမှာ ဖြစ်ပါတယ်။

ဒီ Campaign လေးရဲ့ နာမည်ကို ဆန်ရေလို့ အမည်ပေးထားပါတယ်။ ဘယ်လိုပါဝင်လို့ရမယ်ဆိုတာ နောက်ရက်မှာ ကြေညာပေးပါ့မယ်။

ကိုယ်တို့ မြန်မာနိုင်ငံသားတွေဟာ ကံမကောင်းရှာပေမယ့် ဉာဏ်ပညာနဲ့ ချစ်ခြင်းတရားကို ကိုယ်တို့ဟာ အဖိုး၊ အမေ၊ သား မျိုးဆက်သုံးခုစာ ရရှိခံစားခဲ့ရတယ်။