ၾကားသိရသမွ်

ရန္ကုန္မွာ YBS(60)စီးရင္ သတိထားၾကပါ ဒီမနက္က ကိုယ္ေတြ႕ျဖစ္ရပ္ …

ရန္ကုန္မွာ YBS(60)စီးရင္ သတိထားၾကပါ ဒီမနက္က ကိုယ္ေတြ႕ျဖစ္ရပ္ …

မနက္က YBS (၆၀) စီးတာ ကြၽန္ေတာ့္အိတ္ အခြဲခံရပါတယ္..ေတာ္ေတာ္ဆိုးတယ္.. ကို႔အေဖအ႐ြယ္ေတြ ေျခာက္ေယာက္ေလာက္.. ကို႔ကိုဝိုင္းၿပီး ဘယ္ဘက္ကတစ္ေယာက္က ဓားတိုနဲ႔ေထာက္ထားတယ္..

ညာဘက္ကနွစ္ေယာက္က တစ္ေယာက္က သူ႔လြယ္အိတ္နဲ႔.. က်ြန္ေတာ့္အိတ္ကို ဖုန္းထားတယ္။ေနာက္တစ္ေယာက္က အဲ့ၾကားထဲကေန လက္နဲ႔ခြဲတာပါ..

ဒီေကာင္ေတြကိုင္တဲ့ ဓားတိုကေတာ့ ထက္လား၊ မထက္လား ကြၽန္ေတာ့္လြယ္အိတ္ကိုၾကည့္ပါ..ဓားနဲ႔ေထာက္တာသိရေတာ့ လက္က ဖုန္းနဲ႔ ပိုက္ဆံအိတ္ကို၊ စုပ္ထားလိုက္တယ္..

အေရးႀကီးတယ္ေလ.. ပိုက္ဆံအိတ္ထဲမွာက ဘဏ္ကဒ္၊ မွတ္ပုံတင္ အေရးႀကီးတာအကုန္ပါတယ္..ဖုန္းကလည္း ကိုက မနည္းစုထားပီးဝယ္ထားတာ.. ပါသြားရင္ ဒစ္လည္မွာေလ..အဲ့ေတာ့ လက္ကို ထိရင္ထိပါေစဆိုပီး လွည့္ထြက္တာ၊ သုံးခါေလာက္.. တစ္ခါလွည့္ထြက္တယ္ သူတို႔ကထက္ကပ္တယ္..

အေနာက္ဆုတ္လို႔လည္းမရဘူး.. အေနာက္မွာက၊ သုံးေယာက္ တည့္ေမးပီးဓားနဲ႔ ခြဲေနတဲ့ဘဲကိုထမင္းခ်ိဳင့္နဲ႔႐ိုက္ရင္လည္း ကို႔နံၾကားထဲ ဓားကဝင္ႏိုင္ေျခရွိတယ္..

အဲ့ေတာ့အေနာက္ေပါက္တံခါးနားက၊ ေအာက္မွာ ဆင္းေနပီးရပ္ေနလိုက္တယ္..သူတို႔လည္း ဆက္လုပ္လို႔မရေတာ့ဘူး အားလုံးလည္းျမင္တဲ့.. ေနရာဆိုေတာ့ ကြၽန္ေတာ္က ေယာက်ာ္းေလးမို႔လို႔

ကြၽန္ေတာ့္ေနရာမွာသာ ကြၽန္ေတာ့္ညီမ အမ အေဒၚ အေမ ဆိုရင္ ဒါကေသခ်ာတယ္ပါမွာပဲ..မိုးေကာင္းမွတ္တိုင္မွာ ဆင္းေတာ့လိုက္၊ မဆင္းလာၾကဘူး..

ကိုက ရဲစခန္းေျပးမွရေတာ့မွာ သူတို႔လိုက္ဆင္းလာရင္.. ျပန္ခ်ရေအာင္ ျမန္မာကား႐ိုက္ေနတာလည္း မဟုတ္ဘူး..နံၾကားထဲဓားဝင္ရင္ ကိုကေဆး႐ုံေရာက္ဦးမယ္..

superman လည္းမဟုတ္ဘူး ေျခာက္ေယာက္တစ္ေယာက္ကို ယွဥ္ခ်ရေအာင္..အနည္းဆုံးကို႔လက္ထဲမွာ ထမင္းခ်ိဳင့္ပဲရွိတယ္.. ဟိုဘဲေတြ ကိုင္ထားတာက ေရွာေတြ အေနအထားက ဗိုက္ပြင့္မယ့္အေနအထားႀကီး..

သင္ခန္းစာယူၾကဗ်ာ.. ကြၽန္ေတာ္ကေတာ့ သတိအၿမဲတမ္းရွိလို႔ ဘာ့မွမပါသြားဘူး..ကိုလည္းမေၾကာက္ဘူးဆိုေပမယ့္ အသက္ကလည္းကို႔မွာတစ္သက္ပဲပါတာ..သူေသကိုေသလည္းခ်ရဲတာပဲေလ.. ဒါေပမယ့္ ဦးေႏွာက္ေလးသုံးရတာေပါ့..

ပါသြားလို႔ အဆင္မေျပဘူးေလ.. ကိုကခ်မ္းသာတဲ့သူျပည့္စုံတဲ့သူမွ မဟုတ္တာ..YBS (၆၀) အခုေတာတြင္း အရမ္းနာမည္ႀကီးပါတယ္.. သတိထားၾကပါဗ်ာ..အဲ့ဘဲေတြက အေနာက္ေပါက္ဆင္းမယ့္နားမွာပဲရွိပါတယ္..

မွတ္တိုင္ေရာက္မွ ဆင္းၾကပါ.. ႀကိဳမထၾကပါနဲ႔..မတ္တပ္ရပ္စီးရလည္း လူျမင္သာတဲ့ေနရာမွာပဲ.. လြယ္အိတ္တို႔ ပိုက္ဆံအိတ္တို႔ကို ထားပါဗ်ာ..ဟုတ္ကဲ့ ကြၽန္ေတာ္က ေတာ္လို႔ပါမသြားတာ၊ မဟုတ္ပါဘူး..

ကံေကာင္းတာရယ္.. သတိအၿမဲရွိေနတာရယ္.. ကိုကဘာကိုမွ မေၾကာက္တတ္တာ.. ရယ္ေၾကာင့္ပါ..YBS (၆၀) စီးသူတိုင္း သိေအာင္ၾကပါေစဗ်ာ…

ခရစ္ဒစ္ မူရင္းေရးသားသူ

ရန်ကုန်မှာ YBS(60)စီးရင် သတိထားကြပါ ဒီမနက်က ကိုယ်တွေ့ဖြစ်ရပ် …

မနက်က YBS (၆၀) စီးတာ ကျွန်တော့်အိတ် အခွဲခံရပါတယ်..တော်တော်ဆိုးတယ်.. ကို့အဖေအရွယ်တွေ ခြောက်ယောက်လောက်.. ကို့ကိုဝိုင်းပြီး ဘယ်ဘက်ကတစ်ယောက်က ဓားတိုနဲ့ထောက်ထားတယ်..

ညာဘက်ကနှစ်ယောက်က တစ်ယောက်က သူ့လွယ်အိတ်နဲ့.. ကျွန်တော့်အိတ်ကို ဖုန်းထားတယ်။နောက်တစ်ယောက်က အဲ့ကြားထဲကနေ လက်နဲ့ခွဲတာပါ..

ဒီကောင်တွေကိုင်တဲ့ ဓားတိုကတော့ ထက်လား၊ မထက်လား ကျွန်တော့်လွယ်အိတ်ကိုကြည့်ပါ..ဓားနဲ့ထောက်တာသိရတော့ လက်က ဖုန်းနဲ့ ပိုက်ဆံအိတ်ကို၊ စုပ်ထားလိုက်တယ်..

အရေးကြီးတယ်လေ.. ပိုက်ဆံအိတ်ထဲမှာက ဘဏ်ကဒ်၊ မှတ်ပုံတင် အရေးကြီးတာအကုန်ပါတယ်..ဖုန်းကလည်း ကိုက မနည်းစုထားပီးဝယ်ထားတာ.. ပါသွားရင် ဒစ်လည်မှာလေ..အဲ့တော့ လက်ကို ထိရင်ထိပါစေဆိုပီး လှည့်ထွက်တာ၊ သုံးခါလောက်.. တစ်ခါလှည့်ထွက်တယ် သူတို့ကထက်ကပ်တယ်..

အနောက်ဆုတ်လို့လည်းမရဘူး.. အနောက်မှာက၊ သုံးယောက် တည့်မေးပီးဓားနဲ့ ခွဲနေတဲ့ဘဲကိုထမင်းချိုင့်နဲ့ရိုက်ရင်လည်း ကို့နံကြားထဲ ဓားကဝင်နိုင်ခြေရှိတယ်..

အဲ့တော့အနောက်ပေါက်တံခါးနားက၊ အောက်မှာ ဆင်းနေပီးရပ်နေလိုက်တယ်..သူတို့လည်း ဆက်လုပ်လို့မရတော့ဘူး အားလုံးလည်းမြင်တဲ့.. နေရာဆိုတော့ ကျွန်တော်က ယောကျာ်းလေးမို့လို့

ကျွန်တော့်နေရာမှာသာ ကျွန်တော့်ညီမ အမ အဒေါ် အမေ ဆိုရင် ဒါကသေချာတယ်ပါမှာပဲ..မိုးကောင်းမှတ်တိုင်မှာ ဆင်းတော့လိုက်၊ မဆင်းလာကြဘူး..

ကိုက ရဲစခန်းပြေးမှရတော့မှာ သူတို့လိုက်ဆင်းလာရင်.. ပြန်ချရအောင် မြန်မာကားရိုက်နေတာလည်း မဟုတ်ဘူး..နံကြားထဲဓားဝင်ရင် ကိုကဆေးရုံရောက်ဦးမယ်..

superman လည်းမဟုတ်ဘူး ခြောက်ယောက်တစ်ယောက်ကို ယှဉ်ချရအောင်..အနည်းဆုံးကို့လက်ထဲမှာ ထမင်းချိုင့်ပဲရှိတယ်.. ဟိုဘဲတွေ ကိုင်ထားတာက ရှောတွေ အနေအထားက ဗိုက်ပွင့်မယ့်အနေအထားကြီး..

သင်ခန်းစာယူကြဗျာ.. ကျွန်တော်ကတော့ သတိအမြဲတမ်းရှိလို့ ဘာ့မှမပါသွားဘူး..ကိုလည်းမကြောက်ဘူးဆိုပေမယ့် အသက်ကလည်းကို့မှာတစ်သက်ပဲပါတာ..သူသေကိုသေလည်းချရဲတာပဲလေ.. ဒါပေမယ့် ဦးနှောက်လေးသုံးရတာပေါ့..

ပါသွားလို့ အဆင်မပြေဘူးလေ.. ကိုကချမ်းသာတဲ့သူပြည့်စုံတဲ့သူမှ မဟုတ်တာ..YBS (၆၀) အခုတောတွင်း အရမ်းနာမည်ကြီးပါတယ်.. သတိထားကြပါဗျာ..အဲ့ဘဲတွေက အနောက်ပေါက်ဆင်းမယ့်နားမှာပဲရှိပါတယ်..

မှတ်တိုင်ရောက်မှ ဆင်းကြပါ.. ကြိုမထကြပါနဲ့..မတ်တပ်ရပ်စီးရလည်း လူမြင်သာတဲ့နေရာမှာပဲ.. လွယ်အိတ်တို့ ပိုက်ဆံအိတ်တို့ကို ထားပါဗျာ..ဟုတ်ကဲ့ ကျွန်တော်က တော်လို့ပါမသွားတာ၊ မဟုတ်ပါဘူး..

ကံကောင်းတာရယ်.. သတိအမြဲရှိနေတာရယ်.. ကိုကဘာကိုမှ မကြောက်တတ်တာ.. ရယ်ကြောင့်ပါ..YBS (၆၀) စီးသူတိုင်း သိအောင်ကြပါစေဗျာ…

ခရစ်ဒစ် မူရင်းရေးသားသူ