လက္႐ွိ မြန္ျပည္နယ္ကို ျဖတ္ေက်ာ္ဝင္ေရာက္ေနတဲ့ အေ႐ွ႕ေလေပြလိႈင္းေၾကာင့္ မိုးသက္ေလျပင္းက်ေရာက္အုံးမယ့္ ျပည္နယ္မ်ား…
လက္႐ွိ ျဖစ္ေနေသာအေ႐ွ႕ေလေပြလိႈင္းသည္ မြန္ျပည္နယ္ကို ျဖတ္ေက်ာ္ ဝင္ေရာက္ေနတာ ျဖစ္ပါတယ္။
ဒီေန႔ ေန႔လယ္ပိုင္းမွာ ရန္ကုန္တိုင္းႏွင့္ ဧရာဝတီတိုင္းသို႔လည္ေကာင္း ျဖတ္ေက်ာ္မွာ ျဖစ္ၿပီး
(၁၈) ရက္ေန႔မွာေတာ့ ရခိုင္ျပည္နယ္ (ေတာင္ပိုင္း)မွ ဘဂၤလားပင္လယ္ေအာ္အေ႐ွ႕အလယ္ပိုင္းသို႔ေရာက္႐ွိမွာ ျဖစ္ပါတယ္။
အဆိုပါ အေ႐ွ႕ေလေပြလိႈင္းသည္ ဩဂုတ္လ (၁၉) ရက္ေန႔တြင္ ဘဂၤလားပင္လယ္ေအာ္ထဲ၌ အားေကာင္းလာၿပီး ေလဖိအားနည္းဝန္း ျဖစ္လာႏိုင္ပါေၾကာင္း ေတြ႕႐ွိရပါတယ္။
Easterly Wind Circulation ျဖတ္သြားရာ မြန္တနသၤာရီကမ္း႐ိုးတန္းတစ္ေလွ်ာက္၊ ဧရာဝတီျမစ္ဝကြၽန္းေပၚေဒသ၊ မုတၱမေကြ႕၊ ရခိုင္ကမ္း႐ိုးတန္းတစ္ေလွ်ာက္၊
မြန္ျပည္နယ္၊ ရန္ကုန္တိုင္း၊ ပဲခူးတိုင္း၊ ဧရာဝတီတိုင္း၊ ရခိုင္ျပည္နယ္တို႔တြင္ ေလျပင္းမ်ား က်ေရာက္ႏိုင္ပါတယ္။
ေလျပင္းက်ခ်ိန္ ေလတိုက္ႏႈန္း (၃၅) မိုင္ႏႈန္းမွ (၄၅) မိုင္ႏႈန္းထိ တိုက္ခိုက္ႏိုင္ပါတယ္။
ေလျပင္းႏွင့္အတူ မိုးသည္းထန္ေနပါမယ္။
Thu Thu Han (Easterly wind Circulation)
Credit
လက်ရှိ မွန်ပြည်နယ်ကို ဖြတ်ကျော်ဝင်ရောက်နေတဲ့ အရှေ့လေပွေလှိုင်းကြောင့် မိုးသက်လေပြင်းကျရောက်အုံးမယ့် ပြည်နယ်များ…
လက်ရှိ ဖြစ်နေသောအရှေ့လေပွေလှိုင်းသည် မွန်ပြည်နယ်ကို ဖြတ်ကျော် ဝင်ရောက်နေတာ ဖြစ်ပါတယ်။
ဒီနေ့ နေ့လယ်ပိုင်းမှာ ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်းသို့လည်ကောင်း ဖြတ်ကျော်မှာ ဖြစ်ပြီး
(၁၈) ရက်နေ့မှာတော့ ရခိုင်ပြည်နယ် (တောင်ပိုင်း)မှ ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းသို့ရောက်ရှိမှာ ဖြစ်ပါတယ်။
အဆိုပါ အရှေ့လေပွေလှိုင်းသည် ဩဂုတ်လ (၁၉) ရက်နေ့တွင် ဘင်္ဂလားပင်လယ်အော်ထဲ၌ အားကောင်းလာပြီး လေဖိအားနည်းဝန်း ဖြစ်လာနိုင်ပါကြောင်း တွေ့ရှိရပါတယ်။
Easterly Wind Circulation ဖြတ်သွားရာ မွန်တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်၊ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသ၊ မုတ္တမကွေ့၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်၊
မွန်ပြည်နယ်၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ရခိုင်ပြည်နယ်တို့တွင် လေပြင်းများ ကျရောက်နိုင်ပါတယ်။
လေပြင်းကျချိန် လေတိုက်နှုန်း (၃၅) မိုင်နှုန်းမှ (၄၅) မိုင်နှုန်းထိ တိုက်ခိုက်နိုင်ပါတယ်။
လေပြင်းနှင့်အတူ မိုးသည်းထန်နေပါမယ်။
Thu Thu Han (Easterly wind Circulation)
Credit