ၾကားသိရသမွ်

ရန်ကုန်နဲ့ ကျောက်ဖြူမှာ နှစ်ပေါင်း ၅၀ ကျော်အတွင်း မိုးရေချိန် စံချိန်သစ်တင်

Unicode

ရန်ကုန်နဲ့ ကျောက်ဖြူမှာ နှစ်ပေါင်း ၅၀ ကျော်အတွင်း မိုးရေချိန် စံချိန်သစ်တင်

မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကရဲ့ ဩဂုတ် ၁၇ ရက် နေ့လယ်ပိုင်း ထုတ်ပြန်ချက်မှာ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နဲ့ ရန်ကုန်တိုင်း ရန်ကုန်မြို့မှာ မိုးရေချိန်ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ ကျော်အတွင်း စံချိန်အသစ်တင်တယ်လို့ သိရပါတယ်။

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့မှာဆိုရင် အရင်စံချိန်ကျိုးခဲ့တဲ့ ၁၉၉၄ ခုနှစ် ဩဂုတ် ၈ ရက်မှာ ၁၀ဒသမ၇၀ လက်မ ရှိတာကနေ နှစ်ပေါင်း ၅၈ နှစ်အကြာ ဒီနှစ် ၂၀၂၂ ခုနှစ် ဩဂုတ် ၁၇ ရက်မှာတော့ မိုးရေချိန်လက်မ ၁၉ ဒသမ ၇၆ အထိ ၊ ရန်ကုန်မြို့မှာတော့ အရင်စံချိန်ကျိုးတဲ့ ၂၀၁၉ ခုနှစ် ဩဂုတ် ၇ ရက်မှာ မိုးရေချိန်လက်မ ၅ ဒသမ ၈၇ ကနေ နှစ်ပေါင်း ၅၄ နှစ်အကြာ ဒီနှစ် ဩဂုတ် ၁၇ ရက်မှာတော့ ၆ ဒသမ ၆၉ အထိ ရောက်ရှိခဲ့တာပါ။

မိုးဇလညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက
“ မိုးက နောက် တစ်ရက် နှစ်ရက်လောက်အထိ ဆက်ရွာဦးမယ်၊ ရန်ကုန်ကတော့ လောလောဆယ်ရေကြီးနေတာပေါ့ အရှေ့ဘက်က လေပွေလှိုင်းဖြတ်တာရှိပြီး လက်ရှိလည်း လေပွေလှိုင်းက မြစ်ဝကျွန်းပေါ်မှာပဲ ဆက်ရှိနေသေးတော့ ၊ နောက်ထပ်လည်း မိုးရွာနိုင်တော့ နေ့နေ့ညည သတိထားဖို့လိုမယ်” လို့ ပြောပါတယ်။

မုတ်သုံလေအားအလွန်ကောင်းတာကြောင့် မြစ်ဝကျွန်းပေါ် ဒေသတွေဖြစ်တဲ့ ရန်ကုန်၊ ဧရာဝတီ၊ တနင်္သာရီ၊ ရခိုင်၊ ကရင်၊ မွန်ပြည်နယ်တွေသာမက ပဲခူးတိုင်းမှာလည်း မိုးကြီးခဲ့တဲ့အကြောင်း၊ မိုးရေချိန်မြင့်တက်ခဲ့တဲ့အထဲမှာ ကျောက်ဖြူ၊ ကျိုက်မရော၊ ပေါင်၊ ချောင်းဆုံ၊ ခရမ်း၊ ရေး၊ မုဒုံ၊ မော်လမြိုင်၊ ရန်ကုန်၊ သထုံ၊ ကြာအင်းဆိပ်ကြီးမြို့တွေပါဝင်တယ်လို့ မိုးဇလက ထုတ်ပြန်ထားပါတယ်။

ပုံစာ- နှစ်ပေါင်း ၅၄ နှစ်အတွင်း မိုးရေချိန်စံချိန်ကျိုးတဲ့ ရန်ကုန်

Zawgyi

ရန္ကုန္နဲ႔ ေက်ာက္ျဖဴမွာ ႏွစ္ေပါင္း ၅၀ ေက်ာ္အတြင္း မိုးေရခ်ိန္ စံခ်ိန္သစ္တင္

မိုးေလဝသနဲ႔ ဇလေဗဒၫႊန္ၾကားမႈဦးစီးဌာနကရဲ႕ ဩဂုတ္ ၁၇ ရက္ ေန႔လယ္ပိုင္း ထုတ္ျပန္ခ်က္မွာ ရခိုင္ျပည္နယ္ ေက်ာက္ျဖဴၿမိဳ႕နဲ႔ ရန္ကုန္တိုင္း ရန္ကုန္ၿမိဳ႕မွာ မိုးေရခ်ိန္ဟာ လြန္ခဲ့တဲ့ ႏွစ္ေပါင္း ၅၀ ေက်ာ္အတြင္း စံခ်ိန္အသစ္တင္တယ္လို႔ သိရပါတယ္။

ရခိုင္ျပည္နယ္ ေက်ာက္ျဖဴၿမိဳ႕မွာဆိုရင္ အရင္စံခ်ိန္က်ိဳးခဲ့တဲ့ ၁၉၉၄ ခုႏွစ္ ဩဂုတ္ ၈ ရက္မွာ ၁၀ဒသမ၇၀ လက္မ ရွိတာကေန ႏွစ္ေပါင္း ၅၈ ႏွစ္အၾကာ ဒီႏွစ္ ၂၀၂၂ ခုႏွစ္ ဩဂုတ္ ၁၇ ရက္မွာေတာ့ မိုးေရခ်ိန္လက္မ ၁၉ ဒသမ ၇၆ အထိ ၊ ရန္ကုန္ၿမိဳ႕မွာေတာ့ အရင္စံခ်ိန္က်ိဳးတဲ့ ၂၀၁၉ ခုႏွစ္ ဩဂုတ္ ၇ ရက္မွာ မိုးေရခ်ိန္လက္မ ၅ ဒသမ ၈၇ ကေန ႏွစ္ေပါင္း ၅၄ ႏွစ္အၾကာ ဒီႏွစ္ ဩဂုတ္ ၁၇ ရက္မွာေတာ့ ၆ ဒသမ ၆၉ အထိ ေရာက္ရွိခဲ့တာပါ။

မိုးဇလၫႊန္ၾကားေရးမႉးခ်ဳပ္ ဦးေက်ာ္မိုးဦးက

“ မိုးက ေနာက္ တစ္ရက္ ႏွစ္ရက္ေလာက္အထိ ဆက္႐ြာဦးမယ္၊ ရန္ကုန္ကေတာ့ ေလာေလာဆယ္ေရႀကီးေနတာေပါ့ အေရွ႕ဘက္က ေလေပြလႈိင္းျဖတ္တာရွိၿပီး လက္ရွိလည္း ေလေပြလႈိင္းက ျမစ္ဝကြၽန္းေပၚမွာပဲ ဆက္ရွိေနေသးေတာ့ ၊ ေနာက္ထပ္လည္း မိုး႐ြာႏိုင္ေတာ့ ေန႔ေန႔ညည သတိထားဖို႔လိုမယ္” လို႔ ေျပာပါတယ္။

မုတ္သုံေလအားအလြန္ေကာင္းတာေၾကာင့္ ျမစ္ဝကြၽန္းေပၚ ေဒသေတြျဖစ္တဲ့ ရန္ကုန္၊ ဧရာဝတီ၊ တနသၤာရီ၊ ရခိုင္၊ ကရင္၊ မြန္ျပည္နယ္ေတြသာမက ပဲခူးတိုင္းမွာလည္း မိုးႀကီးခဲ့တဲ့အေၾကာင္း၊ မိုးေရခ်ိန္ျမင့္တက္ခဲ့တဲ့အထဲမွာ ေက်ာက္ျဖဴ၊ က်ိဳက္မေရာ၊ ေပါင္၊ ေခ်ာင္းဆုံ၊ ခရမ္း၊ ေရး၊ မုဒုံ၊ ေမာ္လၿမိဳင္၊ ရန္ကုန္၊ သထုံ၊ ၾကာအင္းဆိပ္ႀကီးၿမိဳ႕ေတြပါဝင္တယ္လို႔ မိုးဇလက ထုတ္ျပန္ထားပါတယ္။

ပုံစာ- ႏွစ္ေပါင္း ၅၄ ႏွစ္အတြင္း မိုးေရခ်ိန္စံခ်ိန္က်ိဳးတဲ့ ရန္ကုန္