အေထြအေထြဗဟုသုတ

အဘမင်းသိင်္ခ ရဲ့ “ထီပေါက်ချင်သူတို့အတွက် ထီလမ်းညွှန်”

အဘမင်းသိင်္ခ ရဲ့ “ထီပေါက်ချင်သူတို့အတွက် ထီလမ်းညွှန်”

ထီေ ပါက်ချင်သူတို့အတွက် ထီလမ်းညွှန်”

မိတ်ဆွေတွေက ထီပေါက်ဖို့ ကံ ပါမပါ မေးလေ့ရှိကြပါတယ်။ အဘမင်းသိင်္ခ ပြောသွားဖူးတာကတော့ ထီမထိုးတဲ့သူ ပေါက်ဖို့ကံ မရှိသလောက်ပဲတဲ့။ ထီထိုးထားရင်တော့ ပေါက်ဖို့ကံ တစ်ဝက်တော့ရှိနေပြီတဲ့။ အဲဒီတော့ ထီပေါက်ကိန်းရှိဖို့အတွက်ဆိုရင် ထီထိုးဖို့ကတော့ လိုကို လိုအပ်ပြီပေါ့ခင်ဗျာ …။ ထီထိုးတဲ့သူတွေထဲမှာမှ ကံထူးတဲ့ သူက ထီပေါက်မှာပေါ့ …။ ကံထူးခြင်းမထူးခြင်းက ဒုတိယကိစ္စ၊ ထီထိုးလိုက်ဖို့ကတော့ ကိုယ့်ကိစ္စ ဖြစ်ပါတယ်။

အဲဒါကြောင့်… ဒီတစ်ပတ်အတွင်းမှာ ထီထိုးချင်ကြသော မိတ်ဆွေများအတွက် ဟောဒီလိုလေးလမ်းညွှန်လိုက်ပါတယ်ခင်ဗျာ။

တနင်္ဂနွေသားသမီးများ ထီထိုးမယ်ဆိုရင် – ရွှေဆိုင်အနီး၊ လက်ဖက်ရည်ဆိုင်အနီး၊ ကားဂိတ်အနီးနားက ထီဆိုင်တွေမှာ ၁-၂-၄-၆ ဂဏန်းပါတဲ့ထီကိုထိုးသင့်ပါတယ်။ ပြီးတော့ မြတ်စွာဘုရားမှာ ခရေ ၆ ညွန့် လှူပြီး ဆုတောင်းပါ။

တနင်္လာသားသမီးများ ထီထိုးမယ်ဆိုရင် – ဈေးအနီး၊ စက်ပစ္စည်းဆိုင်အနီး၊ ဖုန်းဆိုင်အနီးနားက ထီဆိုင်တွေမှာ ၃-၅-၈ ဂဏန်းပါတဲ့ ထီလက်မှတ်ကိုကံစမ်းသင့်ပါတယ်။ ပြီးတော့ မြတ်စွာဘုရားမှာ စံပယ် ၈ ကုံး လှူဆုတောင်းလိုက်ပါ။

အင်္ဂါသားသမီးများ ထီထိုးမယ်ဆိုရင် – ပန်းဆိုင်အနီး၊ ပွဲရုံအနီး၊ အဝတ်အထည်ဆိုင်အနီးနားက ထီဆိုင်တွေမှာ ၅-ဝ-၇ ဂဏန်းပါတဲ့ ထီလက်မှတ်ကိုဝယ်ပြီး ကံစမ်းသင့်ပါတယ်။ ပြီးတော့ မြတ်စွာဘုရားမှာ နို့ထမင်း ၁ ပန်းကန် လှူပြီးဆုတောင်းပါ။

ဗုဒ္ဓဟူးသားသမီးများ ထီးထိုးမယ်ဆိုရင် – ဘူတာရုံအနီး၊ ဓမ္မာရုံအနီး၊ ကွန်ပြူတာ၊ ကင်မရာဆိုင်အနီး ကားဂိတ်အနီး၊ အဝတ်အထည်ဆိုင်အနီးနားက ထီဆိုင်တွေမှာ ၂-၉-၇-ဝ ဂဏန်းပါတဲ့ထီကို ထီကံစမ်းသင့်ပါတယ်။ ပြီးတော့ မြတ်စွာဘုရားမှာ နန်းကြီးသုတ် ၂ ပွဲ လှူပြီးဆုတောင်းပါ။

ကြာသပတေးသားသမီးများထီထိုးမယ်ဆိုရင် – အိမ်ဆောက်ပစ္စည်းဆိုင်အနီး၊ အအေးဆိုင်အနီးသစ်သီး ဆိုင်အနီးနားက ထီဆိုင်တွေမှာ ၁-၆-၇-ဝ ဂဏန်းပါတဲ့အောင် ဘာလေထီကို ထိုးသင့်ပါတယ်။ ပြီးတော့ မြတ်စွာဘုရားမှာ အုန်းသီးပါတဲ့ပေါင်မုန့် ၆ ခု ဘုရားလှူပြီးဆုတောင်းပါ။

သောကြာသားသမီးများ ထီထိုးမယ်ဆိုရင် – သစ်ဆိုင်၊ သံဆိုင်အနီး၊ လက်ဖက်ရည်ဆိုင်အနီးနားက ထီဆိုင်တွေမှာ ၄-ဝ-၆-၃ ဂဏန်းတွေပါတဲ့ထီကို ထိုးသင့်ပါတယ်။ ပြီးတော့ မြတ်စွာဘုရားမှာ ရွက်လှ ၄ ညွန့်လှူပြီး ဆုတောင်းလိုက်ပါ။

စနေသားသမီးများ ထီထိုးမယ်ဆိုရင် – ဆန်ဆိုင်အနီး၊ စက်ဆိုင်အနီး၊ စက်ရုံအနီး၊ ဖုန်းဆိုင်အနီးနားက ထီဆိုင်တွေမှာ ၃-၅-၂-၈ ဂဏန်းပါတဲ့ထီကို ထီကံစမ်းသင့်ပါတယ်။ ပြီးတော့ မြတ်စွာဘုရားမှာ မုန့်လက် ဆောင် ၃ ခွက် ဘုရားလှူပြီး ဆုတောင်းပါ။

မိတ်ဆွေတို့၏ ကြီးပွားချမ်းသာခြင်းကို အစဉ်မျှော်လင့်လျက်…

အောင်ခင်မြင့်(တိုက်ကြီး)