ယောဂဆရာဆီ ပယောဂကုရင်း အသက် ၂၄ နှစ်အရွယ် ကောင်မလေးရဲ့ စိတ်မကောင်းစရာ ဖြစ်ရပ်
ရခိုင်ပြည် မြေပုံမြို့နယ် ရီရှင်ကျေးရွာမှ အမျိုးသမီး တစ်ဦးကို ပယောဂရှိသည်ဆိုကာ ပယောဂဆရာမှ ရိုက်နှက် ပယောဂ ချွတ်မှုကြောင့်
ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်း သတင်းများကသိရသည်။
အဆိုပါ သေဆုံးသူ အမျိုးသမီးမှာ အသက် ၂၄ နှစ်အရွယ် မခင်မျိုးသန်းဖြစ်သည်။
၎င်းမှာ ခါးကြောညှပ် အရိုး အဆစ်အမြစ် ယောင်ယမ်းသည့် ဝေဒနာကို ခံစားနေရသဖြင့်
မြေပုံမြို့နယ် မြိုင်သာယာရွာရှိ မှော်ဆရာတစ်ဦးထံ ယခုလ ပထမအပတ်က သွားရောက် ပြသခဲ့သည်။
ပထမ တစ်ကြိမ်ပြစဉ်က သက်သာသော်လည်း ရောဂါပြန်ပေါ်သဖြင့် ထမ်မံသွားပြသခဲ့ရာ
ပယောပရှိ သည်ဟုဆိုကာ ရိုက်နှက်ပြီး ပယောဂချွတ်ရာမှ ဒဏ်ရာများ ရရှိကာ စစ်တွေဆေးရုံ သို့
ယူဆောင် ဆေးကုသမှု ခံယူခဲ့ရာ ယခုလ သြဂုတ်လ ၁၂ ရက်နေ့တွင် သေဆုံးသွားခဲ့ကြောင်း သိရသည်။
သူ့ရောဂါက ခါးကြောညှပ်တယ်ဆိုပြီး အရိုး အဆစ်အမြစ်တွေ အေးတယ်ဆိုပြီး နတ်ဆရာဆီမှာ သွားပြတာ
မှော်ဆရာက ခါးကြောညှပ်တယ်ဆိုပြီး ပထမတစ်ရက် နှိပ်တော့ သက်သာတယ်။
ကိုယ့်ရွာပြန်လာပြီး ရောဂါပြန်ပေါ်လာလို့ နောက်တစ်ခေါက် သွားပြတော့ သူ့ကို နတ်ကိုင်တယ်ဆိုပြီး မနှိပ်တော့ဘူး
နတ်ချွတ် အစွဲချွတ် တယ် အဲဒီမှာ ဒဏ်ရာတွေ အများကြီး ရပြီးတော့ ဖြစ်သွားတာပါ ဟု သူမ၏ မိဘများကဆိုသည်။
အဆိုပါ နတ်ဆရာဆိုသူမှာ မြေပုံမြို့နယ် မြိုင်သာယာ ကျေးရွာတွင်နေထိုင်သူ ဖြစ်ပြီး ဆေးထိုးခြင်း နတ်ချွတ်ခြင်းတို့ကို လုပ်ကိုင်သူ ဖြစ်သည်။
လက်ရှိတွင် မခင်မျိုးသန်း သေဆုံးမှုနှင့် ရက္ခိုင့်တပ်တော် AA ၏ အုပ်ချုပ်ရေးအဖွဲ့အစည်းဖြစ်သည့်
ရက္ခိုင့်ပြည်သူ့ အာဏာပိုင် အဖွဲ့က နတ်ဆရာကို ဖမ်းဆီးထိန်းသိမ်းထားကြောင်း သိရသည်။

Credit