ငါးဖမ်းရောင်းရင်း ကျောင်းထားပေးခဲ့သော မိဘနှစ်ပါးကို စိတ်မပျက်စေရအောင် စာကိုကြိုးစားသင်ယူခဲ့ပြီး ဘွဲ့ရပြီးနောက် အလုပ်ရချိန်တွင် ပြန်၍ထောက်ပံ့ပေးခဲ့သော သမီးလိမ်မာလေး
ဖိလစ်ပိုင်နိုင်ငံ Cebuမြို့ ကျေးလက်ဒေသတွင် နေထိုင်သော အသက် ၂၀နှစ်အရွယ် မိန်းကလေးတစ်ဦးသည် ဆင်းရဲသော မိသားစုမှမွေးဖွားလာရသော်လည်း ပညာတတ်ကြီးဖြစ်အောင် ကျောင်းထားပေးသော မိဘနှစ်ပါးကို ပိုင်ဆိုင်ထားခြင်းဖြင့် ကံကောင်းလှသည်။
မိန်းကလေးဧ။် မိဘနှစ်ပါးမှာ တံငါသည်အလုပ်ကို လုပ်ကိုင်ပြီး ဖခင်ဖြစ်သူက မနက်အစောကြီးထပြီး မြစ်ထဲ ငါးဖမ်းထွက်လေ့ရှိပြီး မိခင်ဖြစ်သူက ရရှိလာသော ငါးများကို ရောင်းချခြင်းဖြင့် အသက်မွေး၀မ်းကျောင်း ပြုခဲ့ကြသည်။
ဖခင်ဖြစ်သူမှာလည်း ရာသီဥတုသာယာသောနေ့တွင် ငါးဖမ်းရတာအလုပ်ဖြစ်ပြီး မုန်တိုင်းရှိသောနေ့မှာတော့ ငါးဖမ်းထွက်မရ၍ စားဝတ်နေရေးအတွက် ပြေတလှည့်မပြေတလှည့် ဖြစ်သည့်ကြားက သမီးလေးကို ပညာတတ်ကြီးဖြစ်အောင် ကျောင်းထားပေးခဲ့သည်။
မိန်းကလေးသည်လည်း မိဘကျေးဇူးသိတတ်ကာ စာကိုကြိုးစားသင်ယူခြင်းဖြင့် အတန်းထဲတွင် အတော်ဆုံးဖြစ်ကာ နောက်ဆုံးမဟာဘွဲ့ကိုရရှိခဲ့ပြီး အလုပ်ဝင်ကာ မိသားစုကို ပြန်လည်ထောက်ပံ့ပေးခဲ့သည်။
Zawgyi
credit