24.August .2022 တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန် သိစရာများနှင့် ရရက်သားသမီး ဟောစာတမ်း အကျဉ်း
ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၄ခုနှစ်၊ ဝါခေါင်လဆုတ်(၁၃)ရက်၊ ဗုဒ္ဓဟူးနေ့ ဖြစ်ပါတယ်။ ခရစ်နှစ် ၂၀၂၂ခုနှစ်၊ဩဂုတ်လ(၂၄)ရက်နေ့လဲ ဖြစ်ပါတယ်။
ယနေ့တွင် အရာရာကို အထူးသတိရှိရမည်။ နေ့လည်(၁၂းဝ၀)နာရီမှ (၁း၃၀)နာရီအတွင်း အရာရာကို သတိနှင့် ဆောင်ရွက်လုပ်ကိုင်ပါ။ အနီကပ်လူယုံမထားရပါ။
ရှောင်သင့်တာတွေကတော့ ဒီနေ့မှာအချိုတွေလျှော့ စားပါ။ အရက်သေစာလျှော့သောက်ပါ။ ဆရာသမားတွေ အပေါ်မှာပြစ်မှားကျူးလွန်တာမျိုးမဖြစ်အောင် သတိနဲ့ထိန်းပါ။
အလုပ်နဲ့ပတ်သက်ပြီး အထက်လူကြီးကခိုင်းစေတဲ့ ကိစ္စတွေကို ငြင်းဆန်ရာကနေပြဿနာ ဖြစ်ပွား နိုင်ပါတယ်။
ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့(၂၃း၁၃)နာရီမှ (ဝဝးဝ၈)နာရီအတွင်း အတွင်း ဖြစ်ပါတယ်။
ဒီအချိန်ကာလအတွင်း မဟာ ဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာများ ရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများကြုံလာရ ပါလိမ့် မယ်။
မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုးမရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။
ဒီနေ့ဟာရက်ရာဇာကျတဲ့နေ့ရက်ဖြစ်ပေမဲ့ ရက်ကန်းဖြစ်တာကြောင့်် မင်္ဂလာယူပြီးလုပ်ရမဲ့ကိစ္စမှန်သမျှ ရှောင်နိုင်ရင် အကောင်း ဆုံး ပါပဲ။
လက်ထပ် ထိမ်းမြားခြင်း၊ စေ့စပ်ခြင်း၊ ဆောင်ရွက်လို့ မကောင်းသေးပါဘူး။ မျက်မြင် ကိုယ်တွေ့မဟုတ်ဘဲ တပါးသူပြောစကား နားဝင်ပြီးဆောင်ရွက်ပါက ဆုံးရှုံးခြင်းတွေကိုဖြစ်ပေါ်စေနိုင်ပါတယ်။
ဒီနေ့မွေး ရင်သွေးငယ်များဟာ အထွန်းဖွား၊ မေထုန်စန်း၊မနက် ၉း၁၅မိနစ်ကျော်ရင် စန်းက ကရဏဋ်ရာသီကူး ပြောင်းပြီး၊ သိဟ်ရာသီဖွားဖြစ်ပါသည်။
ဒီနေ့မွေးသူများဟာ မိဘတွေသာ ပညာအတွက် ငွေကုန်ခံပြီးကျောင်း ကောင်းကောင်းထားမယ်ဆို နိုင်ငံရပ်ခြားထိ ပညာရေးထွန်းပေါက်ပြီး ပညာတော်သင်သွားရသည်အထိ ပညာရေး အားကောင်းပါတယ်။
ငွေကြေးကံအားကောင်းပြီး အလုပ်မရှိသူတောင်ငွေပြတ်လပ်တာမရှိဘဲ ကူညီမဲ့သူတွေပေါ် လာတတ်တဲ့ဇာတာပါပဲ။ အချစ်ရေး အိမ်ထောင်ရေးအားနည်းချက်ရှိပြီး ကိုယ့်ကိုလက်ထပ်သူကလဲ ငွေကြေး တောင့်တင်းလို့ ဘဝအာမခံချက်ကြောင့် လက်ထပ်ကြတာများပါလိမ့်မယ်။
ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ မွန်းလွဲ(၁၂းဝ၈) နာရီမှ မွန်းလွဲ(၁း၄၂)နာရီအတွင်း ကျရောက် နေပါတယ်။ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ
ကတိကဝတ်ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်း ပါတယ်
ဒီနေ့မှာ ကံကောင်းသောနေ့သားများ ဗုဒ္ဓဟူး၊ ရာဟု၊ ကြာသပတေး၊ စနေ သားသမီးများပဲဖြစ်ပါတယ်
ကံညံ့သော နေ့သားများကတော့ အင်္ဂါ၊ သောကြာ သားသမီးများပဲဖြစ်ပါတယ်
ကံသင့်သောနေ့သားများကတော့ တနင်္ဂနွေ၊ တနင်္လာ သားသမီးများပဲဖြစ်ပါတယ်
ဒီနေ့မှာ မီးခိုးရောင်(သို့)ခဲရောင်၊ အနက်ရောင်နှင့် အနီရောင် များများပါသော အဝတ်အစားအသုံးအဆောင် ပစ္စည်းတွေကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံ စားနိုင်ပါလိမ့်မည်
ဒီနေ့မှာရရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၃၊ ၈)ဂဏန်း တွေပဲ ဖြစ်ပါတယ်။
ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့လက်ဖက်ရည်သောက် သွားပါ။ပိုမိုအဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။
အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ ဒူးရင်းမလိုင် ဘုရားကပ်လှူပြီး လိုရာဆုတောင်းပါ။
ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ရရက်သားသမီးများအားလုံး ကောင်း သောလိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။
ရရက်သားသမီးအတွက်တစ်နေ့တာဟောစာတမ်းအကျဉ်း
တနင်္ဂနွေ
စိတ်လက်ကြည်သာနေပါလိမ့်မယ်။ဒါကြောင့်လဲ အရေးကြီး တဲ့ကိစ္စတွေကိုအမှားအယွင်းနည်းတာ မျိုးတွေကြုံ ရတတ်ပါတယ်။ကံကောင်းနေသလို အချစ်ရေးကိစ္စတွေမှာလဲ ကြည်နူးပျော်စရာမျိုးတွေကြုံရတတ် ပါတယ်။
လုပ်ချင်တဲ့အလုပ်တွေကိုလဲ မိမိအောက်လက်ငယ်သားတွေ၊ ဝန် ထမ်းတွေကိုတိုင်ပင်ပြီး လုပ်ကိုင်သွားခြင်းဖြင့် ပိုမိုအောင်မြင်မှုတွေရလာတတ်ပါတယ်။
အလုပ်တွေကို ပေါ့ပေါ့ပါးပါး နဲ့ အောင်မြင်အောင် လုပ်နိုင်ပါလိမ့်မယ်။ လူမှုရေးပြဿနာတွေရှိခဲ့ရင်ပြေလည်အောင်ဖြေရှင်းနိုင်ပါလိမ့်မယ်။ လိုတာ ထက်ပိုပြီးတော့ အကူအညီတွေရ လွယ်ပါ တယ်။ ကျန်းမာရေးအားကောင်းမှာပါ။
တနင်္လာ
အရာရာမိမိစိတ်ကူးအတိုင်းလုပ်လေအမှားများလေပါပဲ။ တတ် နိုင်သမျှလူကြီးမိဘတွေဆီကနေ အကြံဉာဏ် ယူပါ။ လူမှုရေးပြဿနာတွေဖြစ်ရတတ်ပါတယ်။
အိမ်ထောင်ရှိလျက်နဲ့ လိုင်းပေါ်ကနေ အီစီကလီလုပ်သူများ ပြဿနာများ ရတတ်ပါတယ်။ မိဘတွေရဲ့ကျန်းမာရေးကိုဂရုစိုက် သင့်တဲ့ နေ့ရက်ပါပဲ။
ဆရာသမားတွေရဲ့ အကူအညီတောင်းမှု ကြောင့် အလုပ်ပျက်အကိုင်ပျက်ဖြစ်ရသည်ထိကြုံနိုင်ပါတယ်။ ဆိုဆုံးမခက်တဲ့သားသမီး တွေကြောင့် စိတ်ပင်ပန်းရ တာ လေးတွေဖြစ်တတ်ပါတယ်။
လှုပ်လှုပ်ရှားရှား အလုပ်တွေ ထက် အထိုင်အလုပ်တွေကပိုမိုအဆင်ပြေမှု တွေရှိပါလိမ့်မယ်။
အင်္ဂါ
ဝန်ထမ်းဆိုလုပ်ငန်းခွင်အတွင်းဖိအားတွေနဲ့လုပ်ကိုင်နေရတတ်ပါ တယ်။ အလုပ်ခွင်မှာစာရင်းစစ်ဝင်တာ ပဲ ဖြစ်ဖြစ်၊ အရေးပေါ်ကိစ္စပေါ်လာလို့ပဲဖြစ်ဖြစ် စိတ်ပန်းလူပန်းနဲ့လုပ်ကိုင်နေရ တတ်ပါတယ်။
နေရာသစ်၊အိုးအိမ် သစ်မှာ နေထိုင်တာမျိုးတွေကိုလဲ ရှောင်စေချင်ပါတယ်။ အိမ်ရောင်းဖို့ စီစဉ်ထား သူများ ဝယ်လက်နဲ့ ဆုံတွေ့ပြီး အဆင်ပြေသွားတတ်ပါတယ်။
ကျန်းမာရေးကတော့ဒီနေ့အားနည်းပါတယ်။ ဦးနှောက်အာရုံကြောအားနည်း နေတာ မျိုးတွေ့ရပါတယ်။ ခေါင်းကြည်အောင်နေထိုင်စားသောက်ပါ။ ဒီနေ့မှာ အိမ်နီး နားချင်းတွေနဲ့လဲ စကားများပြဿနာ ကြုံရတတ်ပါတယ်။
ဗုဒ္ဓဟူး၊ရာဟု
စိတ်ချမ်းသာကိုယ်ကျန်းမာရတတ်ပါတယ်။ မိဘတွေရဲ့ လိုအပ်ချက်တွေကိုလဲ ဖြည့်ဆည်းနိုင်ပါလိမ့် မယ်။အလုပ်နဲ့ ပတ်သက်ပြီးတော့လဲ အားရစရာကောင်းတဲ့ရလဒ်တွေ ကိုရရှိပါလိမ့်မယ်။ ငွေကြေးတွေကတော့ အဘက်ဘက် ကရစရာရှိတာတွေအကုန်ရတတ်ပါတယ်
ကံစမ်းမဲပေါက် တာမျိုးတွေလဲ ကြုံရတတ်ပါတယ်။ ကျက်သရေမင်္ဂလာ ရှိသောကိစ္စမှန်သမျှအချိန်ပေးဆောင်ရွက်လို့အထူးကောင်း ပါတယ်။ လူငယ်များ မိဘတွေဆီက မုန့်ဖိုးများများရ လွယ်တဲ့နေ့ရက်ပါပဲ
ချစ်သူရည်းစား ဆိုတာမျိုးလဲရလွယ်နေ တတ်ပါတယ်။ချစ် သူဆီက အဖြေပြန်တောင်းလို့ အကောင်းဆုံးနေ့ ရက်ပါပဲ
ကြာသပတေး
စိတ်ချမ်းသာစရာတွေများနေရတတ်ပါတယ်။ အလုပ်နဲ့ ပတ်သက်ပြီးတိုးတတ်နိုင်ပါတယ်။ အားနည်းချက်တစ် ခုက စာရင်းတွေလုပ်တာမျိုးတွေကိုတော့သတိထားလုပ်ပါ။
စာရင်းတွေမှားပြီးပြဿနာတတ်တာ၊စို က်လျော်ပေးရ တာမျိုးတွေဖြစ်ရတတ်ပါတယ်။ ချစ်သူရဲ့ပူဆာမှုကြောင့် ငွေထွက်ရတတ်ပါတယ်။ နယ်ဘက်သွားရောက် လုပ်ကိုင် ရတဲ့အလုပ်တွေက အားနည်းချက်တွေများနေဆဲပါပဲ။
အလုပ်ထဲမှာတော့ စိတ်နှစ်ထားတာ အကောင်းဆုံးပါပဲ။ အလုပ်များနေသလို အလုပ်စီးပွားတွေလဲ တိုးတတ် အောင်မြင်တတ်ပါတယ်။ အချစ်ရေးကံလဲကောင်း နေမဲ့ နေ့ရက်ပါပဲ။
သောကြာ
လမ်းအိုလမ်းဟောင်း အတိုင်း မလိုက်ဘဲ ဖြစ်လမ်းလိုက်လေ အမှားများလေပါပဲ။ စိတ်လိုက်မာန်ပါလုပ်ကိုင် ဆောင် ရွက်ခြင်းမျိုး ရှောင် လိုက်စေချင်ပါတယ်
တစ်ဦးတစ်ယောက်နဲ့ငြင်းခုံခြင်းမျိုးဒီနေ့မှာမလုပ်ပါနဲ့။ ငြင်းခုံရာကနေရန် ဖြစ်သည်ထိ ပြဿနာများရတတ်ပါတယ်။ အောက် လက် ငယ်သားတွေရဲ့လုပ်ဆောင်မှုအမှား တွေကို မိမိက ပြင်ဆင် လုပ်ကိုင် ပေးနေရ တတ်ပါတယ်
ကျန်းမာရေး ဂရုစိုက်အပ်တဲ့နေ့ရက်ဖြစ်တာကြောင့် သောက်နေကျ ဆေးလေးတွေ ဆောင်ထားစေချင်ပါတယ်။ အိမ်ထောင်ရေး မှာ အိမ်ထောင်ဘက်နဲ့ စိတ်သဘောထားကွဲစရာများ ကြုံရတတ်ပါတယ်
စနေ
မိမိကိုယ်တိုင်က အပြင်ပန်းကိုကြည့်ပြီးဆုံးဖြတ်နေမိ တတ်ပါတယ်။ အထဲကအနှစ်သာရကိုကြည့်နိုင်မှအ ဘက် ဘက်ကအဆင်ပြေနိုင်တာကိုတွေ့ရပါတယ်
ချင့်ချိန်တာ ၊ချိန်ဆနေတာတွေများတာကြောင့် အခွင့်အရေး ကိုလက် လွတ်ရတတ်ပါတယ်။ မူလအခြေအနေကနေပြောင်းလဲ လုပ်ကိုင်ရတဲ့ကိစ္စမှန်သမျှအဆင်ပြေဖို့ထက် ခက်ခဲဖို့ကပို များ တယ်ဆိုတာကိုသိထားစေချင်ပါတယ်
အလုပ်တွေကို လုပ်ကိုင်ရမှာလဲ မလိုအပ်တဲ့နေ့ရာတွေ မှာအားစိုက်နေ မိတတ်ပါတယ်။ အမှုအခင်းပြဿနာဖြစ်စေမဲ့ကိစ္စတွေရှောင် ပါ။ မိမိကဘက်ကမှန်နေရင်တောင် ပြဿနာကြီး အောင် မလုပ်သင့်ပါဘူး
ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)