တိုင်းနှင့်ပြည်နယ်(၁၁)ခုအတွက်မိုးဇလမှထုတ်ပြန်ပြီ(မိုးလေဝသသတင်း)
တိုင်းနှင့်ပြည်နယ်(၁၁)ခုအတွက်မိုးဇလမှထုတ်ပြန်ပြီ(မိုးလေဝသသတင်း)
နောက် ၃၆ နာရီအတွင်း မုန်တိုင်းငယ်ဖြစ်ပေါ်လာနိုင်ကာ တိုင်းနှင့်ပြည်နယ် ၁၁ ခု မိုးကြီးခြင်း လေပြင်းတိုက်ခြင်းအတွက် မိုးဇလ သတိပေးထုတ်ပြန်ထားပါတယ်။
ထုတ်ပြန်ချက်အရ ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသောဘင်္ဂလားပင်လယ်အော်အရှေ့မြောက်ပိုင်း၊ရခိုင်ကမ်းရိုးတန်းမြောက်ပိုင်းအနီးတွင်ဖြစ်ပေါ်နေသည့်လေဖိအားနည်းရပ်ဝန်းသည်အနောက်-အနောက်မြောက်ဘက်သို့ရွေ့လျားပြီး
နောက် ၁၂ နာရီအတွင်းပိုမိုအားကောင်းလာနိုင်ကာ၊အားကောင်းသောလေဖိအားနည်းရပ်ဝန်းအဖြစ်သို့ လည်းကောင်း၊နောက် ၃၆ နာရီအတွင်းမုန်တိုင်းငယ်အဖြစ်သို့လည်းကောင်းရောက်ရှိနိုင်သည်ဟု ဩဂုတ် ၁၈ ရက်နံနက်ပိုင်းတွင်မိုးဇလကထုတ်ပြန်ထားပါတယ်။
အဆိုပါလေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့်ဩဂုတ် ၁၈ ရက်(ယနေ့)နံနက်မှ ဩဂုတ် ၂၀ရက်အတွင်း နေပြည်တော်၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း ၊တနင်္သာရီတိုင်း၊ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ကရင်ပြည်နယ်နှင့်မွန် ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊
ဒေသအလိုက်နှင့်နေရာကွက်၍မိုးကြီးခြင်းများနှင့်အတူ လေပြင်းတိုက်ခတ်ခြင်းများဖြစ်ပေါ်နိုင်ပြီး မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူလေပြင်းတိုက်ခတ်ခြင်း၊လျှပ်တစ်ပြက်ရေကြီးခြင်းနှင့်မြေပြိုခြင်းစသည့်သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်သည့်အတွက် ကြိုတင်သတိပြုနိုင်ပါရန် အသိပေးနှိုးဆော်ထားပါတယ်။

တိုင္းႏွင့္ျပည္နယ္(၁၁)ခုအတြက္မိုးဇလမွထုတ္ျပန္ျပီ(မိုးေလဝသသတင္း)
တိုင္းႏွင့္ျပည္နယ္(၁၁)ခုအတြက္မိုးဇလမွထုတ္ျပန္ျပီ(မိုးေလဝသသတင္း)
ေနာက္ ၃၆ နာရီအတြင္း မုန္တိုင္းငယ္ျဖစ္ေပၚလာႏိုင္ကာ တိုင္းႏွင့္ျပည္နယ္ ၁၁ ခု မိုးႀကီးျခင္း ေလျပင္းတိုက္ျခင္းအတြက္ မိုးဇလ သတိေပးထုတ္ျပန္ထားပါတယ္။
ထုတ္ျပန္ခ်က္အရ ဘဂၤလားပင္လယ္ေအာ္အေရွ႕အလယ္ပိုင္းႏွင့္ ယင္းႏွင့္ဆက္စပ္လ်က္ရွိေသာဘဂၤလားပင္လယ္ေအာ္အေရွ႕ေျမာက္ပိုင္း၊ရခိုင္ကမ္း႐ိုးတန္းေျမာက္ပိုင္းအနီးတြင္ျဖစ္ေပၚေနသည့္ေလဖိအားနည္းရပ္ဝန္းသည္အေနာက္-အေနာက္ေျမာက္ဘက္သို႔ေ႐ြ႕လ်ားၿပီး
ေနာက္ ၁၂ နာရီအတြင္းပိုမိုအားေကာင္းလာႏိုင္ကာ၊အားေကာင္းေသာေလဖိအားနည္းရပ္ဝန္းအျဖစ္သို႔ လည္းေကာင္း၊ေနာက္ ၃၆ နာရီအတြင္းမုန္တိုင္းငယ္အျဖစ္သို႔လည္းေကာင္းေရာက္ရွိႏိုင္သည္ဟု ဩဂုတ္ ၁၈ ရက္နံနက္ပိုင္းတြင္မိုးဇလကထုတ္ျပန္ထားပါတယ္။
အဆိုပါေလဖိအားနည္းရပ္ဝန္းအရွိန္ေၾကာင့္ဩဂုတ္ ၁၈ ရက္(ယေန႔)နံနက္မွ ဩဂုတ္ ၂၀ရက္အတြင္း ေနျပည္ေတာ္၊ မႏၲေလးတိုင္း၊ မေကြးတိုင္း၊ ပဲခူးတိုင္း၊ရန္ကုန္တိုင္း၊ ဧရာဝတီတိုင္း ၊တနသၤာရီတိုင္း၊ခ်င္းျပည္နယ္၊ ရခိုင္ျပည္နယ္၊ကရင္ျပည္နယ္ႏွင့္မြန္ ျပည္နယ္တို႔တြင္ ေနရာစိပ္စိပ္မွ ေနရာအႏွံ႔အျပား မိုးထစ္ခ်ဳန္း႐ြာၿပီး၊
ေဒသအလိုက္ႏွင့္ေနရာကြက္၍မိုးႀကီးျခင္းမ်ားႏွင့္အတူ ေလျပင္းတိုက္ခတ္ျခင္းမ်ားျဖစ္ေပၚႏိုင္ၿပီး မိုးသည္းထန္စြာ႐ြာသြန္းျခင္းႏွင့္အတူေလျပင္းတိုက္ခတ္ျခင္း၊လွ်ပ္တစ္ျပက္ေရႀကီးျခင္းႏွင့္ေျမၿပိဳျခင္းစသည့္သဘာဝေဘးအႏၲရာယ္မ်ား ျဖစ္ေပၚႏိုင္သည့္အတြက္ ႀကိဳတင္သတိျပဳႏိုင္ပါရန္ အသိေပးႏႈိးေဆာ္ထားပါတယ္။



